ဈေးသက်သာတဲ့ 5G ဖုန်းတွေ မြင်ရတော့မှာပါ

ပဉ္စမမျိုးဆက် 5G ကွန်ရက်ရတဲ့ အလတ်တန်းစား စမတ်ဖုန်းတွေမှာပါ မြင်ရဖို့သေချာနေပါပြီ။


ဒီတစ်ပတ်ထဲမှာပဲ Xiaomi ရဲ့ sub brand တစ်ခု ဖြစ်တဲ့ Redmi ရဲ့ ဒုဥက္ကဌ လုဝေဘင်းဟာ သူ့ရဲ့ Weibo စာမျက်နှာမှာ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ Redmi K30 မှာ 5G support ပေးလာမယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Redmi စီးရီး mid-range ဖုန်းတစ်လုံးမှာ ပထမဆုံးအကြိမ် 5G သုံးနိုင်မယ့် သဘောပါ။

Photo: gizmochina

Redmi K30 မှာ 5G ပါမယ်လို့ကြေညာချက် ထွက်လာပြီး မကြာခင်မှာပဲ Honor ဥက္ကဌ ဇောင်မင်ကလည်း အသစ်ထွက်လာမယ့် Honor V30 ဟာ Honor ဖုန်းတွေထဲမှာ ပထမဆုံး 5G ရတဲ့ ဖုန်းဖြစ်မယ်လို့ဆိုပါတယ်။ Honor V30 ဟာ flagship 5G ဖုန်းတွေလိုပဲ 5G SA ရော NSA ကွန်ရက်ပါ ရမယ့် ဖုန်းဖြစ်တယ်လို့ပါ ပြောထားပါတယ်။

Redmi K30 ရော Honor V30 ဟာ upper mid-range ဖုန်းတွေအဖြစ် မြင်ရဖို့ရှိပါတယ်။ အချက်အလက်အနေနဲ့များများစားစားမသိရသေးပေမယ့် Redmi K30 ဟာ Redmi K20 လိုပဲ full-screen ဒီဇိုင်းနဲ့လာပြီး notch နဲ့punch-hole အစား pop-up selfie ကင်မရာသုံးမယ့် ဖုန်းအဖြစ် မြင်ရဖို့ရှိပါတယ်။

AMOLED display နဲ့in-display လက်ဗွေနည်းပညာကို သုံးသွားဖို့ရှိပြီး ကင်မရာကိုတော့ quad-rear ကင်မရာလေးလုံးစပ်စနစ်ကို သုံးဖို့ရှိပါတယ်။ ဘက်ထရီပါဝါဟာ 4000 mAh နဲ့အထက် ဖြစ်ဖို့များပြီးprocessor ကိုတော့ 5G ကွန်ရက်ချိတ်ဆက်နိုင်မယ့် X50 modem ပါ Snapdragon 855 Plus processor နဲ့လာမယ်လို့သတင်းထွက်ထားပါတယ်။

Honor View 20 (Photo: ferra)


Honor ရဲ့ ပထမဆုံး 5G ဖုန်းဖြစ်လာမယ့် Honor V30 ဟာ မကြာသေးခင်က မိတ်ဆက်လိုက်တဲ့ Huawei ရဲ့ 5G processor သစ် Kirin 990 SoC ကို သုံးသွားမယ်လို့ယူဆရပါတယ်။ တစ်ခြားအချက်အလက်တွေအနေနဲ့သတင်းတွေ ထွက်မလာသေးပါဘူး။

Xiaomi ဟာ Redmi series နဲ့အတူ လာမယ့်နှစ်မှာ အများဆုံး ယွမ် ၂ ထောင် ( မြန်မာငွေ ၄ သိန်းခွဲခန့်) ပဲ ရှိမယ့် 5G ဖုန်းတွေ မိတ်ဆက်မယ်လို့ကြေညာထားပါတယ်။ 5G SIM နဲ့4G SIM ကို တစ်ပြိုင်နက်တည်း သုံးနိုင်မယ့် 5G ဖုန်းတွေကို upper mid-range ဖုန်းတွေမှာ အလတ်တန်း အမြင့်ဈေးနဲ့ဝယ်ယူနိုင်ဖို့ကတော့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က