အမှတ်တရလေးတွေ ပြောပြလာပါတယ်။

ဟာသလူရွှင်တော် မျောက်ရှုံးကတော့ Covid ကာလအတွင်း မှာ အနုပညာအလုပ်တွေ မလုပ်ရတဲ့ သရုပ်ဆောင်ကြီးတွေကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးကူညီပေးနေတဲ့ ဖြူဖြူထွေးရဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ 

Photo: Phyu Phyu Htwe



မျောက်ရှုံးဟာ Covid ကာလအတွင်းမှာ ဖြူဖြူထွေး နဲ့ အတူ ကြော်ငြာတွေရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ ယခင်ကတည်းကလည်း ဖြူဖြူထွေးနဲ့ ရင်းနှီးတဲ့ မျောက်ရှုံးဟာ အခုလို အချိန်အတွင်းမှာ အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ အနုပညာရှင်တွေကို ကူညီပေးနေတဲ့ သူမကို ကြည့်ပြီး အရမ်းဝမ်းသာ ပီတိဖြစ်မိတယ်လို့ ဆိုပါတယ်။

 “ Covid ကာလမှာ လူကြီးတွေ အပေါ် ပံ့ပိုးကူညီပေးတယ်၊ ကန်တော့တယ် ဆိုတဲ့ စိတ်ဓာတ်က တကယ်ကို ချစ်စရာကောင်းပါတယ်။ လူတော်တော်များများက ဒုက္ခရောက်နေကြတဲ့အချိန်ဆိုရင် ကိုယ့်အတွက်ကိုယ်ထည့်တဲ့ လူတွေရှိတယ်။ သူ့ရဲ့ စိတ်က ဘယ်လိုလည်းဆိုတော့ သူရတဲ့ အရာလေးကို တစ်ယောက်တည်း မသုံးပဲနဲ့ ဝေစားမယ် ဆိုတဲ့ စိတ်ဓာတ်လေးရှိတယ်။ နှစ်တွေ ကြာလာတဲ့ အချိန်မှာတော့ သူ ရင့်ကျက်မှုတွေ ရလာမှာပါ” လို့ ဆိုပါတယ်။ 

Photo: Phyu Phyu Htwe

မျောက်ရှုံးကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်လာရပြီဖြစ်တဲ့ ဖြူဖြူထွေးအတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ အရင်ဘဝက ဖြူဖြူထွေးဟာ သူ့ရဲ့ အမေများ တော်ခဲ့ဖူးတယ်လို့တောင် စနောက်ခဲ့ပါသေးတယ်။

“ကျွန်တော်ဆို ခဏခဏ ပြောတယ် ဖြူဖြူထွေးက အရင်ဘဝက ကျွန်တော်တို့ရဲ့ အမေ တော်ခဲ့ဖူးတယ်။ သူက အရမ်းရိုးသားတယ်။ သူ့ကိုပြောဖူးတယ် သမီးလေး ဒီအတိုင်းလေးပဲ ရိုးရိုးသားသားနေပါ။ ဒီရိုးသားတဲ့ စိတ်လေးကို မပြောင်းလဲနဲ့ ပရိသတ်ကလည်း သမီးရဲ့ စိတ်လေးကို ချစ်နေကြတာ။ ဒီကလေးက လိမ္မာပါတယ်၊ အခုဆိုရင် သူ့ဘဝလေးက လှလှပပလေး ဖြစ်လာတာ ဝမ်းသာပါတယ်” လို့ ဇူလိုင် ၁၉ ရက်နေ့က Duwun ကို ပြောပြခဲ့တာပါ။ 

Photo: Phyu Phyu Htwe

မျောက်ရှုံးကိုတော့ 5 Stars လူရွှင်တော်အဖွဲ့ဝင်တစ်ယောက်အဖြစ် ပရိသတ်တွေစတင်အားပေးခဲ့တာဖြစ်ပြီး 5 stars အဖွဲ့ဟာ အရမ်းကို အောင်မြင်ခဲ့တဲ့အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။ ယခုလက်ရှိ မိုးရာသီအချိန်မှာ ပွဲတွေမရှိတော့ပေမယ့်လည်း ပရိသတ်တွေအတွက် 5 stars Entertainment Page ကနေ ဗီဒီယိုတွေ တင်ပေးပြီး သူတို့ရဲ့ ပရိသတ်တွေကို ပျော်အောင် တင်ဆက်ပြသနေတာလည်း တွေ့ရပါတယ်။ မျောက်ရှုံးဟာ လူရွှင်တော် တစ်ယောက်အဖြစ်သာမက ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေမှာလည်း ဇာတ်ပို့တစ်ဦးအနေနဲ့ ပါဝင်သရုပ်ဆောင်နေရပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က