အခုမှ ဘာလို့ ဆွဲထည့်ပြီး မျိုးစုံဝေဖန်နေကြတာလဲတဲ့။

သရုပ်ဆောင် ခွန်းဆင့်နေခြည်က သူထူးစံနဲ့ ပတ်သက်ပြီး မီဒီယာများနဲ့ ပရိသတ်များဆီသို့ အသိပေးစာဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တစ်ခု တင်ထားတာတွေ့ရပါတယ်။ အဲ့ဒီထဲမှာ သူမနဲ့ သူထူးစံတို့ရဲ့ ပတ်သက်မှုကို သေချာပြောပြပြီး အသိပေးထားတာပါ။

Photo : ခွန်းဆင့်နေခြည် FB

သူမနဲ့ သူထူးစံတို့ဟာ လွန်ခဲ့တဲ့ ၁၇နှစ် (၂၀၀၂ခုနှစ်)လောက်က ချစ်သူတွေဖြစ်ခဲ့ဖူးကြပေမယ့် ချစ်သူသက်တမ်းက (၄)နှစ်ကြာသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

သူထူးစံနဲ့ ကျွန်မ ခွန်းဆင့်နေခြည်တို့သည်လွန်ခဲ့သော ၁၆/၁၇ နှစ်လောက်က (၂၀၀၂)ခုနှစ်မှစ၍ချစ်သူတွေဖြစ်ခဲ့ကြဖူူးတာကိုအနုပညာအသိုင်းအဝိုင်းအပြင် Public ကြားမှလူတော်တော်များများ သိခဲ့ကြပြီးဖြစ်ပါတယ် ချစ်သူမဖြစ်ခင်ကတော့ (၁၉၉၆/၁၉၉၇) ခုနှစ်လောက်က Sayar Jhon Lwin ရဲ့ Star Model Agency အပတ်စဉ်(၁)မှစ၍ဆရာရွေးထုတ်မွေးပေးခဲ့သော တပည့်အယောက်(၂၀) ထဲမှာကျွန်မပါဝင်ခဲ့ပြီး သူထူးစံဟာသူ့အစ်ကိုဒယ်နီယယ် နှင့်အတူလိုက်ပါလာရင်း ဆရာ့ Agency တွင် Model ဝင်လုပ်ခဲ့စဉ်ကတည်းကခင်ခဲ့ကြသည့်ငယ်သူငယ်ချင်းများဖြစ်ပါသည်။တိတိကျကျချစ်သူသက်တမ်းမှာ၂၀၀၂ မှ ၂၀၀၆ ခုနှစ်(၄နှစ်)ကြာမျှအထိရှိခဲ့ပါသည်” ဆိုပြီး ဒီဇင်ဘာ(၂၃) ရက်နေ့ ညက ရေးသားထားတာတွေ့ရပါတယ်။

Photo : ခွန်းဆင့်နေခြည် FB

ချစ်သူရည်းစားဇာတ်လမ်းကို ပိတ်သိမ်းပြီးခဲ့တာ လွန်ခဲ့တဲ့ (၁၂)နှစ်ကျော်လောက်က ဖြစ်ပြီး မကြာသေးခင်က သူထူးစံ မင်္ဂလာဆောင်ချိန်မှာ ဇာတ်လမ်းဟောင်းကြီးတစ်ခုကို ပြန်ဖော်ပြီး နည်းမျိုးစုံနဲ့ တိုက်ခိုက်တာတွေ ရှိလာခဲ့တယ်လို့ သူမက ဆက်လက်ပြောခဲ့ပါတယ်။

“မကြာမှီအချိန်လေးက သူထူးစံ(ခေါ်) ကိုဇော်ဇော်မိုး ရုတ်တရက်ကြီးမိန်းမယူသွားကာမှ ချစ်သူရည်းစားဇာတ်လမ်းကိုပိတ်သိမ်းပြီးခဲ့တာ(၁၂)နှစ်ကျော်ကြာခဲ့ပြီဖြစ်တဲ့ ဇာတ်လမ်းဟောင်းကြီးတစ်ခုကို ခုအချိန်ကျမှ ဆွဲထည့်လာပြီးဘာလို့များ ကျွန်မကို မျိုးစုံတွေဝေဖန်တိုက်ခိုက်လာကြတာလဲဆိုတာကတော့ ဝေဖန်တိုက်ခိုက်သူများက ဖြစ်ရပ်မှန် အနေအထားတွေ အခြေအနေတွေကိုမသိကြသေးလို့ဘဲဖြစ်ပါတယ် ဒါ့ကြောင့် သူ့ဘက်ကိုယ့်ဘက်သက်ဆိုင်သူများ၏ဂုဏ်သိက္ခာများအတွက် ကျွန်မ ရှင်းပြစရာတစ်ခုအဖြစ်လုံးဝ ခေါင်းထဲထည့်မထားခဲ့တဲ့ အကြောင်းအရာတစ်ခုကို အခုကျွန်မကိုယ်တိုင်ဘဲ PUBLIC ကိုတရားဝင်အသိပေးလိုက်ပါတယ်နော် (ရှင်းပြတာမဟုတ်ပါဘူး အသိပေးတာပါ)” ဆိုပြီး သူမက ပြောထားပါသေးတယ်။

Photo : ခွန်းဆင့်နေခြည် FB

ချစ်သူသက်တမ်း ပြတ်ဆဲသွားပြီးတဲ့ နောက်ပိုင်းမှာလည်း အတူတူ ဇာတ်ကားတော်တော်များများ တွဲဖက်ရိုက်ကူး သရုပ်ဆောင်ခဲ့တာတွေ ရှိပါတယ်တဲ့။

“ပြတ်ဆဲသွားပြီးဖြစ်တဲ့ (၁၂)နှစ်ကျော်ကာလအတောအတွင်း၌ (ကျွန်မ)၏ ၁၈ နှစ်ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ကျောက်ဆူးရုပ်ရှင်ထုတ်လုပ်ရေးမှရိုက်ကူးထုတ်လုပ်သော ရုပ်ရှင်ဇာတ်ကားများ ဗီဒီယိုဇာတ်ကားများတွင်သူငယ်ချင်း သူထူးစံအား စာချုပ်စာတမ်းများနှင့်တကွ အနုပညာကြေးပေး၍ ဌားရမ်းကာ ပါဝင်သရုပ်ဆောင်စေခဲ့သလို တခြားထုတ်လုပ်ရေးတွေကလည်း ကျွန်မနှင့်သူထူးစံကိုလိုက်ဖက်မှုရှိတယ်လို့ယူဆကြ၍ခေါ်ယူဌားရမ်းရိုက်ကူးခဲ့ကြသည့်အတွက်ဇာတ်ကားတော်တော်များများမှာတွဲဖက်ရိုက်ကူးသရုပ်ဆောင်ခဲ့ကြရပါတယ် တချို့ပရိသတ်တွေက သူထူးစံနဲ့ကျွန်မကို သူထူးစံမင်္ဂလာမဆောင်ခင်အချိန်ထိ ချစ်သူတွေအနေနဲ့တည်ရှိနေကြတုန်းဘဲလို့ထင်မြင်နေုကြပုံရပါတယ် ဒါကြောင့်လည်း မကြာသေးခင်က သူထူးစံ တိုးတိုးတိတ်တိတ် မိန်းမယူသွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ကျွန်မကိုတချို့တချို့သော ပရိသတ်များနှင့်မီဒီယာတချို့က ပုဂ္ဂိုလ်ရေးအရ မထိတထိ ပုတ်ခပ်ပြောဆိုခြင်း ဖြေရကြပ်စေသော မမေးသင့်သည့်အကြောင်းအရာများကို လိုရာဆွဲမေးခြင်း ပရိသတ်အထင်မှားစေနိုင်မည့် မိမိတို့ လိုချင်သည့် Topic နေရာကိုသာ လိုသလိုတည်းဖြတ်၍ Public ကိုချပြခြင်း သရော်စာများရေးသားပေးပို့ခြင်း လူမှုရေးအရထိခိုက်စေနိုင်သော အနှောင့်အသွားမလွတ်သည့်စကားများပြောဆိုခြင်း စသည့် တိုက်ခိုက်မှုဟုယူဆရသည်များကိုကျွန်မရင်ဆိုင်ခဲ့ရပါတယ် “ ဆိုပြီး အသေးစိတ်ကို ပြောပြထားတာပါ။

Photo : ခွန်းဆင့်နေခြည် FB

ဒါကြောင့် သူမရဲ့ အချစ်ရေးဇာတ်လမ်းနဲ့ ပတ်သက်ပြီး ယခုလို ပြောပြခြင်းဟာ သက်ဆိုင်သူများရဲ့ ဂုဏ်သိက္ခာနဲ့ ရင်ဘက်များကို မထိခိုက် စေချင်တာကြောင့် အမှန်တရားတစ်ခုကို သိသာထင်းရှားအောင် ချပြခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒါကြောင့်လဲ ရှင်းရှင်းလင်းလင်း အများသိသွားအောင်လို့ သိစေချင်လို့ သိသိသာသာဖြစ်သွားအောင်လို့ သက်ဆိုင်သူများ၏ဂုဏ်သိက္ခာနှင့်ရင်ဘတ်များကိုလည်း မထိခိုက်စေချင်လို့ အခုလို အမှန်တရားတစ်ခုကိုထင်ထင်ရှားရှားသိသွားအောင် ချပြပေးလိုက်ခြင်းဖြစ်ပါတယ် မမှန်မကန်ရေးသားထားတာဘာတစ်ခုမှမပါဝင်ပါ။ ဒီထက်မကတဲ့ အသေးစိတ်တွေကိုရေးပြလို့ရသေးပေမဲ့ နှစ်ဦးနှစ်ဘက်သက်ဆိုင်သူများ၏ ဂုဏ်သိက္ခာများကိုငဲ့ကွက်၍ ဒီလောက်ဆိုလုံလောက်ပြီလို့ထင်ပါတယ် မစီမဆိုင် သရော်စာများပေးပို့နေကြခြင်းများကိုလည်းရပ်တန့်ပေးဖို့ တောင်းဆိုလိုက်ပါတယ် ဒါပါဘဲနော် •• ” လို့ သူမက ပြောထားတာပါ။

Photo : ခွန်းဆင့်နေခြည် FB

သူမဟာ အခုလက်ရှိမှာ ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်ပေမယ့် နောက်ပိုင်း ဇာတ်ကားတွေ ရိုက်ကူးဖို့အတွက် ဇာတ်တွေ ရွေးနေတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို ပြောပြခဲ့ဖူးပါတယ်။ မကြာသေးခင်က ရုံတင်ခဲ့တဲ့ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားဟာဆိုရင် လည်း ပရိသတ်အားပေးမှု ရရှိခဲ့တာတွေ့ရပါတယ်။

ခွန်းဆင့်နေခြည်က သရုပ်ဆောင်ဘက်မှာသာမက စာလာလာမဖတ်နဲ့ တေးစီးရီးထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ အဆိုတော် မင်းသမီး ခွန်းဆင့်နေခြည်ဟာ ကိုယ်လုံးကိုယ်ပေါက် လှပတဲ့အတွက်လည်း နာမည်ကြီးသူပါ။ အခုတော့ ဒါရိုက်တာ လုပ်ဖို့ စဉ်းစားနေပြီဖြစ်တာကြောင့် သူမရဲ့ ပရိသတ်တွေအတွက် ရသသစ်တွေခံစားရဦးမှာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က