ဒီနေ့(စက်တင်ဘာ၆ရက်)ဟာ သရုပ်ဆောင် ရွှေမှုံရတီနဲ့ ရွှေထူးတို့နဲ့ Anniversary လေးပါတဲ့။ ရွှေမှုံရတီရဲ့ ဖေ့စ်ဘွတ်မှာ လည်း ရွှေထူးနဲ့ နှစ်ယောက်တွဲ ဓာတ်ပုံလေးတွေကို တင်ရင်း Happy Anniversary လို့ ပြောထားသလို ရွှေထူးကလည်း သူ့ရဲ့ အင်စတာဂရမ်မှာ "Happy Anniversary ပါစာကလေး" ဆိုတဲ့ စာသားလေးနဲ့အတူ အချစ်ကို အဓိပ္ပါယ် ဖွင့်ဆိုထားတာ တွေ့ရပါတယ်။
Photo : ရွှေမှုံရတီ FB
ဒီနေ့(စက်တင်ဘာ၆ရက်)ဟာ သရုပ်ဆောင် ရွှေမှုံရတီနဲ့ ရွှေထူးတို့နဲ့ Anniversary လေးပါတဲ့။ ရွှေမှုံရတီရဲ့ ဖေ့စ်ဘွတ်မှာလည်း ရွှေထူးနဲ့ နှစ်ယောက်တွဲ ဓာတ်ပုံလေးတွေကို တင်ရင်း Happy Anniversary လို့ ပြောထားသလို ရွှေထူးကလည်း သူ့ရဲ့ အင်စတာဂရမ်မှာ "Happy Anniversary ပါစာကလေး" ဆိုတဲ့ စာသားလေးနဲ့အတူ အချစ်ကို အဓိပ္ပါယ် ဖွင့်ဆိုထားတာ တွေ့ရပါတယ်။
Photo : ရွှေမှုံရတီ FB
သိပ်ချစ်နေကြတဲ့ ရွှေထူးနဲ့ ရွှေမှုံတို့ စုံတွဲ
အချစ်က ထူးဆန်းတယ်လို့ ရွှေထူးက ဆိုပါတယ်။
"သူပျော်ရင်ကျွန်တော်ပျော်တယ် ။ သူစိတ်ညစ်ရင်ကျွန်တော်စိတ်ညစ်တယ် ။ကျွန်တော်အဖြူစင်ဆုံးရိုးသားစွာသူမကိုပြောပြချင်တယ် ။ချစ်တယ်။ အရမ်းချစ်မိသွားတယ် ။အချစ်ကထူးဆန်းတယ် သူပစ်သွားမယ်ဆိုလည်းချစ်တယ်။ သူမချစ်တော့လည်းချစ်မယ် ။အဲ့တာ ကျွန်တော့်ရဲ့အချစ်ပဲ ကျွန်တော်အတွက်ဘာမှမလိုဘူးသူပျော်ရွှင်နေဖို့ပဲလိုတယ်။သူပြုံးလိုက်ရင်ကျွန်တော်စိတ်ချမ်းသာတယ် Happy Anniversaryပါစာကလေး"ဆိုပြီး ရွှေထူးရဲ့ အင်စတာဂရမ်မှာ စက်တင်ဘာ(၆)ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
Photo : ရွှေမှုံရတီ FB
သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး သရုပ်ဆောင်ခဲ့တာ ဖြစ်သလို အဲ့ဒီဇာတ်ကားရိုက်ကူးရင်းနဲ့ သူတို့နှစ်ယောက် ကြိုက်သွားခဲ့တာ ဖြစ်ပါတယ်။
အသက် ၁၃ နှစ်အရွယ်နဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာတဲ့ ရွှေမှုန်ရတီဟာ ငယ်ရွယ်သေးပေမဲ့ အရမ်းကို ရင့်ကျက်တဲ့ မိန်းကလေး တစ်ယောက်ပါ။ထူးခြားတဲ့ ဟန်ပန်၊ ဆန်းသစ်တဲ့ ဝတ်ဆင်မှုတွေကြောင့် ဝေဖန်မှုများစွာ ခံရပေမဲ့ ကိုယ်လုပ်စရာရှိတာကို ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သူလည်း ဖြစ်ပါတယ်။
Photo : ရွှေမှုံရတီ FB
အနုပညာပျိုးခင်း (၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်က တည်းက သရုပ်ဆောင်ကောင်းသူအဖြစ် နာမည်ရလာသူဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။