နေရပ်ပြန်ဝန်ထမ်းတွေသတင်းအချက်အလက်အမှန်မပို့ဘဲ Quarantineဝင်ဖို့ရှောင်လွှဲရင် အရေးယူခံရမှာပါ။

မဟာ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းမှာ နေရပ်ပြန်သွားတဲ့ အစိုးရဝန်ထမ်းအားလုံး မိမိတာဝန်ကျရာနေရာကို ပြန်ရောက်လာခဲ့ရင် Quarantine ဝင်ပြီး စောင့်ကြည့်ခံရမယ်လို့ သိရပါတယ်။

အဆိုပါ ဝန်ထမ်းတွေအနေနဲ့ ချက်ချင်းတာဝန်ထမ်းဆောင်ရဦးမှာမဟုတ်ဘဲ အစိုးရက သတ်မှတ်ထားတဲ့ Facility Quarantine နေရာတွေမှာ ၂၁ ရက် အသွားအလာကန့်သတ်စောင့်ကြည်ခံရဦးမှာဖြစ်ပါတယ်။



COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက သက်ဆိုင်ရာ ရုံးဌာနတွေရဲ့ခွင့်ပြု ချက်မရရှိပဲ တာဝန်ကျရာဒေသမှ ထွက်ခွာခြင်းမပြုဖို့ ဝန်ကြီးဌာနများအားလုံးကို အသိပေးအကြောင်းထားပြီး ဖြစ်ရာမှာ ခွင့်ပြုချက်မရရှိပဲ တာဝန်ကျရာဒေသကနေ နေရပ်ကို ပြန်သွားသူတွေရှိတယ်လို့သိရပါတယ်။

“ကျွန်တော်တို့ စည်ပင်ဌာနမှာတော့ နေရပ်ပြန်ဝန်ထမ်း ၂မျိုးရှိပါတယ်။တချို့က အမိန့်ကြေညာစာ မထွက်လာခင်ပြန်သွားတာပါ၊တချို့ကတော့ အမိန့်ကြေညာစာထွက်ပြီးမှ ပြန်တာပါ။ဘယ်လိုပဲ ပြန်ပြန် ရုံးကိုပြန်ရောက်လာ ရင်တော့ အရင်ဆုံး Quarantine ၂၁ရက်ဝင်ရပါမယ်။အမိန့်ကြေညာစာထွက်ပြီးတဲ့နောက်ခွင့်ပြုချက် မရရှိပဲ ပြန် သွားခဲ့သူတွေကို စစ်ဆေးမေးမြန်းပြီး အကြောင်းပြချက် မခိုင်လုံရင်တော့ ဝန်ထမ်းဥပဒေအတိုင်းအရေးယူသွားမှာပါ။”လို့ နေပြည်တော် ဒု-မြို့တော်ဝန် ဦးရဲမင်းဦးက Duwunကိုပြောပါတယ်။

အမိန့်ကြေညာစာအရ ဝန်ထမ်းများအနေနဲ့ နေရပ်ဒေသကို အရေးကြီးကိစ္စရပ်များမှအပ ပြန်ခွင့်မရှိလို့ ပါရှိတဲ့အတွက် အကြောင်းပြချက်မခိုင်လုံပါက အပြစ်ပေးအရေးယူခံရမှာလည်း ဖြစ်ပါတယ်။

အမိန့်ကြေညာစာ မထွက်ခင် ပြန်သွားတဲ့ ဝန်ထမ်းတွေကတော့ အပြစ်ပေးခံရမှာမဟုတ်ပဲ Quarantineသာ ဝင်သွား ရမယ်လို့လည်းဦးရဲမင်းဦးက ပြောပါတယ်။ ခွင့်ပြုချက်မရပဲ နေရပ်ပြန် ဝန်ထမ်းတွေအနေနဲ့ အကြောင်းပြချက်မခိုင်လုံလို့ အပြစ်ပေးခံရမယ်ဆိုရင်လည်း အလုပ်ထိခိုက်စေလောက်အောင် ပြစ်ဒဏ်ကြီးကြီးမားမားမဟုတ်ဘဲ ရုံးတွင်းအပြစ်ပေးစနစ်အတိုင်း အကြီး၊အငယ် ကျခံရမယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က