ထပ်မရိုက်တော့တာ မဟုတ်ပါဘူး။

မိုးစက်ဝိုင်ကတော့ နောက်ထပ် ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ သူဟာ ‘’ပက်ပက်စက်စက်ညှို့’’ရုပ်ရှင်ဇာတ်ကားကြီးကနေပြီးတော့ အတွေ့အကြုံတွေရရှိထားတယ်လို့ ဆိုပါတယ်။

Photo: Moe Set Wine



ပရိသတ်တွေရဲ့ အချစ်တော်မလေး မိုးစက်ဝိုင်က ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားထပ်ရိုက်ဖို့ရှိတယ်လို့ ဆိုပါတယ်။ ဘာဇာတ်ကားလေးဖြစ်မလဲဆိုတာကိုတော့ သူမက လျှို့ဝှက်ထားတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ဆက်မရိုက်တာရယ်လို့တော့ မဟုတ်ဘူး။ မိုးစက်အနေနဲ့ကလည်း နဂိုကတည်းက အဲဒီလောက် မရိုက်ဖြစ်တော့ဘူးပေ့ါနော်။ ဒါပေမယ့် အခုရိုက်မယ့် ဇာတ်ကားတစ်ကားရိုက်ဖို့ရှိပါတယ်။ အဲဒီဇာတ်ကားလေးကိုလည်း အားပေးကြပါလို့။ 7 Sense နဲ့ပဲရိုက်မှာပါ။ ဒါပေမယ့် ဘာဇာတ်ကားလေးလည်း ဆိုတာတော့ ပြောပြလို့မရဘူး’’ လို့ သူကဆိုပါတယ်။

Photo: Moe Set Wine

သူမဟာ ပက်ပက်စက်စက်ညှို့ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့သူပါတယ်။ နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ သူမရဲ့ သရုပ်ဆောင်မှုတွေ တိုးတက်လာဖို့ရှိတယ်လို့ KER RESIDENCE & KER RENDEZVOUS Opening Ceremony ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

‘’သရုပ်ဆောင် အရည်အချင်းက နည်းနည်းလေးတော့ တိုးတက်လာမယ်လို့ထင်တယ်။ အရင်တုန်းက တစ်ခါမှ သရုပ်မဆောင်ဖူးဘူးလေ။ ကင်မရာထောင်လိုက်ရင် ဘယ်လို သရုပ်ဆောင်ရမလဲဆိုတာ မသိဘူးလေ။ ဒါပေမယ့် ပက်ပက်စက်စက်ညှို့ ဇာတ်ကားကနေပြီးတော့ မိုးစက် အတွေ့အကြုံတွေရတယ်။ ပြီးတော့ ကိုနေတိုး တို့၊ ကို သားညီ တို့ဆိုရင်လည်း သေချာ သင်ပေးတယ်။ တစ်ခါတလေကျရင် ကိုယ့်ဘာသာကိုယ် အချိန်ယူရမယ့် အပိုင်းတွေရှိတယ်၊ တစ်ခါတလေကျရင် ကိုယ်က ရှက်တတ်တော့ မြန်မြန် ပြီးသွားရင်ကောင်းမယ် ဆိုပြီး လုပ်လိုက်တဲ့အရာတွေက ရုပ်ရှင်ရိုက်ပြီးမှ သိတာပေါ့နော်’’ လို့ ဆိုပါတယ်။

Photo: Moe Set Wine

မိုးစက်ဝိုင်ကတော့ ၂၀၁၃ခုနှစ် Miss Universe Myanmar ရဲ့ အလှမယ် တစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒီနောက် Ve Ve အချိုရည်ကြော်ငြာကနေ ပရိသတ် စိတ်ဝင်စားမှုကို ရရှိလာသူပါ။ ‘’ပက်ပက်စက်စက်ညှို့’’ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာသူပါ။ သူမဟာ သရုပ်ဆောင် လုပ်ငန်းတွေ မလုပ်ဆောင်မီ အချိန်ကတည်းက ပရဟိတအလုပ်ကို လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ Myanmar Heart's Charity အဖွဲ့နဲ့အတူ ပရဟိတအလုပ်တွေ များစွာလုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က