City FM က ဆုချီးမြှင့်တာဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ ၂၀၁၈ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး စတူဒီယိုတေးသံရှင်ဆုကို ရရှိပိုင်ဆိုင်သွားပါပြီ။

City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Show ကြီးမှာ၂၀၁၈ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး စတူဒီယို တေးသံရှင်ဆုကို စိုင်းစိုင်းခမ်းလှိုင်က ဆွတ်ခူးရရှိသွားပါတယ်။



'' အားလုံးကျေးဇူးတင်ပါတယ် ၁၇ နှစ်လုံးလုံး အားပေးခဲ့တဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ် လွန်ခဲ့တဲ့ ၁၇ နှစ်လုံးလုံး ဆက်မိုက်ခွင့်ရအောင်လုပ်ပေးတဲ့ပရိသတ်တွေနဲ့ Hip Hop ကို ယုံယုံကြည်ကြည်လွှင့်ပေးတဲ့ City FM ကိုကျေးဇူးတင်ပါတယ် Frenzo ကိုလည်း ကျေးဇူးတင်ပါတယ် ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်'' ဆိုပြီးတော့ စိုင်းစိုင်းက စိတ်လှုပ်ရှားရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Show ကြီး ကို ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီ ကစပြီး  ရန်ကုန် မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမ မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီ ပွဲကြီးကို တက်ရောက်လာတဲ့ အနုပညာရှင်တွေ ကလည်း အများကြီးပါ။ ဘယ်အဆိုတော်က ဘာဆု ရမလဲဆိုတာကိုလည်း စိတ်လှုပ်ရှားပြီး စောင့်ကြည့်နေကြတဲ့ ပွဲကြီး တစ်ပွဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဂီတလောကရဲ့ ထိပ်ဆုံးမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ဖေ့စ်ဘွတ်ပရိသတ် ၈ သန်း ကျော်ကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ သူ့ကို အားပေးချစ်ခင်နေကြတဲ့ ပရိသတ်တွေအတွက်လည်း ဒီ့ထက်ပိုကြိုးစားသွား ဦးမယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က