EU ကလည်း ဖိအားပေးနေပြီ ဖြစ်ပါတယ်

လာမယ့်နှစ်ကစပြီး USB-C သုံး iPhone တွေ မြင်ရဖို့ ရှိပါတယ်။ 

Bloomberg သတင်းအရ Apple ဟာ MacBook နဲ့ iPad တွေမှာ သုံးခဲ့တဲ့အတိုင်း USB-C ပါတဲ့ iPhone နဲ့ Adapters သစ်တွေ စမ်းသပ်မှု လုပ်နေတယ်လို့ ဆိုပါတယ်။ Apple ဘက်က USB-C Port သုံး iPhone စမ်းသပ်မှု လုပ်နေတဲ့အကြောင်း အတည်ပြုတာမျိုး မရှိသေးပေမယ့် Bloomberg သတင်းထောက် မာ့ခ်ဂါးမန်းက လာမယ့် ၂၀၂၃ နှစ်လယ်ပိုင်း အစောဆုံးထားပြီး iPhone တွေမှာ USB-C Port ပေါက် သုံးလာနိုင်တယ်လို့ ပြောထားပါတယ်။ 




ဒီတစ်ပတ်အစောပိုင်းလည်း Apple Analyst ဖြစ်သူ မင်ချိကုအိုရဲ့ Tweet မှာ Apple ဟာ ၂၀၂၃ ဒုတိယနှစ်ဝက်မှာ USB-C Port သုံး iPhone ထုတ်နိုင်တယ်လို့ ရေးထားပါတယ်။ လောလောဆယ် iPad Pro ၊ iPad Air နဲ့ iPad Min တို့ပဲ USB-C port စနစ်ကို ကူးပြောင်းထားတာ ဖြစ်ပြီး အနှေးနဲ့ အမြန်ဆိုသလို iPhone တွေမှာလည်း USB-C Port စနစ် သုံးလာမှာ သေချာသလောက် ရှိပါတယ်။ 

ဥရောပသမဂ္ဂကလည်း ပြီးခဲ့တဲ့ စက်တင်ဘာလက စမတ်ဖုန်းအပါအဝင် ထုတ်ကုန်တွေကို USB-C Port ကို စံအဖြစ် အသုံးပြုရေး ဥပဒေအဆိုတင်သွင်းမှု လုပ်ဆောင်ထားတာကြောင့် Apple အနေနဲ့ မဖြစ်မနေ ပြောင်းလဲဖို့ ရှိပါတယ်။ USB-C Port စနစ် သုံးလာတာဟာ Lightning ထက် ပါဝါ နဲ့ ဒေတာပို့ဆောင်မှု ပိုမြန်ဆန်လာမှာ ဖြစ်သလို အားသွင်းကြိုးပြဿနာလည်း ပြေလည်သွားနိုင်ပါတယ်။ 

လောလောဆယ် iPhone users တွေထဲမှာလည်း USB-C Port သုံး iPhone ကို မျှော်လင့်နေသူအများကြီး ရှိပြီး ကိုယ်တိုင် DIY ပြင်ပြီး တည်ဆောက်ထားတဲ့ ကမ္ဘာ့ပထမဆုံး USB-C Port သုံး iPhone X ဟာ eBay ပေါ်မှာ ဒေါ်လာ ၈၅၅၅၀ (မြန်မာငွေ သိန်း ၁၅၈၀ ခန့်) နဲ့ ရောင်းထွက်သွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က