ဆုငွေ စုစုပေါင်း ၃၂သိန်း ၇ သောင်း ရရှိခဲ့တာဖြစ်ပါတယ်။

ပိုင်ဖြိုးသုနဲ့အတူ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးတို့ဟာ ‘’ပြည်သူ့အကယ်ဒမီ’’ဆိုတဲ့ ဆုချီးမြှင့်ပွဲကနေရတဲ့ ဆုကြေးငွေအားလုံးကို ကျန်းမာရေးမကောင်းဖြစ်နေကြတဲ့ ဟာသသရုပ်ဆောင်တွေဖြစ်ကြတဲ့ မန်းဝင်း၊ ဦးဝင်းနိုင်၊ ဦးပေါ်လေး၊ ဦးဧရာ၊ ကစ်ကစ်နဲ့ နွယ်နီတို့ကို လှူဒါန်းခဲ့တာ တွေ့ရပါတယ်။





Photo: Paing Phyo Thu



ဒါ

ိုက်တာ ဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသု တို့ဟာ ပရိသတ်တွေက ပေးတဲ့ ပြည်သူ့အကယ်ဒမီ ပေးပွဲက ဆုချီးမြှင့်ခဲ့တဲ့ ၃၂ သိန်း ၇သောင်း အားလုံးကို နာမကျန်းဖြစ်နေတဲ့ ဝါရင့် သရုပ်ဆောင်ကြီးတွေကို ပြန်လည်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။


’၁၂ရက်ညနေက ပြည်သူ့အကယ်ဒမီ ဆိုပြီးအနယ်နယ်အရပ်ရပ်က သုသုတို့ပရိတ်သတ်တွေ ပေးခဲ့တဲ့ ပန်းပုရုပ်ထုနဲ့ အတူသုသုတို့ရရှိခဲ့တဲ့ ချီးမြှင့်ငွေအားလုံးကို ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ ဘဘဦးမန်းဝင်း ဘဘဦးပေါ်လေး ဘဘဦးဝင်းနိုင်(အနုပညာ) လေးလေးဦးဧရာ မကြီးကစ်ကစ် မကြီးနွယ်နီ တို့ကိုခွဲဝေကန်တော့ခဲ့ပါတယ်’’လို့ မေလ ၁၄ ရက်နေ့ မနက် ၉နာရီ ၃မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။





Photo: Paing Phyo Thu

ဒါကြေ

့် အားပေးတဲ့ ပရိသတ်တွေအတွက်ကိုလည်း ဒီအလှူလေးကို ပိုင်ဖြိုးသုက ပြန်လည်မျှဝေခဲ့ပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံတွေလည်း တင်ခဲ့တာကို တွေ့ရပါတယ်။



‘’သုသုတို့ရဲ့ခုနစ်ရက်သားသမီးပရိတ်သတ်တွေရဲ့ အလှူဖြစ်တာမို့ အားလုံးသာဓုခေါ်နိုင်အောင် ပြန်လည်မျှဝေလိုက်ပါတယ်ရှင့်။ တစ်အိမ်တက်ဆင်းသုသုတို့သွားလှူချင်သမျှကို ပါရမီဖြည့်ပြီးလိပ်စာတွေစုံစမ်းပေး အဖော်လိုက်ပေးတဲ့ စေတနာ့ဝန်ထမ်း မကြီးနှိုင်းယှဉ်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်’’ လို့ ဆက်လက်ရေးသားထားပါသေးတယ်။

Photo: Paing Phyo Thu

ပြည်သူ့အကယ်ဒမီ ပေးပွဲကို မေလ ၁၂ ရက်နေ့က Seedspace Yangon မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲလေးဟာ ‘’မီ’’လုပ်ရှင်ဇာတ်ကားကြီးကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေ၊ ဇဏ်ခီ နဲ့ ခရစ္စတီးနားခီ တို့ရဲ့ အနုပညာအရည်အချင်းတွေကို အားပေးကြတဲ့ ပရိသတ်တွေရဲ့ စုပေါင်းငွေနဲ့ ပြုလုပ်ခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသု တို့ရဲ့ အလှူကြောင့်လည်း ပရိသတ်တွေက ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

Photo: Paing Phyo Thu

ပိုင်ဖြိုးသုဟာ အနုပညာပျိုးခင်း(၂)ရဲ့ စင်တင်မင်းသမီးချောလေး တစ်ယောက်ဖြစ်ပါတယ်။ သူမဟာလက်ရှိအောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။ ပိုင်ဖြိုးသုဟာ ‘’သရဲမ၊ ဘီလူးမ နဲ့ မိန်းမပျို’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ထားသူပါ။

အခုဆိုရင်လည်း ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့ အတူ အနုပညာအလုပ်တွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သူမဟာ မီရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း Star Awards က ချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က