သရုပ်ဆောင်ခင်လှိုင်က ပညာရေးမှာ ထူးချွန်လှတဲ့ သမီးငယ်လေးအတွက် ဂုဏ်ယူကျေနပ်နေတာကို တွေ့ရပါတယ်။ သူ့ရဲ့ သမီးငယ်လေး သဇင်ထူးမြင့်ဟာ Star Academy ကျောင်းကနေ ဘွဲ့ယူနိုင်ခဲ့ပါပြီ။
Photo: Thazin Htoo Myint
ဟာသ သရုပ်ဆောင် ခင်လှိုင်ကတော့ ချစ်စရာလည်းကောင်း ပညာရေးမှာလည်း ထူးခွျှန်တဲ့ သမီးငယ်လေး သဇင်ထူးမြင့်အတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ သမီးဖြစ်သူ ဘွဲ့ယူတဲ့နေ့မှာ သူ မရှိပေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
"ဖေဖေချစ်သမီးလေးသဲသဲကြိုးစားမှု့တစ်ခုအရာထင်ခဲ့ပြီဖေဖေတို့မအားလို့သမီးလေးရဲ့ဂုဏ်ယူစရာနေ့လေးကိုမရောက်နိုင်ခဲ့ဘူး။ ချစ်သမီးလေးလိုချင်သောဘဝကိုပိုင်ဆိုင်နိုင်ပါစေ အာဘွား'' ဆိုပြီးတော့ မေလ ၂၆ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ သမီးလေးရဲ့ ဖေ့စ်ဘွတ်ပေါ်က ဘွဲ့ဓာတ်ပုံကို Share လုပ်ရင်း ရင်ဖွင့်ပြောဆိုထားတာ ဖြစ်ပါတယ်။
Photo: Thazin Htoo Myint
ပရိသတ်အချစ်တော်မလေး သဇင်ထူးမြင့်ကတော့ သူမရဲ့ ပညာရေးအတွက် မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။ Star Academy ကနေ မေလ ၂၆ ရက်နေ့က ဘွဲ့ယူခဲ့ပါတယ်။
‘’ဘွဲ့တစ်ခုတော့ရခဲ့ပြီ။ ရိုက်ထားတဲ့ ပုံလေးတွေရမှ အဝတင်မယ်နော်။ ခုတော့ ဒါလေးပဲ အရင်ကြည့်နော်။ Star Academy, 29th Convocation Ceremony !!!’’ ဆိုပြီးတော့ မေလ ၂၆ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဘွဲ့ဝတ်စုံနဲ့ အမှတ်တရ ဓာတ်ပုံကိုလည်း တင်ခဲ့ပါသေးတယ်။
သဇင်ထူးမြင့်ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲက ရွှေကြိုမယ် တစ်ယောက်အဖြစ် ပရိသတ်တွေစတင်သိရှိလာခဲ့တာပါ။ အခုဆိုရင်တော့ သူမဟာ တီဗီကြော်ငြာတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ သူမရဲ့ ပုံစံလေးကတော့ အသားဖြူဖြူ၊ ဆံပင်ရှည်ရှည်၊ ပါးဖောင်းဖောင်းလေးနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။
Photo: Thazin Htoo Myint
သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်ခင်လှိုင် ရဲ့ သမီးငယ်လေးဖြစ်ပြီး သရုပ်ဆောင်နေရဲရဲ့ အချစ်ရဆုံး ညီမငယ်လေးတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ ပညာရေးဘက်ကိုပဲ အဓိကထား လုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပြီး ဘာသာစကားလေ့လာရတာကို ဝါသနာပါတယ်လို့ သိရပါတယ်။