အခက်အခဲ မှန်သမျှ ကိုလည်း အတူတူရင်ဆိုင်ခဲ့ကြတယ်။

ဆုပန်ထွာနဲ့ ခိုင်နှင်းဝေတို့ အနုပညာ သူငယ်ချင်းနှစ်ယောက်ရဲ့ ၁၀ နှစ်တာခရီး အတူတူ ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့ အကြုံတွေကို ဆုပန်ထွာက ပြောပြထားပါတယ်။ ပရိသတ်တွေက နာမည်မှားခေါ်ရလောက်တဲ့အထိ ရင်းရင်းနှီးနှီး ရှိခဲ့ကြတယ်လို့လည်း သူမက ဆိုပါတယ်။

Photo: ဆုပန်ထွာ Fb



ဆုပန်ထွာက သရုပ်ဆောင် ခိုင်နှင်းဝေနဲ့အတူ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က အနုပညာအလုပ်တွေ အတူတူလုပ်၊ အတူတူ ဖြတ်သန်းခဲ့ကြတဲ့ အကြောင်းတွေကို အမှတ်တရ ပြန်ပြောပြလာပါတယ်။

‘’ငယ်ငယ်ကပုံလေး သူငယ်ချင်းခိုင်နှင်းဝေကပြတဲ့အခါ ပီတိလေးနဲ့ဓါတ်ပုံဟောင်းလေးကြည့်ရင်း.. ပြန်မရနိုင်တော့တဲ့အထဲမှာ ငယ်ရွယ်စဉ်ကနုပျိုမှူတွေပါတယ်။ မိဘတွေရဲ့လက်အောက်မှာ ကိုယ်ဝါသနာပါရာ အနုပညာအလုပ်တွေလုပ်ရင်း ပေါ့ပါးစွာ ဖြတ်သန်းခဲ့ကြဖူးတယ်။ အရင်ကလည်း အနုပညာညီအစ်မတွေကြိုးစားကြရသလို၊ အခုထိလည်း အရာရာမှ ာနှစ်ယောက်လုံးကြိုးစားနေရတုန်းပဲ။ သူ့အခက်အခဲ ကိုယ့်အခက်အခဲတွေရင်ဖွင့်ဖူးကြသလို၊ ပျော်စရာတွေကြုံကြရတဲ့အခါ တဝါးဝါးတဟားဟားနဲ့ ဟန်ဆောင်မှုမရှိ ပြိုင်တူခွီခဲ့ကြဖူးတယ်’’ လို့ ဆိုပါတယ်။

Photo: ဆုပန်ထွာ Fb

တစ်ယောက်နဲ့တစ်ယောက် အမြဲတစ်တွဲတွဲ တွေ့ရတတ်လွန်းလို့ ပရိသတ်တွေက နာမည်တွေတောင် မှားခေါ်ခဲ့ကြဖူးတယ်လို့ ဆိုပါတယ်။ ဆုပန်ထွာနဲ့ ခိုင်နှင်းဝေတို့ဟာ တစ်ယောက်ကိုတစ်ယောက် အားငယ်ချိန်တွေတိုင်းမှာလည်း သူငယ်ချင်း တစ်ယောက်အဖြစ် အမြဲတမ်း အားပေးစကားပြောဖြစ်ခဲ့ကြတယ်လို့ ဇန်နဝါရီလ ၂၇ ရက်နေ့ည ၈ နာရီ ၄၂ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

‘’ကိုယ့်ကို မခိုင်နှင်းဝေလို့ခေါ်ပြီး၊ ခိုင်နှင်းဝေကို မဆုပန်ထွာ လို့မှားခေါ်ကြကြောင်း ခဏခဏတွေ့တာနဲ့ နှစ်ယောက်သားပြောခဲ့ကြဖူးတယ်။ နှစ်ယောက်သား သူ့ဘဝနဲ့သူ ကိုယ့်ဘဝနဲ့ကိုယ် ဆိုပေမယ့်၊ တစ်ခါကသူငိုတဲ့အချိန် ကိုယ်ပါမျက်ရည်ကျရင်း၊ ဆုံးဖြတ်ချက်မှားပြီးချမိမှာစိုးရိမ်ရင်း အားပေးခဲ့ဘူးတယ်။ ငယ်ငယ်က ကားရိုက်ဆုံရင် သူလုပ်တဲ့အိုင်တင်လေးတွေကိုယ်ကငေးရင်း သူ့မျက်နှာကျလေးနဲ့ပါးချိုင့်လေးကို ကြိုက်ခဲ့ဖူးတယ်’’ လို့ သူကဆိုပါတယ်။

Photo: ဆုပန်ထွာ Fb

အဲဒီနောက် ဆုပန်ထွာက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ရိုက်ထားတဲ့ ဓာတ်ပုံနဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့က UMFCCI မှာ ကျင်းပပြုလုပ်တဲ့ ကျန်းမာရေး ဆွေးနွေးပွဲကို တက်ရောက်ရင်း နှစ်ယောက် အတူတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးကို ကြည့်ရင်း ပြောင်းလဲလာမှုတွေအပေါ် အခုလို ပြောပြခဲ့ပါသေးတယ်။

‘’ခုချိန် ဒီနေ့ရိုက်တဲ့ပုံလေးနဲ့ယှဉ်ကြည့်မိတော့ နှစ်ယောက်သား တည်ငြိမ်မှူတွေ၊ ရင့်ကျက်မှူတွေ၊ ၁၀ စုနှစ်ကျော် အနုပညာလောကမှာတွေ့ကြုံဖြတ်သန်းရမှူတွေ၊ ဘဝရဲ့အခက်အခဲ အဆိုးအကောင်းမှန်သမျှ လောကဓံမှန်သမျှ အရာရာရဲရဲရင်ဆိုင်ရင်း တူတူရှေ့ဆက်ကြပါစို့ သူငယ်ချင်း’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားပါတယ်။

Photo: ခိုင်နှင်းဝေ Fb

ဆုပန်ထွာနဲ့ ခိုင်နှင်းဝေ တို့ အနုပညာသူငယ်ချင်း နှစ်ဦးကို လွန်ခဲ့တဲ့ ၁၀ စုနှစ်အကျော်ကတည်းက ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ ကနေတဆင့် ပရိသတ်တွေ အားပေးလာကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆုပန်ထွာဟာ မိသားစုကိုလည်း အချိန်ပေးဖြစ်နေသလို အနုပညာအလုပ်တွေလည်း လုပ်နေရသူဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ ပရဟိတအကျိုးတွေ သယ်ပိုးရင်း အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာကို တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က