OnePlus 7 Pro ထက် ထက်ဝက်နီးပါး ဈေးသက်သာမယ့်ဖုန်းပါ

Xiaomi ကတော့ notchless screen နဲ့ထူးခြားတဲ့ high-end ဖုန်းမော်ဒယ်သစ်တစ်မျိုးကို မေလ ၂၈ ရက်နေ့မှာ မိတ်ဆက်သွားဖို့ရှိပါတယ်။         

         Redmi K20 / K20 Pro တို့ကို မိတ်ဆက်မယ့်ရက်မတိုင်မှာ ပုံမှန်အတိုင်း သတင်းပေါက်ကြားမှုတွေ ထွက်လာခဲ့ပြီး ဒီသတင်းတွေထဲမှာ Redmi K20 Pro ရဲ့ ဈေးနှုန်းများလည်း ပါဝင်နေပါတယ်။ တရုတ်လူမှုကွန်ရက် Weibo ပေါ် တက်လာတဲ့ အချက်အလက်တွေအရ Redmi K20 Pro ရဲ့ မော်ဒယ် ၃ မျိုး ၊ ဈေး ၃ မျိုးအကြောင်း သိလာတာ ဖြစ်ပါတယ်။

Photo: gsmarena

         Weibo ပေါ်တင်ထားတဲ့ အချက်အလက်တွေသာ မှန်ခဲ့မယ်ဆိုရင် Redmi K20 Pro ရဲ့ အနိမ့်ဆုံးဗားရှင်း RAM 6GB+64GB storage မော်ဒယ်ဟာ ၂၅၉၉ ယွမ် ( မြန်မာငွေ ၅ သိန်း ၇ သောင်းခန့်) ၊ RAM 6GB/128GB storage မော်ဒယ်ကို ၂၇၉၉ ယွမ် ( မြန်မာငွေ ၆ သိန်း ၂ သောင်းခန့်) နဲ့အမြင့်ဆုံး ဗားရှင်း RAM 8GB+128GB storage ကို ၂၉၉၉ ယွမ် ( မြန်မာငွေ ၆ သိန်း ၇ သောင်းခန့်) ဈေးတွေနဲ့ရောင်းချသွားဖို့ရှိပါတယ်။

         Xiaomi ဟာ OnePlus 7 Pro နဲ့ယှဉ်နိုင်ဖို့အတွက် Redmi K20 Pro ကို မိတ်ဆက်လိုက်တာ ဖြစ်ပြီး pop-up ဆယ်လ်ဖီကင်မရာ ၊ သတ္တမမျိုးဆက် in-display လက်ဗွေစနစ် နဲ့Game Turbo 2.0 စနစ်တို့ပါဝင်ဖို့ရှိပါတယ်။ OnePlus 7 Pro ဟာ အနိမ့်ဆုံးမော်ဒယ်ကို ၆၉၉ ဒေါ်လာ ( မြန်မာငွေ ၁၀ သိန်းကျော်) နဲ့အတူ အမြင့်ဆုံး RAM 12GB/256GB storage ကို ဒေါ်လာ ၇၅၀ ( မြန်မာငွေ ၁၁ သိန်းခွဲ ) ဈေးနဲ့ရောင်းချဖို့ကြေညာထားတာပါ။

Photo: Inside-Handy

         Redmi K20 Pro ဟာ 27W charging ပါမယ့် 4000 mAh ဘက်ထရီ ၊ 48MP main ကင်မရာ ပါတဲ့ triple lens ကင်မရာစနစ်ကို သုံးသွားဖို့လည်း ရှိပါတယ်။ Gizmochina သတင်းမှာတော့ Redmi K20 Pro မှာ သုံးထားတဲ့ ကင်မရာ သုံးလုံးထဲမှာ ultra-wide ကင်မရာတစ်လုံး နဲ့အနီးအဝေး ဖမ်းယူနိုင်မယ့် Tele lens တစ်ခု ပါလာမယ်လို့ဆိုပါတယ်။ နောက်ထပ် ထူးခြားတာက Xiaomi Mi 9 မှာ ပါတဲ့ slow-mo ကို 960fps နှုန်းနဲ့ရိုက်နိုင်တဲ့ စနစ်ကို Redmi K20 Pro မှာ သုံးသွားမယ်လို့လည်း သတင်းထွက်ထားပါတယ်။

         လောလောဆယ် ပေါက်ကြားလာတဲ့ အရောင်တွေထဲမှာ ရောင်ပြေး အနီကာလာ နဲ့အပြာရောင်ကာလာတို့လည်း ပါဝင်နေပါတယ်။ နောက်ထပ်ပါရှိမယ့် feature တစ်ခုကတော့ တည်နေရာကို ခြေရာခံရာမှာ ပိုမိုတိကျမြန်ဆန်လာမယ့် Dual Band GPS စနစ်ပဲ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က