ဘယ်သူတွေ ဖြစ်မလဲ။

၂၀၁၈ခုနှှစ်ဟာ ပရိသတ်တွေကို အ့ံ့သြမှုတွေ ပေးတဲ့ နှစ်တစ်နှစ်ဖြစ်သလို စိတ်မကောင်းစရာတွေ ပေးခဲ့တဲ့ နှစ်တစ်နှစ်လို့လဲ ဆိုရမှာပါ။ ဒီနှစ်ထဲမှာ အနုပညာလောကကြီးနဲ့ ချစ်တဲ့ မိသားစု၊ ပရိသတ်တွေကို စွန့်ခွာသွားတဲ့ အနုပညာရှင် ကြယ်ပွင့်တွေ ရှိပါတယ်။ 

သရုပ်ဆောင်/အဆိုတော် မင်းသွေး

ဘာရောဂါဝေဒနာမှ မရှိသလို ကျန်းမာရေးလိုက်စားတဲ့ မင်းသွေးတစ်ယောက် ရုတ်တရက် ဆုံးပါးသွားခဲ့တဲ့ သတင်းကြောင့် အားလုံး ထိတ်လန့်သွားခဲ့ရပါတယ်။ မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ည(၁၁း၂၀)က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာပါ။ မင်းသွေးက သူငယ်ချင်းတွေနဲ့အတူ ဘောလုံးကန်ပြီးနောက် ခဏနားပြီး ရေသောက်လိုက်တဲ့အချိန် ရုတ်တရက် လဲကျသွားရာက သတိပြန် မလည်လာတော့တာ ဖြစ်ပါတယ်။ မင်းသွေး ဆုံးပါးသွားတဲ့ သတင်းဟာ အနုပညာလောကအသိုင်းအဝိုင်း တစ်ခုလုံးသာမက တစ်နိုင်ငံလုံးကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်။

ဒီသတင်းကို ကြားရတဲ့ သူတွေအဖို့ ယုံကြည်ဖို့ တော်တော်ခက်ခဲခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံးခရီးဟာ ဒီနှစ်ထဲမှာ အစည်ကားဆုံးလို့ ပြောရမှာပါပဲ။ မင်းသွေးရဲ့ နောက်ဆုံး ရုပ်အလောင်းကို မြင်ချင်လို့ ညကတည်းက ရေဝေးသုဿန်မှာထိုင်စောင့်နေကြတဲ့ ပရိသတ်တွေ တောင်ရှိခဲ့ပါတယ်။ မင်းသွေးရဲ့ ကြွင်းကျန် ရုပ်ကလပ်ကို အောက်တိုဘာ(၇) ရက်နေ့ မနက်ပိုင်းကရေဝေးသုဿန်မှာ မီးသဂြိုလ်ခဲ့ပြီး အရိုးပြာကို ဂူသွင်းခဲ့တာ ဖြစ်ပါတယ်။ အကိုဖြစ်သူ နေတိုးကိုယ်တိုင်ကလည်း ညီဖြစ်သူ မင်းသွေးရဲ့ နောက်ဆုံးခရီးကို အတည်ငြိမ်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးနိုင်ခဲ့တာကြောင့် အားလုံးက လေးစားခဲ့ရပါတယ်။

သရုပ်ဆောင် ဒေါ်စံပယ်

နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါကို ခံစားနေရတဲ့ ဒါ်စံပယ်ဟာ အိပ်ရာထဲ လဲနေခဲ့တာ လနဲ့ချီကြာခဲ့ပါတယ်။ သူ ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ပြန်လုပ်ချင်တယ်လို့ တဖွဖွပြောနေခဲ့သူပါ။

ဆေးကုသမှု ခံယူလိုက် နေအိမ်မှာ အနားယူလိုက်နဲ့ ကျန်းမာအောင် နေနေရတဲ့ ကြားထဲက ဒေါ်စံပယ် ဆုံးပါးသွားပြီး ဆိုတဲ့ သတင်းတွေခဏခဏ ထွက်ပေါ်ခဲ့လို့ သူမမှာ ဖြေရှင်းခဲ့ရပါသေးတယ်။ဒါပေမယ့် နောက်ဆုံးမှာ ထွက်ပေါ်လာတဲ့ သတင်းကိုတော့ သူမမဖြေရှင်းနိုင်ခဲ့ပါဘူး။သူမချစ်တဲ့ အနုပညာလောကနဲ့ သူမရဲ့ မိသားစုကို ၂၀၁၈ခုနှစ် အောက်တိုဘာ(၂၄)ရက်နေ့ နံနက်(၃) နာရီက နှုတ်ဆက်သွားခဲ့တာပါ။ သူမရဲ့ နောက်ဆုံးခရီးကို အောက်တိုဘာ(၂၆)ရက်နေ့က ပြုလုပ်ခဲ့ပြီး ဇာတ်ပို့သရုပ်ဆောင်တော်တော်များများ လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။

ဒါရိုက်တာ ဦးခင်ဇော်


ဒါရိုက်တာ ဦးခင်ဇော်ဟာ ဝါရင့် အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒါရိုက်တာမိုက်တီး၊ သရုပ်ဆောင်ချစ်ချစ်ဇော်၊ သရုပ်ဆောာင် လင်းဇာနည်ဇော်တို့ရဲ့ ဖခင်ကြီးဖြစ်ပါတယ်။ အနုပညာရှင်တော်တော်များများရဲ့ ဆရာတစ်ဆူလည်း ဖြစ်ပါတယ်။ ဒါရိုက်တာ ဦးခင်ဇော်ဟာ အချိန်အတော်ကြာ ဦးနှောက်ကျုံ့တဲ့ ရောဂါကို ခံစားနေရတာဖြစ်ပြီး ၂၀၁၈ခုနှစ် ဒီဇင်ဘာ(၃) ရက်နေ့က အားလုံးကို စွန့်ခွာသွားခဲ့တာပါ။ ဦးခင်ဇော် ဆုံးပါးသွားချိန်မှာ သားဖြစ်သူ

မိုက်တီးက မူးယစ်ဆေးမှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်လို့ သူ့ဘေးနားမှာ ရှိမနေခဲ့ပါဘူး။ ဒီတစ်ချက်ဟာ ပရိသတ်တွေသာမက အိမ်သားတွေပါ အရမ်းကို ခံစားခဲ့ရတဲ့ အခြေအနေတစ်ခုဖြစ်ခဲ့တာပါ။ ဝါရင့်ဒါရိုက်တာကြီး ဦးခင်ဇော်ဟာ အသက်(၉၁)နှစ်မှာ သူချစ်တဲ့ အနုပညာလောကကြီးနဲ့ ချစ်တဲ့သူတွေအားလုံးကို နှုတ်ဆက်သွားခဲ့ပါတယ်။

Share

Loading Next Article...
က္က