၂၀၂၀ ခုနှစ်မှာ ပြည့်မှာပါ။

ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲတော်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းနဲ့အတူ နောက်ထပ် အနုပညာရှင်များစွာတို့ကလည်း ကြိုတင်ဆောင်ရွက်သွားမယ့် အခန်းကဏ္ဍတွေကို ဆွေးနွေးခဲ့ကြတာ တွေ့ရပါတယ်။

မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲတော်အတွက် အနုပညာလောကသားများနဲ့အတူ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေနဲ့ ပထမအကြိမ် အကြံဉာဏ်များရယူခြင်း အခမ်းအနားကို မေလ ၁၈ ရက်နေ့က Sky Star Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးဖေမြင့်နဲ့တကွ အနုပညာရှင်များစွာ တက်ရောက်လာခဲ့ကြပါတယ်။



ရုပ်ရှင်နှစ် ၁၀၀ ပြည့်ပွဲတော် မတိုင်ခင် အမှတ်တရ ဖြစ်အောင် ပြိုင်ပွဲတွေလည်း ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးဇင်ဝိုင်းက ပြောပါတယ်။

‘’ခေတ်အဆက်ဆက်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရုပ်ရှင်ရက်သတ္တပတ်ပေါ့နော်။ ရုပ်ရှင်ရုံတွေမှာ တစ်နေ့ကို ၄ ပွဲနှုန်းနဲ့ ၄ ကားကို ပြဖို့ပေါ့နော်။ နှစ် ၁၀၀ ပြည့် Logo ပြိုင်ပွဲတွေရှိမယ်၊ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် သီချင်းပြိုင်ပွဲတွေရှိမယ်။ နှစ် ၁၀၀ပြည့် ဇာတ်လမ်းတို ပြိုင်ပွဲတွေလည်း လုပ်မယ်။ ဒါတွေကို လုပ်ငန်းကော်မတီတွေပေါ်လာတော့မှ ဆောင်ရွက်ရမှာဖြစ်ပါတယ်’’ လို့ ဆိုပါတယ်။

အဲဒီနောက် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ပြည့်ပွဲတော် မတိုင်ခင် ပရိသတ်တွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ အလှူလုပ်သွားမယ်လို့လည်း ခန့်စည်သူက ပါဝင်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

‘’ကျွန်တော်တို့ အလွှာဘက်ကတော့ ရှေ့နှစ် April ကနေစပြီးတော့ တစ်လတစ်ခါပေါ့နော်။ မြန်မာ့ရုပ်ရှင်ကို နှစ် ၁၀၀ တိတိ အားပေးခဲ့တဲ့ ပရိသတ်တွေအတွက် ကျွန်တော်တို့ဘက်က တက်နိုင်သလောက် ကျေးဇူးဆပ်မယ်၊ အလှူလေး လုပ်ပေးမယ့် အစီအစဉ်လေးပါ’’ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် ပထမအကြိမ် အကြံဉာဏ်များရယူခြင်း အခမ်းအနားမှာ ဖြေဆိုခဲ့တာပါ။

မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲတော်မှာ လူငယ်တွေရဲ့ အခန်းကဏ္ဍကလည်း အများကြီး အရေးပါတယ်လို့ ဝါရင့်သရုပ်ဆောင်ကြီးများရဲ့ တင်ပြချက်အပေါ် ဒါရိုက်တာဏကြီးက သူ့ရဲ့ ခံစားချက်ကို အခုလို ပြောပြလာပါသေးတယ်။

‘’ ဒီနေ့ အစည်းအဝေးပွဲမှာတော့ လူငယ်တွေကို အားကိုးဖို့၊ လူငယ်တွေနဲ့ အလုပ်လုပ်ဖို့ဆိုပြီးတော့ လူကြီးတွေက ပြောကြတယ်။ သူတို့အမြင်မှာတော့ လူငယ်တွေက အသိအမှတ်ပြုမခံရဘူးဆိုတဲ့ အတွေးတွေရှိလိမ့်မယ်။ ကျွန်တော်ကတော့ ကျွန်တော်တို့လို လူငယ်တွေကို နေရာပေးဖို့ စေတနာရှိတာ ဝမ်းလည်း ဝမ်းသာတယ်ပေါ့နော်’’ လို့ သူကဆိုပါတယ်။

မြန်မာ့ရုပ်ရှင် ကို ၁၉၂၀ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် အောက်တိုဘာလ အတွင်းမှာ နှစ် ၁၀၀ ပြည့်မှာဖြစ်ပါတယ်။ ဒီပွဲမှာတော့ အနုပညာရှင်များအနေနဲ့ ခမ်းခမ်းနားနား သိုက်သိုက်မြိုက်မြိုက် ကျင်းပသွားမယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က