ကျန်းမာရေးကို သေသေချာချာဂရုတစ်စိုက်ရှိသူပါ။

လူငယ်တွေနဲ့ ယှဉ်ရင်တောင် အမြဲတမ်း နုပျိုနေတတ်တဲ့ ဂရေဟမ်ရဲ့ ကျန်းမာရေးလျှို့ဝှက်ချက်တွေကို အခုုလို ပြောပြလာပါတယ်။

Photo: Graham Page

အဆိုတော်ဂရေဟမ်ရဲ့ နုပျိုမှုက လူငယ်တွေနဲ့ ယှဉ်ရင်တောင် သိပ်မခြားနားတဲ့ အရွယ်မှာ ရှိနေတယ်လို့ ထူးအောင်တို့နဲ့အတူ Tik Tok ဆော့ထားတဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ရင်း ပရိသတ်တွေက မှတ်ချက်ပေးခဲ့ပါတယ်။ အရွယ်တင်နုပျိုနေရတဲ့ လျှို့ဝှက်ချက်ကိုလည်း မီဒီယာတွေကနေတဆင့်ပြောပြထားပါတယ်။

‘’ ဘယ်လိုမှ မနေပါဘူး။ သူတို့ အမှန်ပြောတာပဲ။ စတာပါ။ အဲဒါက ပြောရရင် အရှည်ကြီးဖြစ်နေလိမ့်မယ်။ ဒီလိုပါပဲ လူက သိပ်ပြီး မဝတဲ့သဘောမှာ ရှိတာပေါ့။ ပုံမှန်အားဖြင့်ပါ သိပ်မဝတဲ့ ပုံစံမျိုးပေါ့။ အရမ်းကြီး ကျန်းမာရေးအတွက် ကစားတာမျိုးတွေတော့ မရှိပါဘူး’’ လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Graham Page

ဂရေဟမ်ဟာ အသက်အရွယ်ရလာတာနဲ့အမျှ ကျန်းမာရေးကိုလည်း ပိုဂရုစိုက်ဖြစ်တယ်လို့ ဆိုပါတယ်။ အစစအရာရာ သတိနဲ့ ဆင်ခြင်ဖြစ်တယ်လို့ Joox Music Final ရွေးချယ်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ အနေအထိုင်အစားအသောက်ဆင်ခြင်တယ်၊ ကျန်းမာရေးအတွက် လမ်းလျှောက်တာတွေလုပ်တယ်။ ယောဂဆော့ဖြစ်တယ်။ ပြီးတော့ အကြောအချဉ်လေးလျှော့ဖြစ်တာလောက်ပါပဲ။ အဓိက ကတော့ စားသတိ၊ သွားသတိပေါ့နော်။ အစစအရာရာပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Graham Page

အဲဒီနောက် ဂရေဟမ်က သူ့ကိုအားပေးနေတဲ့ ပရိသတ်တွေအတွက်ကိုလည်း ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စကားလက်ဆောင်လေးတွေ ပြောပြထားပါတယ်။ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်တဲ့ နည်းလမ်းတွေကလည်း အများကြီးရှိတယ်လို့ ဆိုပါတယ်။

‘’ လူတွေက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှရတာ အသက်ကို ဉာဏ်စောင့်ပေါ့။ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်တဲ့ နည်းတွေက အများကြီးပေါ့။ နေ့စ္စဓူဝ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှရမှာပေါ့။ လုံးဝ ပစ်စလက်ခတ်နေတာနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာနဲ့တော့ ကွာတာပေါ့။ အဓိက ကတော့ ကိုယ့်ဘာသာကိုယ် သတိရှိဖို့လိုတာပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Graham Page

ဂရေဟမ်ကတော့ တစ်ကိုယ်တော် သီချင်းအခွေတွေ အများကြီး ထွက်ရှိထားတဲ့ အနုပညာရှင်တစ်ဦးပါ။ လက်ရှိမှာတော့ သူချစ်ရတဲ့ ဇနီးနဲ့ သူချစ်ရတဲ့ သမီးလေးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။ အဲဒီနောက် ဂီတအလုပ်ကို တစ်စိုက်မတ်မတ်ဆောင်ရွက်လာတဲ့ သမီးကြီး ပန်းရောင်ခြယ် နဲ့ အတူ ဂီတဖျော်ဖြေရေးတွေ သီဆိုနေတာကို တွေ့ရပါတယ်။ 

Share

Loading Next Article...
က္က