US Open Cup ဆီမီးဖိုင်နယ်ပွဲအဖြစ် ဒီမနက်ကစားခဲ့တာပါ။

အခုမနက်ကစားနေတဲ့ US Open Cup ဆီမီးဖိုင်နယ်မှာ မက်ဆီဟာ အင်တာမိုင်ယာမီအတွက် ဂိုးမသွင်းနိုင်ထားပေမယ့်လည်း ဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးကာ အသင်းရှုံးပွဲမတွေ့အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ၂-၀ နဲ့ အင်တာမိုင်ယာမီတို့ အရေးနိမ့်နေခဲ့တာဖြစ်ပြီး မက်ဆီရဲ့ ဖန်တီးမှု ၂ ကြိမ်ကနေ ကမ်ပန်နာတဦးတည်းက ၂ဂိုးသွင်းကာ သရေပြန်ကစားနိုင်ခဲ့တာပါ။ 

 ပူပူနွေးနွေး လိဂ်ဖလားချန်ပီယံတို့ အရေးနိမ့်မယ့်အရေးကနေ နောက်ဆုံးမိနစ်မှာမှ ရှောင်လွှဲနိုင်ခဲ့ကာ မက်ဆီရဲ့ တိကျတဲ့ ဖန်တီးပေးပို့မှုတွေက အရေးပါခဲ့ပြီး ကမ်ပန်နာကလည်း အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှ ချေပဂိုးပြန်ရခဲ့တာဖြစ်လို့ အချိန်ပိုဆက်ကစားခွင့်ရခဲ့ပြီး အချိန်ပိုမှာ မာတီနက်ဇ်က ဦးဆောင်ဂိုးပြန်သွင်းလို့ အင်တာမိုင်ယာမီတို့ ၃-၂ နဲ့ ပြန်ဦးဆောင်နိုင်ခဲ့ပါတယ်။



ဒါပေမယ့်လည်း စင်စင်နက်တီတို့ အချိန်ပိုဒုတိယပိုင်းမှာ ချေပဂိုးပြန်သွင်းနိုင်ခဲ့ကာ ၃-၃ ဖြစ်သွားခဲ့ပြီး ပွဲက အကြိတ်အနယ်ရှိခဲ့ပါတယ်။ ဒါပေမယ့် ဂိုးထပ်မသွင်းနိုင်ကြတောလို့ ပင်နယ်တီအဆုံးအဖြတ်ခံယူဖို့ ဖြစ်လာခဲ့ရပြီး မက်ဆီအတွက် အင်တာမိုင်ယာမီကစားသမားဘ၀မှာ ၃ ကြိမ်မြောက် ပင်နယ်တီအဆုံးအဖြတ်ကို ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

ဒီပွဲမှာတော့ မက်ဆီဂိုးပေါက်ပျောက်ခဲ့ပြီး ဖန်တီးမှု ၂ ကြိမ်တည်းနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဖန်တီးပေးမှုတွေက အသင်းအတွက် အရေးပါတဲ့​ချေပဂိုးတွေရဖို့ အထောက်အကူဖြစ်ခဲ့ပြီး တိကျတဲ့ ပေးပို့မှုတွေကို မြင်တွေ့ခဲ့ရကာ ကမ်ပန်နာကလည်း အကောင်းဆုံး ခေါင်းတိုက်အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒီတကြိမ်မှာလည်း အင်တာမိုင်ယာမီတို့ အနိုင်ရခဲ့ပြန်ပါတယ်။ ပင်နယ်တီ ၄လုံးစီ ဝင်ထားပြီး နောက်ဆုံးပင်နယ်တီမှာ စင်စင်နက်တီဘက်က ကန်သွင်းမှုကို အင်တာမိုင်ယာမီဂိုးသမား ကာကွယ်နိုင်ခဲ့ကာ အင်တာမိုင်ယာမီအလှည့်မှာ ဝင်အောင်ကန်သွင်းနိင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အင်တာမိုင်ယာမီတို့ ဗိုလ်လုပွဲတက်ခဲံပြီး ဟူစတန်-ရီးရဲလ်ဆော့လိတ်ပွဲက အနိုင်ရအသင်းနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က