Helio G99 Chipset နဲ့ မိတ်ဆက်ထားတဲ့ Pad2 ဟာ ဖျော်ဖြေရေး အသားပေး တက်ဘလက်ပါ

တန်ဖိုးသင့် Tablet တွေထဲ ရွေးချယ်စရာ ဖြစ်လာဦးမယ့် realme Pad 2 ကို ဖျော်ဖြေရေး အသားပေး နဲ့ သင်ကြားရေးအဖို့ မိတ်ဆက်ထားတယ်လို့ မြင်ပါတယ်။

ဇူလိုင် 26 မှာ မှာယူနိုင်မယ့် တက်ဘလက်မှာ မြင်ကွင်းကျယ် 11.5” IPS LCD Display တပ်ထားပြီး 2,000 x 1,200p Resolution သုံးထားပါတယ်။

လျင်မြင် ချောမွေ့တဲ့ အထိတွေ့ကို ပေးစွမ်းနိုင်ဖို့ 120Hz Refresh Rate ထည့်ထားတဲ့ တက်ဘလက်မှာ Variable နည်းပညာ ပါတယ်လို့ သိရပြီး ဂိမ်းကစားဖို့တွက်လည်း သင့်လျော်တယ်လို့ ပြောနိုင်ပါတယ်။

ကင်မရာပိုင်းတွက် 8MP Sensor နှစ်လုံးကို အရှေ့ရော ၊​ အနောက်ရော ထည့်သွင်းထားပြီး Side Mounted Fingerprint Sensor ကိုလည်း ထည့်ပေးထားပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာ MediaTek Helio G99 Chipset သုံးထားလို့ 120Hz ပြေးနေတဲ့ 1,200p Display တွက် အားပျော့တယ်လို့ သုံးသပ်မိပါတယ်။

6GB သို့ 8GB LPDDR4x RAM ၊ 128GB သို့ 256GB Storage ရွေးချယ်နိုင်မယ့် realme Pad 2 မှာ ထပ်တိုးချဲ့နိုင်မယ့် microSD Slot ထပ်ပါပြီး Audio ပိုင်းကို Dolby Atmos နဲ့ အားဖြည့်ထားတယ်။

စုစုပေါင်း စပီကာ လေးလုံး ပါတဲ့ တက်ဘလက်ကို ဖျော်ဖြေရေး အသားပေးလို့ ပြောနိုင်ပြီး 33W Fast Charging စနစ် ထောက်ပံ့ထားတဲ့ 8,360 mAh Battery နဲ့ သုံးရမှာပါ။

realme Pad 2 ကို အစိမ်း ၊ မီးခိုးရောင် နှစ်မျိုးနဲ့ ရွေးချယ်လို့ရပြီး 6GB/128GB ကို ကန်ဒေါ်လာ 230 ၊ 8GB/256GB အလုံးကို $250 တန်ကြေး အသီးသီးနဲ့ သြဂုတ်လထဲ ရောင်းချသွားမယ်လို့ သိရပါတယ်။

Source: GSMArena

Share

Loading Next Article...
က္က