မကြာခင်မှာ အိမ်ထောင်သက်တမ်း ၄ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။

ဆုပန်ထွာနဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်တို့ဟာ အိမ်ထောင်သက်တမ်း ၄ နှစ်အတွင်းမှာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြလာပါတယ်။ ကိုဥက္ကာကျော်ကလည်း ဇနီးချောလေး ဆုပန်ထွာကြောင့် ပြောင်းလဲသွားတဲ့အရာတွေ အများကြီးပါပဲတဲ့။

Photo: ဥက္ကာကျော်

ကိုဥက္ကာကျော်နဲ့ သရုပ်ဆောင် ဆုပန်ထွာတို့ ဇနီးမောင်နှံဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ဆိုရင် အိမ်ထောင်သက်တမ်း ၄ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒီ ၄ နှစ်အတွင်းမှာလည်း ဝေဖန်တိုက်ခိုက်မှုတွေကြားမှာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံကို ဆုပန်ထွာရဲ့ခင်ပွန်း ကိုဥက္ကာကျော်က မီဒီယာတွေကေ နတဆင့်ေ ပြာပြလာပါတယ်။

‘’ မသိတဲ့သူတွေ ပြောတာကို အစ်ကိုတို့ တတ်နိုင်သလောက်၊ အတတ်နိုင်ဆုံး စွမ်းအားရှိသလောက် ပြောပြတယ်။ အစ်ကို့ကို နားလည်တဲ့သူကတော့ ယုံမှာပဲ။ နားမလည်ဘူး ပြောချင်တယ်ဟေ့ ဆိုရင်လည်း ဘယ်လိုပဲ ရှင်းပြ၊ ရှင်းပြ ဆဲနေမှာပဲ။ မြင်တွေ့နေရတာကတော့ အစ်ကိုတို့ပဲ မဟုတ်ပါဘူး။ မီဒီယာပေါ်တက်လာတဲ့ အနုပညာသမားတိုင်းလည်း အပြောခံနေရတာဆိုတော့ အထွေအထူးတော့ မပြောတော့ပါဘူး’’ လို့ သူကဆိုပါတယ်။

Photo: Edward

ဇနီးချောလေး ဆုပန်ထွာကြောင့် အရမ်းဆိုးသွမ်းတဲ့ လူတစ်ယောက်အဖြစ်ကနေ လူကောင်းတစ်ယောက်ဘဝကို ပြောင်းလဲလာခဲ့တယ်လို့လည်း ကိုဥက္ကာကျော်က ပြောပါတယ်။

‘’ ပြောင်းလဲသွားတဲ့ အချက်တွေကတော့ အများကြီးပေါ့လေ။ အရင်တုန်းကဆိုရင် အမေရိကားမှာ ရှိခဲ့တဲ့အတွက်ကြောင့် တော်တော်များများ ဆိုးသွမ်းတဲ့ လူဆိုးတွေနဲ့လည်း ပေါင်းခဲ့ဖူးတယ်။ ဂိုဏ်းထဲမှာလည်း Member တစ်ယောက်ဖြစ်ခဲ့တယ်။ ဒါတွေအားလုံးပြောင်းပြီးတော့ ဆံပင်ထားတာကအစ။ ပြောင်းလဲသွားတာတွေကတော့ အများကြီးပဲ။ အများကြီးလည်း သည်းခံသလို၊ အများကြီးလည်း နေတတ်သွားပါတယ်’’ လို့ ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းက ရွှေပိုင်လေးရဲ့ မွေးနေ့အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: ဥက္ကာကျော်

ကိုဥက္ကာကျော်ဟာ အမေရိကားမှာ နေတာကြာတဲ့သူ ဖြစ်တာကြောင့် ဇနီးဖြစ်သူ ဆုပန်ထွာနဲ့ အိမ်ထောင်ပြုပြီးတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ နေထိုင်မှုပုံစံတွေကို သိပ်နားမလည်ခဲ့သူ တစ်ယောက်ပါ။ အခုဆိုရင်တော့ ဇနီးချောလေးကြောင့် အစစအရာရာ သဘောပေါက်၊ နားလည်ခဲ့ပြီလို့ ဆိုပါတယ်။

‘’သူက အမြဲတမ်း အစ်ကို့ကို ထိန်းထားတဲ့အတွက်ကြောင့်မို့လို့ ကြာတော့လည်း အစ်ကိုက ဒီမှာနေရင် ဘယ်လိုနေရမယ်ဆိုတာ သဘောပေါက်လာတယ်။ အပေါ်ယံတွေကို ဂရုမစိုက်ပဲ နေတတ်လာပါတယ်’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ ဇနီးမောင်နှံဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က အမေရိကန်နိုင်ငံ Santa Monica ကမ်းခြေမှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ်အတွက်မှာ သားလေး Roar Roar Kyaw လေးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေကြပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က