ဖုန်းနံပါတ်နဲ့အီးမေးလ် သိရုံနဲ့ ငွေတွေ ရယူနိုင်တာပါ

ရာပေါင်းများစွာသော သုံးစွဲသူတွေအကောင့်ကို ဟက်ကာတွေမှ တိုက်ခိုက်ပြီး ဒေါ်လာ သိန်းချီ ရယူမှု ဖြစ်ပွားပြီးနောက် ဂျပန်နိုင်ငံမှ 7-Eleven app ကို ခဏပိတ်ထားပါတယ်။

         ဂျပန်မှ 7-Eleven ကုမ္ပဏီဟာ မကြာသေးခင်က သုံးစွဲသူတွေရဲ့ အကြွေးဝယ်ကဒ်ကနေ ငွေချေနိုင်မယ့် 7Pay app ကို မိတ်ဆက်ခဲ့တာပါ။ ဒီ feature ဟာ 7-Eleven app ထဲမှာ ပါတဲ့ ဘားကုဒ်တစ်ခုကို စကင်ဖတ်ရုံနဲ့ငွေချေနိုင်မယ့် feature ဖြစ်ပါတယ်။ 7Pay ကို မိတ်ဆက်ပြီး တစ်ပတ်ခန့်အကြာမှာ ဒီ feature ရဲ့ လုံခြုံရေး ဟာကွက်ကနေ ဟက်ကာတွေဟာ သုံးစွဲသူတွေဆီကနေ ဒေါ်လာ ၅ သိန်းခိုးယူသွားခဲ့တယ်လို့The Verge သတင်းမှာ ဖော်ပြထားပါတယ်။



Photo: androidpolice

         ဟက်ကာတွေဟာ 7Pay ကနေ သုံးစွဲသူရာပေါင်းများစွာရဲ့ အကောင့်ထဲကနေ ဝင်ဖြတ်သွားတာ ဖြစ်ပြီး တကယ်တမ်း 7-Eleven ဖောက်သည်တွေဟာ ဒီ feature ကို သုံးပြီး ငွေချေခြင်း မရှိဘူးလို့တိုင်ကြားလာခဲ့တာပါ။ 7Pay ရဲ့ အားနည်းချက်ကတော့ သုံးစွဲသူတစ်ယောက်ရဲ့ မွေးနေ့ ၊ သူ့အီးမေးလ် နဲ့ဖုန်းနံပါတ် သိရင်ကိုပဲ နောက်ထပ် အီးမေးလ်တစ်ခုကို သွားပြီး Password reset ချခိုင်းလို့ရနိုင်တာ ဖြစ်ပါတယ်။

         ပိုဆိုးတာတစ်ခုက 7-Eleven app မှာ ကိုယ်ရေးအချက်အလက် မဖြည့်ဘဲ ကွက်လပ်ချန်ထားတဲ့ သူတွေရဲ့ မွေးနေ့ကို app ဟာ ဇန်နဝါရီ ၁ ရက် ၊ ၂၀၁၉ ရက်စွဲနဲ့အသေသတ်မှတ်ထားတာ ဖြစ်လို့ဟက်ကာတွေအနေနဲ့အကောင့်တွေထဲ ဝင်ဖို့ပိုလွယ်သွားခဲ့တာပါ။ ဒီနည်းနဲ့7Pay သုံးသူ ၉၀၀ ဝန်းကျင်ရဲ့ အကောင့်တွေဟာ ဟက်ကာတွေရဲ့ ပစ်မှတ်ဖြစ်သွားခဲ့ပြီး စုစုပေါင်း ယန်း ၅၅ သန်း ( ဒေါ်လာ ၅ သိန်း) အခိုးခံခဲ့ရပါတယ်။

Photo: Ubergizmo

         7-Eleven ဂျပန်ကုမ္ပဏီမှ သုံးစွဲသူရဲ့ ခရစ်ဒစ်ကတ်နဲ့ချိတ်ဆက်ပြီး ငွေပေးငွေချေ လုပ်နိုင်တဲ့ ဒီ feature ကို ပိတ်ထားပြီး 7Pay feature ရဲ့ ဝက်ဘ်ဆိုက်ကနေလည်း သတိပေး အကြောင်းကြားမှု လုပ်ဆောင်ခဲ့သလို သုံးစွဲသူအသစ် မှတ်ပုံတင်မှုကိုလည်း ရပ်နားထားခဲ့ပါတယ်။

ကုမ္ပဏီဘက်ကတော့ အကောင့်ဟက်ခ်ခံရတဲ့ သုံးစွဲသူတွေကို လျော်ကြေးပေးသွားမှာ ဖြစ်ပြီး ဒီသုံးစွဲသူတွေကို ကူညီဖို့လည်း သီးသန့်Support Line တစ်ခု ဖွင့်ထားတယ်လို့ဆိုပါတယ်။ လောလောဆယ်မှာ တိုက်ခိုက်ခံထားရတဲ့ အကောင့်တစ်ခုကို သုံးဖို့ကြိုးပမ်းနေတဲ့ တရုတ်အမျိုးသားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က