ကာရိုက်တာတွေကိုလည်း မိတ်ဆက်ပြောပြလာပါတယ်။

ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ တတိယမြောက်ရုပ်ရှင်ဇာတ်ကားမှာ ဒေါင်း၊ အိန္ဒြာကျော်ဇင်နဲ့ ဝင်းခန့်မိုးတို့က ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ သူတို့ရဲ့ ဇာတ်ကောင်တွေကိုလည်း ထူးပိုင်ဇော်ဦးက မိတ်ဆက်ပြောပြထားပါတယ်။



Photo: Htoo Paing Zaw Oo

ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးမယ့် ‘’လရဲ့အောက်ဘက် မိုင်အဝေးမှာ’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင်ဒေါင်း၊ အိန္ဒြာကျော်ဇင်နဲ့ ဝင်းခန့်မိုးတို့က ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်ကြမယ့် အနုပညာရှင်တွေရဲ့ ဇာတ်ကောင်တွေကိုလည်း ထူးပိုင်ဇော်ဦးက အခုလို မိတ်ဆက်ပြောပြခဲ့ပါတယ်။

‘’အလင်းသစ် မဂ္ဂဇင်းအယ်ဒီတာ၊ ဆယ်ကျော်သက်အရွယ် သား ၂ ယောက် ကို single mother အနေနဲ့ ပြုစုပျိုးထောင်နေတဲ့ ထက်မြက်သော မိခင် ဒေါ်ခင်သန့်စင်အဖြစ် အိန္ဒြာကျော်ဇင်! ချစ်သောအယ်ဒီတာ၊ အနှိုင်းမဲ့ ရုပ်သံဇာတ်လမ်းတွေကို TV မှာ ကြည့်ဖူးကတည်းက ခုချိန်ထိ ချစ်ခင်အားပေးခဲ့ရတဲ့ မအူဝဲနဲ့ ပထမဆုံး အတူတကွ အနုပညာဖန်တီးပုံဖော်ရမှာမို့ ပျော်ရွှင်ရင်ခုန်နေပါတယ်’’ ဆိုပြီးတော့ အိန္ဒြာကျော်ဇင်ရဲ့ ကာရိုက်တာကို ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။

Photo: Htoo Paing Zaw Oo

အဲဒီနောက် နေရောင်ခန့် ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်မယ့် ဒေါင်းရဲ့ကာရိုက်တာကိုလည်း ထူးပိုင်ဇော်ဦးက ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မိတ်ဆက်ပြောပြခဲ့ပါတယ်။

‘’လရဲ့အောက်ဘက် မိုင်အဝေးမှာ" ဝတ္ထု ကို ရုပ်ရှင်အဖြစ်ရိုက်ကူးဖို့ ဆရာမဂျူးနဲ့ သဘောတူညီချက်ရခဲ့တဲ့ အချိန်ကတည်းက နေရောင်ခန့် ဇာတ်ကောင်နေရာကို " ဒေါင်း " တစ်ယောက်တည်းကိုပဲ မြင်ယောင်ထားတာ။ အခုတော့ ကျတော်တို့ တကယ်ကို အတူတကွ ပုံဖော်ဖန်တီးဖို့ ဖြစ်လာပါပြီ။ နေရောင်ခန့် အဖြစ် DAUNG - ဒေါင်း’’ ဆိုပြီးတော့ ပြောပြထားတာပါ။

Photo: Htoo Paing Zaw Oo

နာက်ထပ် ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်အသစ်လေးကတော့ ဝင်းခန့်မိုးဖြစ်ပါတယ်။ သူကတော့ ဝါရင့်သရုပ်ဆောင်ကြီး အကယ်ဒမီချိုပြုံးရဲ့ မြေးဖြစ်ပါတယ်။ ‘’လရဲ့အောက်ဘက် မိုင်အဝေးမှာ ‘’ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း သူပါဝင်သရုပ်ဆောင်ရမယ့် ကာရိုက်တာကို ဒါရိုက်တာ ထူးပိုင်ဇော်ဦးက အခုလိုပြောပြခဲ့ပါတယ်။

"မေမေနဲ့ ကိုကို သားအိမ်မှာ မနေချင်လို့ ထွက်သွားပြီ။ သားကိုလိုက်မရှာပါနဲ့တော့ ဒီပါ "ဒီပါ အဖြစ် ဝင်းခန့်မိုး’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညက သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo: Htoo Paing Zaw Oo

ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ တတိယမြောက်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ‘’လရဲ့အောက်ဘက် မိုင်အဝေးမှာ’’ ဆိုတဲ့ ရုပ်ရှင်ဟာ စာရေးဆရာမဂျူးရဲ့ ဝတ္ထုကို ပုံဖော်ရိုက်ကူးသွားမယ့် ရုပ်ရှင်ကားဖြစ်ပါတယ်။ သူ့ကိုတော့ ‘’ည’’ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ပုံဖော်သူအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ အဲ့ဒီနောက် ‘’သူစိမ်းအိမ်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း သရုပ်ဆောင် လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်၊ ဖွေးဖွေး တို့နဲ့ ရိုက်ကူးထားပါသေးတယ်။ 

Share

Loading Next Article...
က္က