ရုပ်ရှင်ဇာတ်ကားကောင်းတွေကိုမှ ကြည့်ရှုချင်ကြတဲ့ ပရိသတ်တွေအတွက် Cookie TV Mobile Application လေး ထွက်ပေါ်လာပါပြီ။ ဒီ Mobile Applicationရဲ့ ထူးခြားမှုတွေကိုလည်း မိတ်ဆက်ပွဲမှာ ပြောသွားခဲ့ပါတယ်။
ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ကြည့်ရှုခံစားချင်တဲ့ ပရိသတ်တွေအတွက် Cookie TV ဆိုတဲ့ Mobile Application ထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒီ Application ကိုတော့ ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လည်ပိုင်း နိုဗိုတယ် ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကို သရုပ်ဆောင် ဇင်ဝိုင်း၊ ဇဏ်ခီ၊ အဆိုတော် အနဂ္ဂနဲ့သံသာဝင်း၊ အဆိုတော် သားစိုး၊ သရုပ်ဆောင် ဇဏ်ခီ၊ သရုပ်ဆောင် ထွန်းထွန်း၊ ဒါရိုက်တာ အောင်မြတ်၊ သရုပ်ဆောင် မိုးယံဇွန်၊ အဆိုတော် နီနီခင်ဇော်နဲ့ သရုပ်ဆောင် ပြည့်ဖူးခိုင်တို့ တက်ရောက်ခဲ့ကြပါတယ်။
Cookie TV Mobile Application မှာ '' Pay Par Movie '' နဲ့ '' Movie Album'' ဆိုတဲ့ ပုံစံနှစ်မျိုးပါဝင်တယ်လို့ သိရပါတယ်။ ဒ့ါအပြင် ဇာတ်ကားကောင်းတွေကို လက်မလွှတ်တမ်း ကြည့်ရနိုင်ဖို့အတွက်လည်း '' Catch-up'' နည်းပညာကို အသုံးပြုထားတယ်လို့ Cookie TV ရဲ့ Marketing Director ကိုဝိုင်းချစ်အောင်က Duwun Media ကို ပြောပါတယ်။
'' ကျွန်တော်တို့ ဇာတ်ကားတွေကို အမြဲတမ်း Update ဖြစ်အောင် ကြိုးစားနေပါတယ်။ ငွေပေးချေမှုစနစ်တွေကိုလည်း Online Banking နဲ့လည်း ပေးလို့ရပါတယ်။ Online Payment တွေ ကြိုက်နှစ်သက်ရာနဲ့ ပေးချေလို့ရပါတယ်။ ဒီ့ထက် ပိုကောင်းဖို့ အတွက်လည်း စီစဉ်နေပါတယ်'' လို့ Cookie TV မိတ်ဆက်ပွဲမှာ ပြောခဲ့တာပါ။
Cookie TV Mobile Application မှာ Hollwood ရဲ့ နာမည်ကျော် ရုပ်ရှင် Studio တွေ ဖြစ်တဲ့ Disney ၊ Warner bros ၊ NBC Universal ၊ 20th Century Fox ၊ Paramount ၊ Sony ၊ lionsgate တို့က ရုပ်ရှင်ဇာတ်ကားတွေအပြင် နာမည်ကျော် Channel လိုင်းတွေ ဖြစ်တဲ့ HBO ၊ Warner TV ၊ Fox Sports ၊ Dream Works နဲ့ National Geographic Channel အစရှိတဲ့ ရုပ်သံကုမ္မဏီ တွေရဲ့ တိုက်ရိုက် အစီအစဉ်တွေကိုလည်း ကြည့်ရှုနိုင်မယ်လို့ ကိုဝိုင်းချစ်အောင်က ဆက်လက်ပြောပြခဲ့ပါသေးတယ်။
Cookie TV Mobile Application ဇာတ်ကားကောင်းတွေကို အားပေးကြည့်ရှုနိုင်ဖို့ လစဉ်ကြေးပေးသွင်းရမှာဖြစ်ပါတယ်။ ဒီ Application ကနေ ကိုရီယားဇာတ်ကားကောင်းတွေ၊ Hollywood ဇာတ်ကားကောင်းတွေ၊ အင်္ဂလိပ်ဇာတ်ကားကောင်းတွေအပြင် သုတ၊ ရသ ခံစားမှု အစုံအလင်ပါဝင်တဲ့ နိုင်ငံတကာဇာတ်ကားတွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။