ထူးအောင်ကတော့ သူ့ရဲ့ ဘဝလက်တွဲဖော်က မြန်မာနိုင်ငံအတွင်းမှာပဲ ရှိတာပါတဲ့။ သူ လိုချင်တဲ့ ကောင်မလေး ပုံစံကိုလည်း ပြောပြခဲ့ပါသေးတယ်။
Photo: Htoo Aung
မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု အများကြီး ရရှိထားတဲ့ ထူးအောင်က သူ့ရဲ့ ဖူးစာရှင်က မြန်မာနိုင်ငံ အတွင်းမှာပဲရှိတယ်လု့ိ ဆိုပါတယ်။ ချစ်သူထားမယ့် အချိန်ကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြထားပါတယ်။
Photo: Htoo Aung
အဲဒီနောက် ထူးအောင်က ချစ်သူထားမယ်ဆိုရင် သူ့စိတ်ကူးထဲက ကောင်မလေးပုံစံရှိတယ်လို့ ဆိုပါတယ်။
‘’အခုချိန်မှာ မထားသေးဘူး။ ထားပြီးရင်လည်း ကွဲကွာသွားတဲ့အခါကျတော့ မကောင်းဘူးလေ နော်။ ကျွန်တော့်ကိုချစ်တဲ့ ကောင်မလေးပုံစံဖြစ်ရင် ရပါပြီ။ ကျန်တာတော့ ဘာမှ မလိုပါဘူး’’လို့ ထွန်းကိုကို ရဲ့ မွေးနေ့ပွဲကိုလာရင်း ဖြေဆိုပေးခဲ့တာပါ။
Photo: Htoo Aung
ထူးအောင်က လက်ရှိမှာ ချစ်သူ မထားသေးတဲ့အကြောင်းကို ပြောပြထားပါတယ်။ သူ ထားမယ့် ချစ်သူလေးကိုလည်း စိတ်ချမ်းသာစေချင်တဲ့ ဆန္ဒတွေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။
‘’ဘာကြောင့်လဲ ဆိုတော့ ချစ်သူထားမယ်ဆိုရင် အချိန်ပေးရမှာပေါ့။ ကျွန်တော်ကလည်း ချစ်သူကောင်မလေး အတွက်ကို အချိန်တွေ အများကြီးပေးချင်တယ်။ ပျော်ရွှင်ဖွယ် အခိုက်အတန့်လေး ထားချင်တယ်။ ချစ်သူကောင်မလေးကို အချိန်အများကြီး မပေးနိုင်တဲ့ အခါကျရင် ပြဿနာတွေ ဖြစ်လာနိုင်တယ်လေ’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။
Photo: Htoo Aung
Model လောကမှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာတဲ့ ထူးအောင်( Htoo Aung)ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးလာရတဲ့ အနုပညာရှင်အသစ်တစ်ယောက်လည်းဖြစ်ပါတယ်။လက်ရှိမှာတော့ ပရိသတ်အရှေ့ကို ‘’ပုဂံမြို့သူ’’ ဇာတ်လမ်းတွဲ၊ ‘’ကိုယ်စောင့်နတ်’’ ရုပ်ရှင်ဇာတ်ကားကြီး တို့နဲ့ ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ နောက်ထပ်လည်း လက်ခံထားတဲ့ ဇာတ်ကားတွေအများကြီးရှိသေးတယ် လို့ သိရပါတယ်။