ဘယ်လိုအချက်တွေက ယောကျ်ားပီသတာလဲ ။

ထူးအောင်ကတော့ သူကရုပ်ချောသူတစ်ယောက်မဟုတ်ပေမယ့် ယောကျ်ားပီသတဲ့သူပါတဲ့။ သူကိုယ်တိုင် ခံယူထားတဲ့ ယောကျ်ားပီသတဲ့ အချက်တွေထဲမှာတော့ ရုပ်ချောတာမပါဘူးလို့ဆိုပါတယ်။

Photo: Bling Bling



ထူးအောင် တစ်ယောက် သူ့ကို ကောင်မလေးတွေ ဘာကြောင့် ကြွေနေမှန်းကို တကယ်မသိပါဘူးတဲ့။ သူကိုယ်တိုင်က ချောတဲ့သူမဟုတ်ပေမယ့် ယောကျ်ားပီသတဲ့သူပါလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

‘’ ကျွန်တော်က ချောတဲ့အထဲမပါတော့လေ ယောကျ်ားပီသတဲ့အထဲမှာပဲပါတယ်။ ကျွန်တော်မြင်တဲ့ ယောကျ်ားပီသတယ်ဆိုတာ သူ့ရဲ့ ရုပ်ရည်နဲ့မဆိုင်ဘူး Personality နဲ့ ဆိုင်တယ်။ ဥပမာ အမျိုးသမီးတစ်ယောက်ကို သူဘယ်လို ဆက်ဆံထားလဲ၊ ယောကျ်ားလေးတစ်ယောက်ကို ဆက်ဆံတာ၊ အကြီးတွေအပေါ် ဆက်ဆံတာ၊ မိတ်ဆွေအပေါ်ဆက်ဆံတာ၊ လူကြီးသူမတွေကို ဆက်ဆံတာ သူ့ရဲ့ အမူအယာကိုကြည့်ပြီး ယောကျ်ားပီသတာကို ခွဲခြားတယ်လို့ ကျွန်တော်ထင်တယ်’’ဆိုပြီးတော့ သြဂုတ်လ ၁ ရက်နေ့က ‘’စစ်ကားရုပ်ရှင် ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Bling Bling

သူကိုယ်တိုင် ခံယူထားတဲ့ ယောကျ်ားပီသတဲ့ အချက်တွေထဲမှာတော့ ရုပ်ရှည်ချောမောတာ မပါဘူးလို့ ထူးအောင်က ပြောပါတယ်။

‘’ရုပ်ရည်အသွင်အပြင်တွေကျတော့ ရေရှည်မဟုတ်ဘူးလေ။ ခဏလေးနဲ့ ပြောင်းလဲနိုင်တယ်။ ကျွန်တော်တို့ရဲ့ ဒီမျက်နှာကြီးက လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ပြန်ကြည့်မယ်ဆိုရင်တောင်

အိုလာပြီ။ ဟာ..ငါတော်တော်အသက်ကြီးလာပြီပေါ့နော်။ ဒါကြောင့် Personality နဲ့ ကြည့်ပြီးဆုံးဖြတ်တာ ပိုအဆင်ပြေတယ်’’ လို့ ဆိုပါတယ်။

Photo: Htoo Aung

လက်ရှိမှာလည်း ထူးအောင်က အချစ်ရေးနဲ့ပတ်သက်ပြီး ချစ်သူ မထားသေးဘူးလို့ဆိုပါတယ်။ အရင်တုန်းက ချစ်သူတွေက သူ့ကို ထားခဲ့လို့ပါတဲ့။

‘’ အရင်တုန်းက ရည်းစားတွေကတော့ မကောင်းပါဘူးဗျာ။ သူတို့က ကိုယ့်ကို ထားခဲ့တဲ့လူတွေပဲ များတာဆိုတော့ ဘာကြောင့်ထားခဲ့တာမှန်းကိုလည်း မသိဘူး။ လိုက်မေးမှပဲ သိလိမ့်မယ်။ ကိုယ့်ထက် ချောတဲ့ လှတဲ့ လူတွေ့လို့ ပါသွားတာပေါ့လေ။ အဲဒီလိုပဲဗျာ မိန်းမတွေ မကောင်းဘူး။ စတာပါ ကျွန်တော် မိန်းမတွေကို အရမ်းချစ်ပါတယ်’’ ဆိုပြီးတော့ နောက်ပြောင်ပြောပြခဲ့ပါသေးတယ်။

Photo: Htoo Aung

Model လောကမှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာတဲ့ ထူးအောင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးလာရတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ နောက်ထပ်လည်း လက်ခံထားတဲ့ ဇာတ်ကားတွေအများကြီးရှိသေးတယ် လို့ သိရပါတယ်။ အခုဆိုရင်တော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က