အသက်(၄၀)မှ ဘဝစမလားမသိဘူး။

သီတင်းကျွတ်တိုင်းဘာတော့ စားရမလဲလို့ အမေးခံနေရတဲ့ ကျော်ထက်အောင်ကတော့ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောပြထားတာ ဖြစ်ပါတယ်။

Photo : htet zaw aung

ကျော်ထက်အောင်ကတော့ ဒီနှစ်သတင်းကျွတ်ကိုတော့ မိဘတွေ ဆွေမျိုးတွေကို ကန်တော့ရင်းဖြတ်သန်းဖြစ်မယ်လို့ ဆိုပါတယ်။ သီတင်းကျွတ်ပေမယ့်လည်း သူ့ရဲ့ မင်္ဂလာသတင်းကြား ရဖို့တော့ လိုသေးတယ်လို့ ဆိုပါတယ်။

“သတင်းကျွတ်ကျရင် ကန်တော့ရမှာ ကျေးဇူးရှင်တွေရော အမျိုးတွေရော များပါတယ်။ ငွေပဲ ကန်တော့ဖြစ်တယ်။ အိမ်ကလည်း ကန်တော့တိုင်း ဆုတွေပေးတာပဲ။ အိမ်ထောင်ပြုဖို့ကတော့ မပါဘူး။ သူတို့က ရွှေဥဥပေးနေတဲ့ ငန်းကို ရိုက်သတ်ဖို့တော့ အစီအစဉ်မရှိလောက်ပါဘူး” ဆိုုပြီး မိဘတွေရဲ့ သဘောထားကို ဟာသလေးနှောပြီး ပြောပြခဲ့ပါသေးတယ်။

Photo : htet zaw aung

သီချင်းကျွတ်တိုင်းလည်း ဘယ်အချိန် စားရမလဲလို့ အမေးခံနေရတဲ့ ကျော်ထက်အောင်က လက်ရှိမှာတော့ ဖူးစာရှင်နဲ့မတွေ့သေးဘူးလို့ ဆိုပါတယ်။

“ဖူးစာကလည်း ဘယ်အချိန်ပါလာမလည်း မသိဘူး ။ သတင်းကျွတ်တိုင်းလည်း အမေးခံရတယ်။အသက်(၄၀)အထိ ဖြစ်မလား မသိဘူး။ ကိုယ်တိုင် ဂျေးများတာလည်းမဟုတ်ဘူး။ ဖူးစာမတွေ့သေးတာပေ့ါ။ ရွေးချယ်ဖြစ်ရင်တော့ အမျိုးတွေ မပါဘဲ တစ်ကောင်ကြွက် ပိုကောင်းမယ်ထင်တယ်။ဘယ်အချိန် အိမ်ထောင်ပြုမလဲဆိုတာ လုပ်ငန်းတစ်ခု လုပ်သလို ပလန်ချလို့မရတဲ့အတွက်ကြောင့်မို့ ယောကျ်ားလေး ဆိုတေ့ာ ကိစ္စမရှိပါဘူး။ အသက်(၆၀) မှာလည်း ယူလို့ ရပါတယ်။ ပိုက်ဆံရှိနေရင်ပေ့ါ” ဆိုပြီး စက်တင်ဘာ(၂၉) ရက်နေ့က ပြုလုပ်တဲ့ 29 ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo : htet zaw aung

ကျော်ထက်အောင်ဟာ Myanmar Idol Season 1 ကတည်းက ပရိသတ်တွေ အားပေးမှုကို များစွာရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ အဲဒီကတစ်ဆင့် နာမည်ရလာပြီး အခုဆိုရင် ခေါင်းဆောင်မင်းသား တစ်ယောက်အဖြစ်နဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီး တွေရိုက်ကူးနေရပါပြီ။ လက်ရှိမှာလည်း သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့ လပိုင်းလောက်ကတည်း ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးတဲ့ “တိမ်တွေပေါ်ကပန်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Photo : htet zaw aung

ဒီဇာတ်ကားထဲမှာ ကျော်ထက်အောင်၊ ကိုရီးယားမင်းသားချော Ryu Sang Wook ၊ ဝတ်မှုံရွှေရည်နဲ့ မေသန်းနု တို့က အဓိက ပါဝင်သရုပ်ဆောင်ခဲ့ကြတာပါ။ ဇာတ်ကားရိုက်ကူးရေး နေရာတွေကိုတော့ နယ်မြို့တွေနဲ့ ကိုရီးယားနိုင်ငံမှာ သွားရောက် ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က