နေတိုးကလည်း ပရိသတ်တွေကို ကျေးဇူးတင်စကားပြောထားပါသေးတယ်။

Shwe FM ပရိသတ်တွေကနေ ရွေးချယ်ပေးတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးသံရှင်ဆုကို နေတိုးက “လရောင်ချော့တေး” သီချင်းနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့(ဒီဇင်ဘာ၁၄ရက်)မှာ ပြုလုပ်တဲ့ Shwe FM(9)နှစ်ပြည့် နှစ်ပတ်လည်ပွဲနဲ့ ဂီတဆုပေးပွဲ မှာ ပရိသတ်တွေရဲ့ အချစ်တော် နေတိုးက ရုပ်ရှင်ဇာတ်ဝင်တေးတံရှင်ဆုကို ရရှိခဲ့ပါတယ်။ Shwe FM ပရိသတ်တွေကနေ ရွေးချယ်ပေးတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးသံရှင်ဆုကို နေတိုးက “လရောင်ချော့တေး” သီချင်းနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။



အဲ့ဒီသီချင်းကို နေတိုးကိုယ်တိုင် “လရောင်ဖြာတဲ့အင်းလေးမှာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးအဖြစ် သီဆိုခဲ့တာ ဖြစ်သလို ပရိသတ်တွေရဲ့ အားပေးမှု ရရှိခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် နေတိုးက ပွဲကို တက်ရောက်လာခြင်းမရှိတဲ့အတွက် သရုပ်ဆောင်ဝါဇင်က ကိုယ်စားတက်ယူပေးခဲ့တာတွေ့ရပါတယ် နေတိုးကိုယ်တိုင်ကလည်း ဒီဆုကို ရရှိခဲ့တဲ့ အတွက် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း သူ့ရဲ့  ဖေ့စ်ဘွတ်ပေ့ချ်ှမှာ တင်ထားတာ တွေ့ရပါတယ်။

“ပရိသတ်များအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ ...နေတိုး” ဆိုပြီး သူ့ရဲ့ ပေ့ချ်မှာ ရေးထားသလို “လရောင်ချော့တေး” သီချင်းလေးကိုလည်း ပရိသတ်တွေ ပြန်လည်နားဆင်လို့ရအောင် ပြန်တင်ပေးထားပါသေးတယ်။

ကျရာဇာတ်ရုပ်တိုုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ယောက်ဖြစ်လာတဲ့ နေတိုးဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) ရုပ်ရှင်ကား ၃ ကားမှာ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုတို့ကို ရရှိခဲ့ပါတယ်။

နေတိုးဟာ အနုပညာ အရည်အသွေးပြည့်ဝ တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင်လောကမှာ အောင်မြင်စွာ ရပ်တည်နေသူတစ်ဦး ဖြစ်ပါတယ်။

ဒါ့အပြင် နေတိုးဟာ ကိုယ်ပိုင်စတူဒီယိုတစ်ခုဖြစ်တဲ့ Story Book Movie Studio ကို မြောက်ဒဂုံမြို့နယ်၊ ၄၁ တိုးချဲ့ရပ်ကွက်၊ တော်ဝင် အိမ်ရာ၊ မြတ်လေးလမ်း၊ No.(G-10) နေရာမှာ ဖွင့်လှစ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က