ရုပ်ရှင်၊ဂီတ၊ သတင်းစာပညာရှင် သက်ကြီးဘိုးဘွားများအတွက် အလှူငွေများ လှူဒါန်းခြင်း အခမ်းအနားကို ဒီနေ့(အောက်တို ဘာ ၃ရက်)က ရန်ကုန်မြို့၊ ဝင်္ဂဘာလမ်းထဲမှာ ရှိတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အောက်တိုဘာ(၃) ရက်နေ့က ပြုလုပ်တဲ့ အလှူငွေပေးအပ်ပွဲ
ရုပ်ရှင်၊ဂီတ၊ သတင်းစာပညာရှင် သက်ကြီးဘိုးဘွားများအတွက် အလှူငွေများ လှူဒါန်းခြင်း အခမ်းအနားကို ဒီနေ့(အောက်တိုဘာ၃ရက်)က ရန်ကုန်မြို့၊ ဝင်္ဂဘာလမ်းထဲမှာ ရှိတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပညာရှင်၊ ကျေးဇူးရှင် သက်ကြီး ဘိုးဘွားများ၊ မိဘများ အတွက် အနုပညာရှင်များနဲ့ အပြင်မှ အလှူများစုပေါင်း ဖွဲ့စည်းထားတဲ့ မေတ္တာသင်္ဂဟ အဖွဲ့မှ သိန်း(၄၀) လှူဒါန်းခဲ့ပါတယ်။
အောက်တိုဘာ(၃) ရက်နေ့က ပြုလုပ်တဲ့ အလှူငွေပေးအပ်ပွဲ
ရုပ်ရှင်နေ့နဲ့ သက်ကြီးပူဇော်ပွဲ ကျင်းပနေတဲ့ ပုံရိပ်များ
လှူဒါန်းမှုနဲ့ ပတ်သက်ပြီး မေတ္တာသင်္ဂဟအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်က ယခုလို ပြောပြခဲ့ပါတယ်။
"ကျွန်မတို့ မေတ္တာသင်္ဂဟအဖွဲ့ ရုပ်ရှင်၊ဂီတနဲ့ စာပေက သက်ကြီးတွေအတွက် အလှူငွေ လှူဒါန်းဖြစ်တာပါ။ ကျွန်မတို့ တိုင်းပြည်မှာက လှူစရာနေရာတွေကတော့ အများကြီးပါပဲ။ ဦးစားပေး လှူဖို့ လိုအပ်တဲ့အရာတွေကို ဦးစားပေး ပါတယ်။ ရေဘေး ဖြစ်နေရင် ရေဘေးအရင် ဦးစားပေးတာပေ့ါနော်။ အခုဟာက ရုပ်ရှင်သက်ကြီးပူဇော်ပွဲနဲ့နီးတော့ ဒီတစ်ခေါက် ဒီကို လှူဖြစ်တာပါ။" လို့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်က ပြောပြခဲ့ပါတယ်။
အောက်တိုဘာ(၃) ရက်နေ့က ပြုလုပ်တဲ့ အလှူငွေပေးအပ်ပွဲ
မကြာခင်မှာ ကျရောက်တော့မယ့် မြန်မာနိုင်ငံ ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် မေတ္တာသင်္ဂဟအဖွဲ့မှ ငွေကျပ်သိန်း(၂၀)၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး သက်ကြီး ပူဇော်ပွဲအတွက ်ငွေကျပ်(၁၀) သိန်းနဲ့ မြန်မာနိုင်ငံ သတင်းစာပညာရှင်များ သက်ကြီးပူဇော်ပွဲအတွက် (၁၀)သိန်းတို့ ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
မေတ္တာသင်္ဂဟအဖွဲ့ ၂၀၁၁ခုနှစ် မေလ(၇)ရက်နေ့မှာစတင်ဖွဲ့စည်းတည်ထောင်ပြီး (၆၇)ကြိမ်မြောက်ထိ အလှူငွေစုစုပေါင်း (၂၇၉၈)သိန်း လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် အောက်တိုဘာ(၁၃)က ပြုလုပ်ခဲ့တဲ့ သက်ကြီးပူဇော်ပွဲ
နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို အောက်တိုဘာ(၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အောက်တိုဘာ(၁၃) ရက်နေ့ဟာ မြန်မာ့ရုပ်ရှင်နေ့လည်း ဖြစ်တာကြောင့် (၅၅) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ထိုနေ့တွင် ကျင်းပမှာ ဖြစ်ပါတယ်။
ထိုနေ့ဟာ မြန်မာ့ ရုပ်ရှင်လောကအတွက် အရေးပါတဲ့ နေ့တစ်နေ့ဆိုလည်း မမှားပါဘူး။ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်း ပြုလုပ် လျက်ရှိသလို ၂၀၁၇ ခုနှစ်ကလည်း မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို အနုပညာလောကသားများနဲ့ စည်းကား သိုက်မြိုက် စွာ ကျင်းပနိုင်ခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင်နေ့နဲ့အတူ သက်ကြီးပူဇော်ပွဲလည်း ကျင်းပပြုလုပ်ခဲ့သလို နိဗ္ဗာန်ဈေးပွဲတော်ကိုပါ ပြုလုပ်ခဲ့ ပါသေးတယ်။