မက်ဆီရဲ့ အနေအထားးကတော့ မသေချာသေးပါဘူး။

ဟူစတန်ဒိုင်နမိုနဲ့ ကစားရမယ့် ယူအက်စ်အိုးပင်းဗိုလ်လုပွဲမှာ မက်ဆီကို အရဲစွန့်အသုံးပြုရမယ့် အနေအထားမှာ ရှိနေတယ်လို့ အင်တာမိုင်ယာမီနည်းပြ မာတီနိုက ပြောဆိုလိုက်ပါတယ်။ ကြာသပတေးနေ့ မနက်အစောပိုင်းကစားမယ့် ဒီပွဲမှာ မက်ဆီက ဒဏ်ရာပြသနာကြောင့် ဝင်ကစားပေးဖို့ရာ အခက်ကြုံနေပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်းတောင် မဆင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

မက်ဆီဟာ အော်လန်ဒိုစီးတီးနဲ့ သရေကျခဲ့တဲ့ပွဲမှာလည်း ဝင်မကစားခဲ့ဘဲ အနားယူခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာ သူ့အခြေအနေကို စောာင့်ကြည့်နေရပြီးတော့ အနီးကပ်လာချိန်မှာ ဆုံးဖြတ်သွားဖွယ်ရှိကာ မက်ဆီပါဝင်မယ်၊ မပါဝင်ဘူးဆိုတာက အတိကျ ပြောလို့မရတဲ့ အနေအထားမှာ ရှိပါတယ်။ 

မာတီနိုက "သူ ဘယ်လိုခံစားနေရသလဲဆိုတဲ့အပေါ် မူတည်ပြီး မနက်ဖြန်မှာ ကျနော်တို့ ဆုံးဖြတ်သွားမှာပါ" လို့ ပြောဆိုခဲ့ကြောင်း BBC က ဖော်ပြခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် မက်ဆီကို အားလုံးက ဗိုလ်လုပွဲမှာ ပါဝင်စေချင်နေကြပြီး မက်ဆီအတွက်လည်း ဒါက အင်တာမိုင်ယာမီမှာ ဒုတိယမြောက် ဆုဖလားကို ရယူနိုင်မယ့် အခွင့်အရေးလည်းဖြစ်ပါတယ်။ 

ဆက်လက်ပြီး မာတီနိုက "မေးခွန်းတော့တော့ ရှိပါတယ်၊ အရဲစွန့်ရတယ်ဆိုတာက အမြဲတမ်းရှိပါတယ်၊ ဒါပေမယ့်လည်း ဖြစ်နိုင်သမျှတော့ အရဲစွန့်ရတာမျိုးကို ကျနော်တို့ လျှော့ချမှာပါ၊ တကယ်လို့ ဒါက ဗိုလ်လုပွဲမဟုတ်ခဲ့ရင် ကျနော်တို့ အရဲစွန့်မှာမဟုတ်ပါဘူး၊ အခုက ဗိုလ်လုပွဲပါ၊ ကျနော်တို့ အရဲစွန့်နိုင်မယ့် အခွင့်အလမ်းမျိုးပါပဲ" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က