Snapdragon 4 Gen2 နဲ့ ပထမဆုံး ကြေညာတဲ့ Redmi Note 12R ပါ

အသစ်စက်စက် Qualcomm Chip သုံးထားတဲ့ Xiaomi ကတော့ Budget ဖုန်းတိုက်ပွဲထဲကို မော်ဒယ် အသစ်နဲ့ ထပ်မံ အားဖြည့်ထားပါပြီ။

Budget ဖုန်းတွေ ပိုပြီး Powerful ဖြစ်စေမယ့် Snapdragon 4 Gen2 ကို ပထမဆုံး သုံးထားတဲ့ Redmi Note 12R ဟာ ထွက်ရှိဖို့ တာဆူနေတဲ့ OPPOVivoOnePlus နဲ့ Nothing ဖုန်းအသစ်တွေရဲ့ အာရုံကို ဖမ်းစားလိုက်ပြီး သုံးစွဲသူတွေ အနေနဲ့လည်း စိတ်ဝင်တစား ဖြစ်မယ် ထင်ပါတယ်။

Note 12R မှာ 6.79” IPS LCD သုံးထားပြီး FHD+ Resolution ရှိပါတယ် ၊ 90Hz Refresh Rate ထောက်ပံ့ထားတဲ့ Display ဟာ 5MP ဝင်ဆံ့တဲ့ Punch-hole Notch ပါရှိပြီး Quality ပိုင်း အားရစရာ ဖြစ်စေမယ်လို့ ခန့်မှန်းရပါတယ်။

Camera ပိုင်း အနေနဲ့ 50MP (f/1.8) Sensor ကို Main သုံးထားပြီး 2MP Macro တစ်လုံးကို ပုံပါအတိုင်း Module နှစ်ခုကို ဒေါင်လိုက် တန်းထားပြီး Apple iPhone ပုံစံနဲ့ ခပ်ဆင်ဆင် ဖြစ်စေပါတယ် ၊ Camera Bump မပါတော့လို့ Galaxy S23 ရဲ့ Camera Alignment သို့ Housing ဒီဇိုင်းနဲ့လည်း မရိုးမအီ သွားတူစေပါတယ်။

Note 12R ကို 4GB/6GB/8GB စသဖြင့် RAM သုံးမျိုးနဲ့ ကြေညာထားပြီး Storage Option ကို 128GB သို့ 256GB နှစ်မျိုးနဲ့ ရွေးချယ်နိုင်တယ် ၊ microSD Slot ထောက်ပံ့လို့ လိုလာခဲ့ရင် Storage ထပ်တိုးနိုင်တယ်။

Battery ပိုင်းမှာ 5,000 mAh ပမာဏ ထည့်ပေးထားပြီး 18W Fast Charging ရပါတယ်၊ Midnight Black ၊ Time Blue နဲ့ Sky Fantasy အရောင် 3 မျိုးနဲ့လာမယ့် Redmi Note 12R ကို ကြမ်းခင်းစျေး $140 နဲ့ မိတ်ဆက်ထားပြီး Xiaomi ရောင်းစျေးကို အခုလို ဖော်ပြလိုက်ပါတယ်။

Redmi Note 12R

RAM 4GB/ Storage 128GB - $140

RAM 6GB/ Storage 128GB - $150

RAM 8GB/Storage 128GB - $200

RAM 8GB/Storage 256GB - $250 

Source: GSMArena

Share

Loading Next Article...
က္က