ကံကောင်းစေမယ့် နှစ်။

အိချောပိုဟာ သူမရဲ့ အနုပညာကြေးက ရတဲ့ ဝင်ငွေနဲ့ မွေးနေ့ပွဲတွေ. အလှူအတန်းတွေ လုပ်နိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်. သူမရဲ့ မွေးနေ့ အလှူကို ရန်ကုန်မှာသာမက တောင်တွင်းကြီးက ဗိဿနိုး မြို့ဟောင်းမှာပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်.

Photo: Zaw G

သရုပ်ဆောင် အိချောပိုဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ က အသက် ၂၈ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်. ဒီနှစ် မွေးနေ့မှာတော့ သူမရဲ့ ကြိုးစားအားထုတ်မှုတွေ နဲ့ ရလာတဲ့ အနုပညာကြေးထဲကမှ နေရာဒေသ တော်တော်များများမှာ အလှူအတန်းတွေ လုပ်နိုင်ခဲ့လို့ ပီတိဖြာနေတယ်လို့ ဆိုပါတယ်.

'' 2K19 နှစ်တစ်နှစ်ရဲ့ အစ ကိုယ့်မွေးနေ့လေးမှာ ရိုးရိုးသားသားနဲ့ကြိုးစားပြီးမှရလာတဲ့ ကိုယ့်အနုပညာကြေးလေးနဲ့ တတ်နိုင်သရွေ့အလှူအတန်းလေးတွေကို အနယ်နယ်အရပ်ရပ်မှာ ဖြန့်ပြီးလုပ်ဖြစ်သလို ချစ်ရတဲ့သူတွေနဲ့ ပျော်စရာကောင်းတဲ့မွေးနေ့ပါတီလေးကိုလည်းလုပ်နိုင်ခဲ့တယ်..နှစ်စမှာပျော်ရွှင်စရာလေးတွေနဲ့စခဲ့ရလို့ ကံကောင်းမယ့်နှစ်လို့ယုံကြည်လိုက်တယ်..Love you all'' ဆိုပြီးတော့ ဇန်နဝါရီလ ၆ ရက်နေ့ နေ့လည် ၁၂ နာရီ ၅၅ မိနစ်က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်.

Photo: Eichawpo

အိချောပိုကသူမ ရဲ့မွေးနေ့ပွဲကို WDC အမျိုးသမီးများ ဖွွံ့ဖြိုးတိုးတက်ရေး ကျောင်းမှာ အလှူပြုလုပ်ခဲ့တာဖြစ်ပါတယ်. အဲ့ဒါအပြင် တောင်တွင်းကြီးမြို့မှာလည်း အလှူအတန်းတွေ လုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်.

'' တောင်တွင်းကြီး ဗိဿနိုးမြို့ဟောင်းမှ ပန်ထွာဘုရင်မကြီးတည်ထားသော ရွှေရောင်တော်စေတီတော်မြတ်ကြီးပြန်လည်ပြုပြင်မွမ်းမံဖို့အတွက် တတ်နိုင်သလောက်လှူဒါန်းဖြစ်တဲ့ မွေးနေ့အလှူလေး'' ဆိုပြီးတော့လည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇန်နဝါရီလ ၃ ရက်နေ့က တင်ခဲ့တာကို တွေ့ရပါတယ်.

Photo: Zaw G

အိချောပိုဟာ ၂၀၁၇ ခုနှစ်အကယ်ဒမီ ထူးချွန်ဆု ပေးပွဲမှာ ပွဲခံမယ်ရုပ်ရှင်ဇာတ်ကား၊ အမည်ပေါက်နဲ့ကျူး ရုပ်ရှင်ဇာတ်ကားကြီးတို့ နဲ့လည်း အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် ပရိသတ်တွေ ထင်ကြေးပေးခံခဲ့ရဖူးပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူး နေရတာကိုလည်း တွေ့ရပါတယ်။

Photo: Zaw G

အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်အရှေ့ကိုရောက်လာတဲ့ အိချောပိုဟာ အခုဆိုရင် အရမ်းကိုအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာအလှအပကြောင့်လည်း ပရိသတ်တွေအားကျရသလို ဇာတ်ရုပ်တိုင်း အပေါ် သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ပရိသတ်အချစ်ကို ပိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အိချောပိုဟာ ၂၀၁၇ ခုနှစ်အကယ်ဒမီ ထူးချွန်ဆု ပေးပွဲမှာ ပွဲခံမယ်ရုပ်ရှင်ဇာတ်ကား၊ အမည်ပေါက်နဲ့ကျူး ရုပ်ရှင်ဇာတ်ကားကြီးတို့ နဲ့လည်း အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် ပရိသတ်တွေ ထင်ကြေးပေးခံခဲ့ရဖူးပါတယ်။

Share

Loading Next Article...
က္က