ကျော်ကျော်ဗို ကတော့ ပရိသတ်တွေ အမြင်သစ် တစ်ခုနဲ့ ထပ်တွေ့ရမယ့် ကာရိုက်တာအတွက် လေ့ကျင့်မှုတွေ လုပ်နေပြီ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ဇန်နဝါရီလမှာ ရိုက်ကူးသွားမှာဖြစ်ပါတယ်။
Photo: ကျော်ကျော်ဗို
သရုပ်ဆောင် ကျော်ကျော်ဗိုက ၂၀၁၉ ခုနှစ်မှာ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားဟာ သူ့အတွက် ထူးခြားမှုတွေလည်း ရှိသလို စိန်ခေါ်မှုအသစ်လည်း ဖြစ်လာမယ့် ရုပ်ရှင်ဇာတ်ကား လည်း ဖြစ်တယ်လို့ သိရပါတယ်။
''2019 " Memories Of Tomorrow “ရုပ်ရှင်ကားသစ်အတွက် ကျွန်တော်သရုပ်ဆောင်ရမယ့်ဇာတ်ကောင်ရဲ့ စိတ်ပိုင်း ရုပ်ပိုင်း ဆိုင်ရာ ဇာတ်ကောင်စရိုက်ဖွံ့ ဖြိုးရန် လေ့ကျင့်ပေးနေတဲ့ ကျွန်တော့်ရဲ့ သရုပ်ဆောင်နည်းပြ နှင့်အတူ Thanks Mr Michael I’m very much satisfied'' ဆိုပြီးတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: ကျော်ကျော်ဗို
သရုပ်ဆောင် ကျော်ကျော်ဗိုက ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ခန္ဓာကိုယ်ပိုင်းနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲက ကာရိုက်တာကိုလည်း သူကိုယ်တိုင်က ဝမ်းသာအားရနဲ့ လက်ခံ ရိုက်ကူးဖြစ်တယ်လို့ Duwun Media ကနေပြောပြလာပါတယ်။
'' ၁ လပိုင်း ကားမှာ ကိုကြံ့က နယ်မြို့မှာနေတဲ့ လူတစ်ယောက်ပေါ့နော်။ သူ့ရဲ့ ပုံသဏ္ဍာန်ကိုက ဝဝ ဖိုင့်ဖိုင့်ကြီး နဲ့ ကိုကျော်စွာဆိုတဲ့ လူ တစ် ယောက် ရဲ့ ပုံစံပေါ့နော်။ ပထမကတော့ ဆီလီကွန်နဲ့ လုပ်မလို့ ဒါပေမယ့် ကိုကြံ့ကိုယ်တိုင်က လေးပင်နေတဲ့ စိတ်ခံစားမှုတွေနဲ့ ကိုကြံ့က ကာ ရိုက်တာတစ်ခု ကို လုပ်ချင်တာပေါ့။ နဂိုကတည်းကလည်း မျက်နှာလေး တစ်ခုတည်းနဲ့ အိုက်တင်လုပ်နေတာထက်စာရင် ခန္ဓာကိုယ်ရဲ့ အနု ပညာ တွေနဲ့လည်း ပရိသတ်ကို ဖန်တီးပေးချင်တဲ့ စိတ်က ရှိတော့ အဲ့ဒီလို ကာရိုက်တာ လာတဲ့အချိန်မှာ ဝမ်းသာ သွားတာပေါ့နော်'' လို့ သူက ဆိုပါတယ်။
Photo: ကျော်ကျေ်ာဗို
စမတ်ကျတဲ့ ခန္ဓာကိုယ်အချိူးအစားကနေ ခန္ဓာကိုယ် ဝဝဖြိုးဖြိုး ဖြစ်အောင်လို့ ကြိုးစားခဲ့ရတဲ့ အပိုင်းတွေကိုလည်း ကျော်ကျော်ဗိုက အခုလို ပြောပြလာပါတယ်။
'' အခုဆို စားနေတယ်၊ တွေ့သမျှ ပါးစပ်ထဲ ကောက်ထည့်၊ ကြုံသလိုစားတယ်၊ သတိရတိုင်း စားတယ်။ တော်တော်စားတယ်။ အဆီအစိမ့်တွေ စားတယ်။ ကိုယ်ကြံ့က ဒီဇာတ်ကားရိုက်ပြီးရင် ချက်ချင်း ဝိတ်ပြန်ချမှာ ။ ၃ လပိုင်းမှာ ရိုက်မယ့် ဇာတ်ကားကျတော့ ဝ လို့မရတော့ဘူး။ ကိုယ့် ဘဝမှာ ဒီလိုမျိုး စိန်ခေါ်မှုလေးတွေကို ဖြတ်သန်းရတာက ပိုတန်ဖိုးရှိမယ်လို့ ထင်ပါတယ်'' လို့ ဆိုပါတယ်။
Photo: ကျော်ကျော်ဗို
လက်ရှိမှာတော့ ကျော်ကျော်ဗို က ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေတာကို တွေ့ရပါတယ်။ မကြာခင်မှာလည်း '' ပုံရိပ်'' ရုပ်ရှင် ဇာတ်ကား ကို ရိုက်ကူးတော့မှာပါ။ သူ့ရဲ့ နောက်ထပ်ဝါသနာတစ်ခု ဖြစ်တဲ့ ခရီးသွားခြင်း အကြောင်းအရာတွေကိုလည်း အစီအစဉ်အသစ် တစ်ခုအဖြစ် Free to Air ရုပ်သံလိုင်းကနေ တဆင့် တင်ဆက်ပေးနေတာဖြစ် ပါတယ်။
Share