စာရေးဆရာမကြီး ခင်ခင်ထူးရဲ့ ဝတ္ထုကို ရိုက်မှာပါ။

ခန့်စည်သူ၊ အောင်ရေချမ်း၊ ထွန်းအိန္ဒြာဗို နဲ့ ခိုင်သင်းကြည် တို့ပါဝင်တဲ့ ‘’ ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင် ဇာတ်လမ်းတွဲ ကို ဇွန်လ အတွင်းမှာ ရိုက်ကူးတော့မှာပါ။ ဒါကတော့ ဆရာမကြီး ခင်ခင်ထူးရဲ့ အောင်မြင်ခဲ့တဲ့ ဝတ္ထုကို ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

‘’ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်ဆင်’’ရုပ်သံဇာတ်လမ်းတွဲကို မေလ ၃၀ ရက်နေ့က ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အောင်မြေမှာ ကျင်းပခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ စာရေးဆရာမကြီး ခင်ခင်ထူးရဲ့ ဝတ္ထုကို ရိုက်ကူးပုံဖော်သွားမယ့် ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်မယ့် ခန့်စည်သူရဲ့ ခံစားချက်ကိုလည်း အခုုလို ကြားသိခွင့်ရခဲ့ပါတယ်။ ရုပ်ရှင်အဖြစ် ရိုက်ကူးတာမဟုတ်ပဲ ဇာတ်လမ်းတွဲ ရိုက်ဖြစ်လိုက်ရတဲ့ အကြောင်းအရင်းကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ ဒီဇာတ်လမ်းလေးကို ဖတ်ကတည်းကိုက စိတ်ထဲမှာ စွဲစွဲလမ်းလမ်းဖြစ်တယ်။ ဆရာမကြီးရဲ့ ဝတ္ထုကို အချိန် ၂ နာရီအတွင်းမှာ ဆရာမကြီး ပြောချင်တဲ့စကားတွေ၊ ပြချင်တဲ့အရုပ်တွေ၊ သိစေချင်တဲ့ စိတ်ထားလေးတွေကို ပြည့်ပြည့်စုံစုံ မတင်ပြနိုင်မှာ စိုးရိမ်တဲ့အတွက် Forever Group နဲ့ ပူးတွဲပြီး အပိုင်း ၄၀ အထိ ရိုက်ကူးဖို့ စဉ်းစားထားတာပါ’’ ဆိုပြီးတော့ ခန့်စည်သူက ပြောပါတယ်။

အဲဒီနောက် ခိုင်သင်းကြည်ကလည်း သူမရဲ့ ဇာတ်ကောင်၊ ပါဝင်ကြမယ့် သရုပ်ဆောင်တိုင်းရဲ့ ဇာတ်ကောင် ပီပြင်ဖို့အတွက်ကိုလည်း ကြိုတင်ပြင်ဆင်ထားရတာတွေရှိတယ်လို့ ဆိုပါတယ်။

‘’ ဝတ္ထုကလည်း အရမ်းကောင်းခဲ့တယ်။ ဦးဇော်မြင့်ဦးရဲ့ ဇာတ်ညွှန်းကလည်း အရမ်းကောင်းပြီးသား ဆိုတော့ ကိုယ်ပါဝင်ရမယ့် ကာရိုက်တာအတွက် ကြိုးစားရမှာပါ။ အဝတ်အစား၊ မိတ်ဆက်၊ ဆံပင်၊ မျက်တောင်တုတွေကအစပေါ့’’ ဆိုပြီးတော့ ခိုင်သင်းကြည်ကလည်း ‘’ူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင် ဇာတ်လမ်းတွဲ’’ ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

 

’ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်ဆင်’’ရုပ်သံဇာတ်လမ်းတွဲ ထဲမှာ သရုပ်ဆောင် ခန့်စည်သူ၊ အောင်ရေချမ်း၊ ထွန်းအိန္ဒြာဗို နဲ့ ခိုင်သင်းကြည် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဇွန်လ အတွင်းမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒါရိုက်တာကတော့ အကယ်ဒမီ ဦးဇော်မြင့်ဦး ဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုလည်း သူကိုယ်တိုင်ပဲ ရေးဖွဲ့ထားတာပါ။

Share

Loading Next Article...
က္က