ဘယ်သူတွေ ပါမလဲ။

၂၀၁၈ခုနှစ်ဟာ ပရိသတ်တွေအတွက် Surprise တွေ တော်တော်ပေးတဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ နှစ်အစကတည်းက ပရိသတ်တွေအတွက်ရော အနုပညာအသိုင်းအဝိုင်းအတွက်ပါ မထင်မှတ်တဲ့ သတင်းတွေ ပေါ်ထွက်ခဲ့သလို ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ မင်္ဂလာပွဲတွေလည်း ရှိခဲ့ပါတယ်။ ဒီနှစ်ထဲမှ အနုပညာရှင်တွေရဲ့ မင်္ဂလာပွဲက (၆) ပွဲတောင် ရှိခဲ့ပါတယ်။

Photo : ယွန်းဝတီလွင်မိုး FB

ယွန်းဝတီလွင်မိုး ၊ ထက်ဦးလှိုင်

၂၀၁၈ ခုနှစ် နှစ်စစချင်းမှာပဲ သရုပ်ဆောင်လွင်မိုးရဲ့ သမီးကြီး ယွန်းဝတီလွင်မိုးရဲ့ မင်္ဂလာသတင်းက ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အားလုံး မယုံကြည်နိုင်ဖြစ်ခဲ့ပါတယ်။ အနုပညာအသိုင်းအဝိုင်းကရော ပရိသတ်ကပါ ကလေးလို့ သတ်မှတ်ထားတဲ့ ခေးလေးက ရုတ်တရက် မင်္ဂလာဆောင်သွားတော့ အားလုံးက နှမြောတသ ဖြစ်ခဲ့ရပါတယ်။

၂၀၁၈ခုနှစ် အောက်တိုဘာလထဲမှာ အသက်(၂၀) ပြည့်သွားခဲ့တဲ့ယွန်းဝတီလွင်မိုးဟာ သူမရဲ့ ချစ်သူ ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးခဲ့ပြီး ညနေပိုင်းမှာ အဲဒီဟိုတယ်မှာပဲ မင်္ဂလာညစာစားပွဲ ကျင်းပခဲ့ပါတယ်။ မင်္ဂလာပွဲပြီးသွားချိန်မှာ သူတို့ဇနီးမောင်နှံဟာ သြစတြေးလျနိုင်ငံ မယ်လ်ဘုန်းမြို့ကို ပြန်သွားပြီး ပညာဆက်လက် သင်ယူခဲ့ပါတယ်။ အခုဆိုရင် သူတို့မှာ Liam ဆိုတဲ့ ချစ်စဖွယ် သားလေးတစ်ယောက်တောင် ရှိနေပါပြီ။

Photo : My Dream

န္ဒီမြင့်လွင် ၊ သီဟလွင်

တစ်နှစ်ကြာချစ်သူဖြစ်ခဲ့တဲ့ ကိုသီဟလွင်နဲ့ လက်တွဲလိုက်တဲ့ အဆိုတော် စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာပွဲက အားကျဖွယ် မင်္ဂလာပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ မင်္ဂလာပွဲမတိုင်ခင်မှာ ရိုမန့်တစ်ဆန်ဆန် Pre Wedding တွေများစွာ ရိုက်ကူးခဲ့ပြီးနောက် မင်္ဂလာပွဲကို ပြုလုပ်ခဲ့တာပါ။

စန္ဒီမြင့်လွင်ဟာ ချစ်သူ ကိုသီဟလွင်နဲ့ မတ်လ(၄) ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မင်္ဂလာလက်မှတ်ထိုးပွဲကို နှစ်ဖက်မိဘများနဲ့ ရိုးရိုးရှင်းရှင်းလေး ပြုလုပ်ခဲ့ပေမယ့် မတ်လ(၁၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ မင်္ဂလာဧည့်ခံပွဲကတော့ ဂီတနဲ့ ရုပ်ရှင်နယ်ပယ်က အနုပညာရှင်တွေနဲ့ စည်ကားခဲ့တဲ့ မင်္ဂလာဧည့်ခဲ့ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။

သူတို့မင်္ဂလာပွဲမှာ သတို့သား၊ သတို့သမီးအရန် များအဖြစ် မင်းသွေး၊ အားတီ၊ X Box ၊ ဆန်းတိုးနိုင်၊ အေးမြတ်သူ၊ အိချောပို၊ မေမြင့်မိုရ်နှင့် ဂျင်းနီတို့ က ပါဝင်ကူညီခဲ့ပြီးသင်ဇာဝင့်ကျော်နှင့် စိုးပြည့်သဇင်တို့က ပန်းကြဲများအဖြစ် ပါဝင်ပေးခဲ့ကြတာပါ။အဲ့ဒီနောက် မင်္ဂလာညစာစားပွဲကို မတ်လ(၁၂) ရက်နေ့မှာ နိုဗိုတယ်ဟိုတယ်တွင် အနုပညာမောင်နှမများ၊ မိတ်ဆွေများနဲ့အတူ ပျော်ရွှင်စွာ ပြုလုပ်ခဲ့ပါတယ်။

Photo : သက်သခင် FB

စိုးရန်အောင် ၊ သက်သခင်

အနုပညာလောကထဲမှာ နေရာတစ်နေရာစီ ခိုင်ခိုင်မာမာရရှိထားတဲ့ သူတို့နှစ်ဦးဟာ ချစ်သူသက်တမ်း(၈)နှစ်ကျော်မှာ လက်ထပ်ခဲ့ကြတာပါ။ နားလည်မှုတွေနဲ့ ချစ်သူသက်တမ်းကိုု (၈)နှစ်ကျော်ကြာ ထိန်းသိမ်းနိုင်ခဲ့တဲ့ သူတို့အတွဲလေးကလည်း ပရိသတ်တွေအားကျရတဲ့ အတွဲတစ်တွဲပါ။

သူတို့ရဲ့ စေ့စပ်ကြောင်းလမ်းပွဲကို နိုဝင်ဘာ(၉)ရက်နေ့က အင်လျားလိတ်ဟိုတယ်မှာ အရင်ဆုံး ပြုလုပ်ခဲ့တာပါ။စေ့စပ်ပြီး လအနည်းငယ်အကြာ ၂၀၁၈ခုနှစ် ဧပြီ(၆) ရက်နေ့က ကိုးမိုင်ရှိ ပရိယတ္တတိသဒ္ဓမ္မပါလ အောင်မြေဘုံသာ သျှာမ်းကျောင်းတိုက်မှာ မင်္ဂလာဦးဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ပါတယ်။

Photo : Amazing Grace

ရွှေထူး ၊ ရွှေမှုံရတီ

ရွှေနှစ်ရွှေရဲ့ မင်္ဂလာသတင်းက ပရိသတ်တွေကိုသာမက အနုပညာအသိုင်းအဝိုင်း တစ်ခုလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၈ခုနှစ်ထဲမှာ ချစ်သူတွေဖြစ်ခဲ့ပြီး ဒီနှစ်ထဲမှာပဲ မင်္ဂလာပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ရွှေမှုံနဲ့ ရွှေထူးဟာ အောက်တိုဘာ(၃၀) ရက်နေ့က နေပြည်တော်ရှိ Park Royal hotel မှာနှစ်ဦးသဘောတူ တိတ်တဆိတ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီနောက်မှ သူတို့နှစ်ယောက်လက်ထပ်လိုက်ပြီဆိုတဲ့သတင်းကို လူသိရှင်ကြားပြောပြခဲ့ပြီး နိုဝင်ဘာ(၉) ရက်နေ့ အောင်ဇဗ္ဗူတောရကျောင်း မင်္ဂလာဦးဆွမ်းကျွေးအလှူပြုလုပ်ခဲ့ပါတယ်။ ဒီလိုပွဲမျိုးမှာ နှစ်ဖက်မိဘတွေ ပါဝင်ခဲ့ခြင်းတဲ့အတွက် လူအများရဲ့ ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။

မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာ(၁၁) ရက်နေ့က အင်းလျားလိတ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာညစာစားပွဲကို No camera ၊ No record လို့ သတ်မှတ်ကာ မီဒီယာတွေကို လာရောက်သတင်းယူခွင့်မပေးဘဲ အရင်းနှီးဆုံးသူတွေနဲ့ မင်္ဂလာပွဲကိုရိုးရိုးရှင်းရှင်းနဲ့ ရိုမန်တစ်ဆန်ဆန် ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲ ပြီးတဲ့နောက် သူတို့နှစ်ဦးဟာ ဥရောပသို့ ဟန်းနီးမွန်းခရီး ထွက်သွားခဲ့ပါတယ်။

Photo : ညီညီမောင် FB

ခိုင်သဇင်ယုဝါ ၊ ရဲထွဋ်

မော်ဒယ်လောကမှာ နေရာတစ်နေရာ ရရှိထားတဲ့ခိုင်သဇင်ယုဝါက ချစ်သူသက်တမ်း(၃)နှစ်မှာ ချစ်သူ ကိုရဲထွဋ်နဲ့ ရွှေလက်တွဲခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက နိုဝင်ဘာ(၂၉) ရက်နေ့ နှစ်ဦးသဘောတူ မင်္ဂလာလက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

Photo : Win Studio

သူထူးစံ ၊ ထိုက်ဆုဝင်း

လူပျိုကြီး သူထူးစံရဲ့ မင်္ဂလာသတင်းကတော့ ပရိသတ်တွေ လုံးဝမထင်ထားတဲ့ သတင်းပါ။ အင်တာဗျူးတိုင်းမှာ အချစ်ရေးနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် ဖြေလေ့ဖြေထ မရှိတဲ့ သူထူးစံရဲ့ မင်္ဂလာသတင်းက အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

သရုပ်ဆောင် သူထူးစံ နဲ့ သရုပ်ဆောင် ထိုက်ဆုဝင်းတို့ဟာ ဒီဇင်ဘာ(၉) ရက်နေ့ မနက်ပိုင်းက နေပြည်တော်၊ တပ်ကုန်းရှိ ငွေတောင်တောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကပ်အလှူလုပ်ခဲ့ပါတယ်။ ညနေပိုင်းမှာ နေပြည်တော်ရှိ မဟာဗောတိကျောင်းတိုက်၊ ပရဟိတိ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ မင်္ဂလာဦးအလှူအနေနဲ့ ကလေးတွေကို လိုအပ်တာတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။



Photo : Diro by Heart

အမရာငြိမ်း ၊ သော်ဇင်ကျော်ကျော်

အလှမယ် အမရာငြိမ်းက ချစ်သူကောင်လေးနဲ့အတူ ဒီဇင်ဘာ(၂၅) ရက်နေ့က နှစ်ဦးသဘောတူ လက်မှတ်ထိုးပွဲပြုလုပ်ခဲ့ပါတယ်.အလှမယ် အမရာငြိမ်းက Miss Universe Myanmar 2018 ပြိုင်ပွဲမှာ ရန်ကုန်ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေရင်းက အိမ်ထောင်ပြုသွားခဲ့တာပါ. အလှမယ်ပြိုင်ပွဲကိုတောင် စွန့်လွှတ်ပြီး အခုလို လက်ထပ်သွားတာကြောင့် ပရိသတ်တွေ အံ့သြနေကြပါတယ်.

Share

Loading Next Article...
က္က