တန်ဖိုးသင့် ဂက်လဆီ ဖုန်းတွေထဲ ရွေးချယ်စရာ ဖြစ်လာဦးမယ့် M34 ကို 50MP ကင်မရာနဲ့ ပွဲထုတ်ပြီး ကြမ်းခင်းစျေး ဒေါ်လာ ၃၀၀ နဲ့ ဆမ်ဆောင်း မိတ်ဆက်လိုက်ပါတယ်။
Budget ဆိုတာထက် ဒေါ်လာ ၃၀၀ ဝန်းကျင်မှာ သူ့ထက်ကဲ တရုတ်ဖုန်းများစွာ ကျင်လည်နေတဲ့ စျေးကွက်ကို ထိန်းချုပ်ဖို့ ဦးတည်ထားတယ်လို့ ခန့်မှန်းရပြီး လက်တွေ့မှာလည်း M34 ရောင်းအား ဦးတည်ချက်က ကင်မရာပိုင်းနဲ့ စျေးပါ။
Galaxy M33 အမွေဆက်ခံထားတဲ့ ဖုန်းမှာ 120Hz Refresh Rate ထောက်ပံ့ထားတဲ့ 6.5” AMOLED Panel သုံးစွဲထားပြီး 1080 x 2400 Resolution သုံးထားတဲ့ Display က M33 ရဲ့ LCD နဲ့ ယှဥ်လိုက်ရင် Improve ဖြစ်သွားတယ်လို့ ပြောနိုင်ပါတယ်။
AOD လုပ်ဆောင်ချက်ပါ OLED မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပေမယ့် SoC ပိုင်းမှာတော့ ထူးမခြားနား ဆိုရမှာပါ။ Exynos 1280 နဲ့ မောင်းနှင်ထားတဲ့ M34 မှာ 1330 နဲ့ ဖြစ်သင့်တယ်ဆိုမယ့် 8GB RAM နဲ့ 128GB Storage အပြင် ထပ်တိုးနိုင်တဲ့ microSD Slot ပါသေးတာ မဆိုးဘူး ပြောရပါမယ်။
ကင်မရာ အသားပေးထားတဲ့ ဂလက်ဆီဖုန်းမှာ OIS စနစ်ရ 50MP Primary Sensor အပြင် 8MP Ultra-wide တလုံးနဲ့ Selfie တွက် 13MP Shooter သုံးထားတာက M33 နဲ့ ယှဥ်လိုက်ရင် Upgrade လုပ်ထားတဲ့ အခြေနေပါ။
စွမ်းဆောင်ရည်ပိုင်း ပြိုင်ဖက် ဖုန်းတွေနဲ့ ဘယ်လိုလာ မလဲ မပြောတတ်ပေမယ့် 25W Fast Charging စနစ် ထောက်ပံ့ထားတဲ့ 6,000 mAh Battery ထည့်ပေးထားတာ ဒီစျေးဒီတန်းမှာ ဖြစ်သင့်တယ်လို့ ယူဆပါတယ်။
ဂလက်ဆီ M34 နဲ့အတူ A34 ကို အိန္ဒိယ စျေးကွက်တွက် ကြေညာခဲ့ပြီး A စီးရီးမှာကျ Dimensity 1080 နဲ့ ဖြစ်သွားပြီး 6.6” 120H AMOLED Display ၊ 5,000 mAh (25W) Battery ပါတာ ကွဲသွားတဲ့အပြင် IP67 Rating နဲ့ ဆမ်ဆောင်း ကြေညာခဲ့ပါတယ်။
Galaxy M34 ရဲ့ ဝိဝေသ တစ်ခုက OS Update ကို 4 နှစ်နဲ့ Security Patch ကို 5 နှစ်ရတဲ့ အားသာချက်ပါ ၊ Pixel 7a တောင် 3 နှစ် ၊ OnePlus Nord CE3 တောင် 2 နှစ်နဲ့ ကျေနပ်ရမယ့် အချိန် ဆမ်ဆောင်း အလယ်လတ်ဆင့် ဖုန်းတစ်လုံးကို အခုလို နှစ်ရှည်ပေးတာက သုံးစွဲသူအဖို့ နှစ်ထောင်းအားရ ဖြစ်စေမယ်လို့ သုံးသပ်မိပါတယ်။
ကန် ဒေါ်လာ ၃၀၀ ဝန်းကျင် ကျသင့်မယ့် ဖုန်းကို အရောင် ၃ မျိုးနဲ့ ရနိုင်ပြီး ဇူလိုင် 15 မှာ ရောင်းမယ်လို့ သိရပါတယ်။
Source: GSMArena
Share