Apple ရဲ့ တန်ဖိုးနည်း iPad စီးရီးရဲ့ ဗားရှင်းသစ်ကတော့ ဒီဇိုင်းသစ် ၊ ဈေးအမြင့်နဲ့ ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။
Entry-Level iPad ဗားရှင်းသစ်ဖြစ်တဲ့ iPad 10th Gen ဟာ ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ iPad ကို အဆင့်မြှင့်လိုက်တာ ဖြစ်သလို ပြောင်းလဲမှုတွေလည်း လုပ်ဆောင်ထားပါတယ်။ မျိုးဆက်သစ် iPad 10th Gen ဟာ အရင်ထက် ပိုမိုပါးလွှာလာပြီး ဘေးဘောင်ပြားဒီဇိုင်းနဲ့ ပိုကြီးတဲ့ ၁၀.၉ လက်မ Screen နဲ့ လာပါတယ်။ မှန်ပြင်ရုပ်ထွက် 2360 x 1640px IPS LCD Display ပါရှိပြီး တောက်ပမှုနှုန်း 500nits နဲ့ လာပါတယ်။ iPad 10th Gen ဟာ iPad Air (2022) နဲ့ ဆင်ပြီး M1 Processor တော့ အသုံးပြုထားခြင်း မရှိပါဘူး။
Photo: GSMArena
iPad 10th Gen ဟာ 6-Core CPU ၊ 4-Core GPU နဲ့ 16-Core Neural Engine တို့ ပါရှိတဲ့ A14 Bionic Chip နဲ့ ထွက်လာပါတယ်။ ဒီတက်ဘလက်ကို ငွေရောင် ၊ အပြာရောင် ၊ ပန်းရောင် နဲ့ အဝါရောင် အရောင် ၄ မျိုးနဲ့ ရနိုင်ပြီး 64GB နဲ့ 256GB ဗားရှင်းဆိုပြီး နှစ်မျိုးလာပါတယ်။ WiFi-Only ဗားရှင်း နဲ့ WiFi + 5G မော်ဒယ်ဆိုပြီး ဗားရှင်းနှစ်မျိုး ထွက်လာသလို ကွန်ရက်ဆက်သွယ်မှုပိုင်းမှာ ပိုပြီး မြန်ဆန်တဲ့ WiFi 6 နည်းပညာကို အသုံးပြုထားပါတယ်။
iPad သစ်ဟာ Home Button မသုံးတဲ့ ဒီဇိုင်းသစ် နဲ့ လာပြီး Touch ID ကို ပါဝါခလုတ်ထဲ ထည့်သွင်းထားပါတယ်။ အားသွင်းပေါက်ကို USB-C Port ပြောင်းထားပြီး ပထမမျိုးဆက် Apple Pencil ထောက်ပံ့ပေးထားပါတယ်။ Apple Pencil ဟာ Lightning အသုံးပြုတာ ဖြစ်လို့ အားသွင်းဖို့ iPad ဗူးထဲမှာ ပါလာတဲ့ USB-C to Lightning adapter သုံးဖို့ လိုမှာ ဖြစ်ပါတယ်။ တကယ်လို့ ဝယ်မယ်ဆိုရင် အဲ့ဒီ Adapter ကို ၉ ဒေါ်လာနဲ့ ဝယ်ရမှာပါ။ iPad နဲ့ တွဲ သုံးဖို့ Magic Keyboard Folio နဲ့ Built-in Trackpad ကို ၂၄၉ ဒေါ်လာဈေးနဲ့ ထပ်ဝယ်ရမှာပါ။ Magic Keyboard Folio နဲ့ iPad သစ်ကို Smart Connector နဲ့ ချိတ်ဆက်ပြီး သံလိုက်ဓါတ်နဲ့ ကပ်ထားနိုင်မှာပါ။
Photo: GSMArena
iPad 10th Gen ဟာ ဘေးဘောင် Landscape အနေအထားနဲ့ 12MP f/2.4 122 ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် ရှေ့ကင်မရာ သုံးထားပြီး Smart HDR 3 ၊ 1080p ဗွီဒီယို နဲ့ 60fps ရုပ်ထွက်ပံ့ပိုးထားပါတယ်။ ကျောဘက်အပေါ်ဘယ်ထောင့်မှာ 4K ဗွီဒီယိုပါ 12MP f/1.8 AF main Camera တပ်ဆင်ထားပါတယ်။ iPad 10th Gen သစ်ကို အောက်တိုဘာ ၂၆ ရက်နေ့က စပြီး ၁ ပတ် နှစ်ပတ်အတွင်း ဈေးကွက်ထဲ တင်ပို့သွားမှာပါ။
WiFi Only မော်ဒယ် 64GB ဗားရှင်းကို ၄၄၉ ဒေါ်လာ (မြန်မာငွေ ၁၄ သိန်းဝန်းကျင်) ဈေး နဲ့ ရောင်းချသွားမှာပါ။