ဇာတ်ညွှန်းဖတ်ပေးနေပါတယ်။

သဇင်ထူးမြင့်ကိုတော့ ရုပ်ရှင်ရိုက်ဖို့ လာကမ်းလှမ်းတာတွေရှိတယ်လို့ ဖခင်ဖြစ်သူ ဦးခင်လှိုင်က ပြောပါတယ်။ ဒါပေမယ့် ပညာရေးကို ဆုံးခန်းတိုင်အောင် လေ့လာရမယ်လို့လည်း သူကဆိုပါတယ်။

Photo: Thazin Htoo Myint



သရုပ်ဆောင် ခင်လှိုင်ကတော့ သမီးဖြစ်သူ သဇင်ထူးမြင့် ရဲ့ အနုပညာလမ်းကြောင်းအပေါ် သူ့ရဲ့ သုံးသပ်ချက်ကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။ အခုလည်း သမီးလေးကို လာကမ်းလှမ်းထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဇာတ်ညွှန်းဖတ်ပေးနေတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ အခုကကျတော့ ကိုယ်လည်း ကိုယ့်အလုပ်နဲ့ကိုယ်၊ သူလည်း သူ့အလုပ်နဲ့ သူဆိုတော့ လွတ်လပ်မှုပေးတာတော့ မဟုတ်ဘူးပေါ့နော်။ သူလည်း အနုပညာလမ်းကြောင်းပေါ် လျှောက်နေပြီဆိုတော့ တစ်ချိန်လုံး အနောက်ကနေပြီးတော့ လျှောက်လိုက်နေရင်လည်း အဆင်မပြေဘူးလေ။ မအေကတော့ လိုက်ရမှာပေါ့နော်။ ၆ လပိုင်းထဲမှာ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းထားတာတော့ရှိတယ်။ သမီး အတွက်ပေါ့။ အစ်ကို မပါဘူး သူ့အတွက် ဇာတ်ညွှန်းဖတ်ပေးနေတယ်။ အဆင်ပြေရင်တော့ ရိုက်ဖြစ်မှာပါ’’ လို့ ဇွန်လ ၃ ရက်နေ့က Lady Boy ရုပ်ရှင် Press Show မှာ ဖြေဆိုခဲ့တာပါ။

Photo: Thazin Htoo Myint

အဲဒီနောက် မကြာသေးခင်က Star Academy ကျောင်းကနေ ဘွဲ့ယူခဲ့တဲ့ သမီးငယ်အကြောင်းကိုလည်း ပြောပြလာပါတယ်။ စင်ကာပူမှာလည်း ကျောင်းထားပေးဖို့ရှိတယ်လို့ ဆိုပါတယ်။

‘’ သူက Star Academy ကျောင်းမှာ သူက Hotel Management တက်တာ အခုက မြန်မာနိုင်ငံမှာရတာပေါ့နော်။ ပြီးရင်လည်း စင်ကာပူမှာ ထပ်ရဦးမှာ။ အခုလက်ရှိမှာတော့ သူ့မှာ ရိုက်ကူးရေးတွေ လက်ခံထားတဲ့အတွက် ဒီနှစ်တော့ စင်ကာပူမှာ ကျောင်းတက်ဖို့ အဆင်မပြေသေးဘူး။ ပြီးတော့ ဒဂုံတက္ကသိုလ်မှာလည်း တတိယနှစ်တက်နေတုန်းဆိုတော့ ဒီမှာ ဘွဲ့ရပြီးတော့မှ ဟိုမှာ ကျောင်းဆက်တက်မယ်လို့ပြောတယ်’’ လို့ သူကဆိုပါတယ်။

Photo: Thazin Htoo Myint

သရုပ်ဆောင်ခင်လှိုင်မှာတော့ သား ၂ ယောက်၊ သမီး ၁ ယောက်ရှိပါတယ်။ သားအကြီးဆုံးကတော့ အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရှိနေပါပြီ။ သားငယ် နေရဲ ကတော့ အနုပညာအလုပ်တွေ လုပ်နေတာ တွေ့ရပါတယ်။ သမီး အငယ်ဆုံးလေး သဇင်ထူးမြင့်ကလည်း ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲ မှာ ရွှေကြိုမယ် တစ်ယောက်အဖြစ် ပါဝင်ခဲ့ရမှ အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီဖြစ်ပါတယ်။

သရုပ်ဆောင် ခင်လှိုင်ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော်ကို ရောက်ရှိလို့လာပါပြီ။ သူ့ကိုတော့ ဟာသသရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ အခုလက်ရှိအချိန်အထိ ပရိသတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်လျက်ရှိနေတဲ့ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က