Golden Hour Production နဲ့ ရိုက်ကူးမယ်လို့သိရပါတယ်။

ဖွေးရုပ်ရှင်ကို လွမ်းနေတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုပါ။ ဖွေးဖွေးက မကြာခင်မှာ ရုပ်ရှင်ပြန်ရိုက်တော့မှာ ဖြစ်ပါတယ်။

Photo : ဖွေးဖွေး



ဇွန်လစပိုင်းက စပြီး ကြော်ငြာတွေ ပြန်ရိုက်လာတဲ့ ဖွေးဖွေးက မကြာခင်မှာ ရုပ်ရှင်ဇာတ်ကားကြီး ပြန်ရိုက်တော့မှာ ဖြစ်ပါတယ်။  Golden Hour Production က ထုတ်လုပ်ပြီး ဒါရိုက်တာ အောင်မြတ်နဲ့ရိုက်ကူးမယ်လို့ သိရပါတယ်။ မင်းသားကိုတော့ ဘယ်သူတွေလဲဆိုတာ သေချာပြောထားတာ မတွေ့ရသေးပါဘူး။

ဖွေးဖွေးကတော့ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဒါရိုက်တာ အောင်မြတ်၊ Golden Hour Production က ကိုကောင်းကျော်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံလေးကို တင်ပြီး ကျွန်မဖွေးစိန်ဆိုပြီး ရေးထားတာတွေ့ရပါတယ်။

ရုပ်ရှင်ပြန်ရိုက်တော့မယ့် ဖွေးဖွေးအတွက် ပရိသတ်တွေလည်း ပျော်လို့နေပါတယ်။ဖွေးဖွေးက လက်ရှိမှာ Gym တွေလည်း ပြန်ဆော့ဖြစ်နေသလို ခန္ဓာကိုယ် ထိန်းသိမ်းမှုတွေ ပြန်လုပ်နေပါပြီ။ ဖွေးဖွေးဟာ ဂီတကိုဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူပါ။ သူမကိုတော့တီဗီကြော်ငြာတွေကနေတဆင့်လူသိများခဲ့ကြတာဖြစ်ပါတယ်။ သူများနဲ့ မတူတဲ့ ဖက်ရှင်အပြင်အဆင်တွေကြောင့်လည်း ပိုသတိ ထားမိစေခဲ့ပါတယ်။ဖွေဖွေးက ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

Photo : ဖွေးဖွေး

ဖွေးဖွေးဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က