နေပြည်တော်၊ ရန်ကုန်နဲ့မန္တလေး မြို့ကြီးတွေမှာ ပိုအကြမ်းဖက်တိုက်ခိုက်ခံရနိုင်တဲ့သတင်းထုတ်ပြန်ထားပါတယ်။

နေပြည်တော်အပါအဝင် ရန်ကုန်မန္တလေးစတဲ့မြို့ကြီးများ ပိုအကြမ်းဖက်တိုက်ခိုက်ခံရနိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက စက်တင်ဘာလ ၂၆ ရက်နေ့က နေပြည်တော်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။



အမေရိကန်သံရုံးမှ ထုတ်ပြန်ချက်။

"ဒီသတင်းတွေရလို့၊ ဒီလိုကောလဟလ တွေ ဖြစ်မှပဲ ထပြီးတော့ အင်အားတွေ တိုးပြီး လုပ်တာမျိုးလည်းမဟုတ်ပါဘူး။ ရုတ်တရက်တိုက်ခိုက်ခံရရင် အလျင်အမြန်တုန့်ပြန်နိုင်တဲ့အစီအမံတွေ လုပ်ထားတာရှိပါတယ်"လို့ ရဲမှူးကြီး မျိုးသူစိုး ကသတင်းမီဒီယာတွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

လူမှုကွန်ရက်မှာ ပြန့်နှံနေတဲ့ သတင်းတွေကြောင့်လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေတာမျိုးနဲ့ ပိုမိုတဲ့ လုံခြုံရေးတွေ ချထားတာမျိုး မဟုတ်ဘဲ မူလအစီအမံတွေအတိုင်းသာ မူဝါဒနဲ့အညီ စနစ် တကျဆောင်ရွက်နေတဲ့အနေအထားဖြစ်တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။

"ကျနော်တို့ နေပြည်တော်ရယ်လို့တော့မဟုတ်ပါဘူး။ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေ သက် ဆိုင်ရာမြို့တွေမှာ သူတို့ မြို့အနေအထား၊ ဒေသအနေအထားနဲ့ လိုက်လျောညီထွေရှိတဲ့ လုံခြုံရေးအစီအမံတွေ ရေးဆွဲထားတာရှိပါတယ်။ လက်ရှိ အနေအထားမှာလည်း ဒီလုံခြုံရေးအစီအမံတွေနဲ့အညီ ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံ ရေးကို ဆောင်ရွက်နေတာဖြစ်ပါတယ်"လို့ ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးဆောင်ရွက်နေတဲ့အနေအထားတွေကိုလည်း ရဲမှူးကြီး မျိုးသူစိုးက ရှင်းပြခဲ့ပါတယ်။

အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့တဲ့လုံခြုံရေးနဲ့သက်ဆိုင်တဲ့ ကြေညာချက်ကလည်း အမေရိကန်သံရုံးဘက်က သူရလာတဲ့ Source ကို ထုတ်ပြန်တဲ့အနေအထားသာဖြစ်ပြီး ရဲတပ်ဖွဲ့အနေနဲ့တော့ ဒီသတင်းအပေါ်မှတ်ချက်ပြုစရာမရှိဘူးလို့လည်း ရဲမှူးကြီးက မီဒီယာတွေကိုပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က