အပြင်မှာ မိတ်ဆက်မယ့် ရက် မသိရသေးပါဘူး။

ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ကြီးတစ်ခု ဖြစ်တဲ့ Facebook ဟာ မကြာခင်မှာ ကိုယ့်ရဲ့ အောင်သွယ် app တစ်ခုဖြစ်လာတော့မှာပါ။

[No available link text] 

Facebook F8 developer ကွန်ဖရင့်ကနေ မိတ်ဆက်ခဲ့တဲ့ Dating service ဟာ အခုချိန်မှာ Facebook ကုမ္ပဏီဝန်ထမ်းများနဲ့စမ်းသပ်နေပြီလို့ဆိုပါတယ်။ app သုတေသီတစ်ဦး ဖြစ်တဲ့ ဂျိန်း မန်ချန်ဝမ်မှ Twitter ပေါ်တင်ခဲ့တာပါ။

"Facebook ဟာ Facebook Dating ကို ကုမ္ပဏီအတွင်းလူတွေနဲ့စမ်းသပ်နေပါတယ်" လို့သူမက ဆိုပါတယ်။ "ဒါက pre-launch လုပ်တာ ဖြစ်လို့Facebook ဝန်ထမ်းမဟုတ်တဲ့ သူတွေ Dating profiles တွေမှာဝင်ကြည့်လို့ရမှာ မဟုတ်ပါဘူး"

Facebook မှ တာဝန်ရှိသူတစ်ဦးကတော့ Facebook Dating ဝန်ဆောင်မှုကို ကုမ္ပဏီအတွင်းထဲမှာ စမ်းသပ်နေကြောင်း အတည်ပြုထားပေမယ့် အပြင်ကိုတော့ ဒီထက်ပို ပြောစရာ မရှိဘူးလို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ F8 Developer ကွန်ဖရင့်ပွဲမှာ ကုမ္ပဏီ CEO မတ်ခ်ဇူကာဘတ်ခ်အနေနဲ့ရေရှည် စစ်မှန်တဲ့ ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်ဖို့ဒီ feature ကို မိတ်ဆက်တာလို့ပြောခဲ့ပါတယ်။

Dating ဝန်ဆောင်မှုကို  Facebook ဟာ အရင် ၁၀ နှစ်ကျော်ကတည်းက ပုံစံချ စဉ်းစားထားခဲ့တာ ဖြစ်ပြီး အခုချိန်မှာ Facebook ရဲ့ လူလွတ် FA ဦးရေကလည်း သန်းရာနဲ့ချီရှိတာကြောင့် အကြီးစားဈေးကွက်ဖြစ်လာတော့မှာပါ။ F8 Developer ကွန်ဖရင့်မှာပါ ဇူကာဘတ်ခ်က "ကျွန်တော်တို့Facebook မှာ single အနေနဲ့သူတို့ဘာသာ မှတ်ပုံတင်ထားတဲ့ သူကိုက သန်း ၂၀၀ ကျော် ရှိထားပါတယ်" လို့ပြောသွားပါတယ်။

Photo: Rapid Leaks

 

လက်ရှိမှာ စမ်းသပ်ဆဲအနေအထာထးမှာ ရှိတဲ့ ဒီ feature ဟာမကြာခင် ထွက်လာဖို့ရှိပေမယ့် Facebook ကတော့ ထွက်ရှိမယ့် ရက် မပြောထားသေးပါဘူး။

Share

Loading Next Article...
က္က