နေတိုး၊ လွှမ်းပိုင် တို့နဲ့ ရိုက်ကူးသွားမှာပါ။

နီနီခင်ဇော်က သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်သွားမယ့် ‘’အိပ်မက်ကာရံ’’ ဆိုတဲ့ ဇာတ်ကားအတွက် ယုံကြည်ချက်တွေ အပြည့်အဝရှိနေပြီလို့ဆိုပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကိုလည်း သူမကိုယ်တိုင် ရေးသားထားတာပါ။

photo: Ni Ni Khin Zaw



နီနီခင်ဇော်က မကြာခင်မှာ နေတိုး၊ လွှမ်းပိုင်တို့နဲ့ အတူတူ ‘’အိပ်မက်ကာရံ ဆိုတဲ့ရုပ်ရှင်ကားကြီးကို ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့အသေးစိပ်ကိုတော့ နီနီခင်ဇော်ကိုယ်တိုင် ရေးသားထားတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ နီနီတို့ အနုပညာအလုပ်တွေဆိုတာ အကုန်လုံး စုပေါင်းပြီးမှ လုပ်ရတဲ့အလုပ်ပါ။ တစ်ယောက်တည်း လုပ်တာမျိုးလည်း မဟုတ်ပါဘူး။ ဇာတ်ညွှန်းရေးခဲ့တဲ့ သူတွေရော၊ သီချင်းတွေ ပုံဖော်တဲ့သူတွေရော အကုန်လုံး ပူးပေါင်းပြီး လုပ်ကြတာဖြစ်တဲ့အတွက် တစ်ယောက်တည်းလုပ်တယ်လို့ မပြောချင်ပါဘူး။ စလုံးရေ စ ကတော့ နီနီက လုပ်ခဲ့တယ်။ အဲဒါကတော့ နောက်နှစ်မှလုပ်မယ့် Project ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေကလုပ်နေပါပြီ’’လို့ သူကဆိုပါတယ်။

photo: Ni Ni Khin Zaw

ဒီ ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့လည်း သူမရဲ့ မျှော်လင့်ချက်လေးတွေကို အခုလို ပြောပြလာခဲ့ပြန်ပါတယ်။ ကိုယ်တိုင် ဇာတ်ညွှန်းရေးသားထားသူဖြစ်တာကြောင့်လည်း ဇာတ်လမ်းရဲ့ ပုံစံကိုတော့ နောကြေနေပြီလို့ နီနီခင်ဇော်က ပြောပါတယ်။

‘’ သိပ်အများကြီးတော့ စိုးရိမ်မှု မရှိဘူး။ ဒီဇာတ်လမ်းကို ကိုယ်တိုင် စခဲ့ရတဲ့ အရာလေးဖြစ်တဲ့အတွက် အစအဆုံးကို နောကြေနေပြီ။ နီနီတို့လုပ်မယ့် အလုပ်က ဒရာမာဇာတ်လည်းမဟုတ်ဘူး၊ ပြီးတော့ ပုံမှန်ရိုက်နေကြလူလည်း မဟုတ်ဘူး၊ မင်းသမီး အလုပ်လည်း မဟုတ်ဘူးပေါ့နော်။ မင်းသမီးအလုပ် အတိအကျကြီး မဟုတ်တဲ့အတွက် နီနီတို့ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၂၆ ရက်နေ့ညက Wine ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

photo: Ni Ni Khin Zaw

နီနီခင်ဇော်က ဂီတ နဲ့ ပတ်သက်ပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ‘’အိပ်မက်ကာရံ’’ ဇာတ်ကားရိုက်ကူးရေးကတော့ သူမအတွက် အတွေ့အကြုံတွေ အများကြီးရမယ့် ဇာတ်ကားပါလို့ ဆိုပါတယ်။

‘’ အတွေ့အကြုံအများကြီးရမှာပါ။ ဒါက ဂီတဘက်နဲ့ သရုပ်ဆောင်ဘက် နှစ်ဖက်ဆိုတော့ အတွေ့အကြုံတွေ ဖလှယ်ကြရင်းနဲ့ အတွေ့အကြုံတွေ အများကြီးရမယ်လို့ မျှော်လင့်ပါတယ်။ ဒါကတော့ အလုပ်လုပ်ကြည့်တော့မှ ဘယ်လို အတွေ့အကြုံတွေရမလဲ သိရမှာပေါ့နော်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ နေရာယူထားကြတဲ့ သရုပ်ဆောင် အသီးသီးကို အပြည့်အဝ ယုံကြည်ထားပါတယ်’’ လို့ သူကဆိုပါတယ်။


နီနီခင်ဇော်ဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ် ယောက်ဖြစ်လို့နေပါပြီ။ ဂီတအလုပ်တွေမှာလည်း အောင်မြင်မှုရရှိထားသလိုသူ့ရဲ့ ကိုယ်ပိုင် အလှကုန်ပစ္စည်းဖြစ်တဲ့ Super Red ကလည်း အောင်မြင်လျက်ရှိပါတယ်။ အဲဒီနောက် လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် သူမရဲ့ Single Song တွေကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီသီချင်းတွေဟာ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေလည်း အများ ကြီးပိုင်ဆိုင်ခဲ့ပါတယ်။ သူမရဲ့ လက်ရှိအနုပညာလှုပ်ရှားမှု အနေနဲ့ ‘’The Voice Myanmar’’ သီချင်းဆိုပြိုင်ပွဲကြီးမှာ အကဲဖြတ်ဒိုင် တစ်ဦးအဖြစ်ပါဝင်နေသူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က