မှန်ကန်တဲ့အချိန်တစ်ခုမှာ ပြုလုပ်သွားမယ်လို့ ပြောခဲ့တာပါ။

ချယ်ဆီးကြယ်ပွင့်တောင်ပံကစားသမား အီဒင်ဟာဇက်က ၎င်းရဲ့အနာဂတ် မရေရာမသေချာဖြစ်နေမှုဟာ ချယ်ဆီးအသင်းအတွက် ၎င်းရဲ့စွမ်းဆောင်ရည်ပေါ်မှာ အကျိုးသက်ရောက်မှုမရှိကြောင်း ပြောကြားခဲ့ပြီး မှန်ကန်တဲ့အချိန်မှာ ကြေညာမှုပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ လခန့်က ပြင်သစ်ရေဒီယိုဌာန RMC နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအတိုဟာ ယခုအပတ်အစောပိုင်းမှာ ပေါ်ထွက်လာခဲ့ပြီး ဟာဇက်က ဘာလုပ်ရမလဲဆိုတာ သိပြီးသားဖြစ်တယ်လို့ ပြောကြားထားခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ ဟာဇက်ဟာ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့လိုကြောင်း သူငယ်ချင်းဖြစ်သူကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်းဟာ ဟာဇက်နဲ့ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပေမယ့် ဟာဇက်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၀၀ အထိ တိုးမြှင့်သတ်မှတ်ထားခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းကို စိတ်ပျက်အောင် ပြုလုပ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဟာဇက်နဲ့ RMC တို့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအပြည့်အစုံထွက်ပေါ်လာခဲ့ပြီး ဟာဇက်က ချယ်ဆီးအသင်းနဲ့ ကာလရှည်အနာဂတ်နဲ့ပတ်သက်ပြီး လိမ်ညာမှုအတွက် ရှက်ကိုးရှက်ကန်းဖြစ်နေပေမယ့်လည်း ချယ်ဆီးအသင်းမှာ ရာသီကုန်အထိ ရှိနေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါတယ်။ ကျွန်တော် ဆုံးဖြတ်ခဲ့ပြီးပါပြီ”

“အခုအတွက်ကတော့ ချယ်ဆီးအသင်းအတွက် ကောင်းကောင်းကစားပေးဖို့တစ်ခုတည်း စဉ်းစားထားပါတယ်”

“ကျွန်တော့်စာချုပ်သက်တမ်းက ၁ နှစ်ခွဲရှိပါသေးတယ်။ အားလုံးလည်း သိပါတယ်။ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို မကြာမီမှာ သိရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ကို အကျိုးသက်ရောက်စေမယ့်တစ်စုံတခုတော့မဟုတ်ပါဘူး”

“အဲဒီအကြောင်း ကျွန်တော် စဉ်းစားပါတယ်။ ဒါပေမယ့် အဲဒီအကြောင်းမစဉ်းစားဘဲနေရင်းနဲ့ပါ။ ကျွန်တော် ကွင်းထဲမှာ ရှိနေတဲ့အခါမှာ ကစားချင်နေတာပဲ သိတယ်။ ပြီးတဲ့နောက်မှာ ဘာတွေဖြစ်လာမလဲ ကျွန်တော်တို့ ကြည့်ရတာပေါ့”

“အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ တွေ့ပါလိမ့်မယ်။ မှန်ကန်တဲ့အချိန်ကို ကျွန်တော်တို့ စောင့်ဆိုင်းရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က