၂၀၁၇ ခုနှစ်ထက် လျော့နည်းခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းအတွင်းမှာ ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုကတော့ မန္တလေးတိုင်းမှာ အများဆုံးဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကနေ ဇန်နဝါရီ ၂၄ ရက်ကထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရှိရပါတယ်

Photo- အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး



ရန်ကုန်တိုင်းအတွင်းမှာ ယာဉ်တိုက်မှုပေါင်း ၂၆၈၄ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိမှု ၃၁၆၄ မှုနဲ့ သေဆုံးမှု ၅၉၉ မှုရှိခဲ့ကာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားခဲ့တာပါ။

Photo- အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

မန္တလေးတိုင်းအတွင်းမှာတော့ ယာဉ်တိုက်မှု ၂၂၄၃ မှု၊ ဒဏ်ရာရရှိမှု ၃၄၀၉ မှုနဲ့ သေဆုံးမှုက ၇၄၄ မှု ရှိခဲ့ရာ တစ်နိုင်ငံလုံးမှာ သေဆုံးမှု အများဆုံးဖြစ်ပွားခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒုတိယ ယာဉ်တိုက်မှုအများဆုံးဖြစ်ခဲ့တဲ့ ဒေသကတော့ ပဲခူးတိုင်းဖြစ်ပြီး ၂၄၃၀ မှုဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

၂၀၁၈ ခုနှစ်အတွင်း အမြန်လမ်းမှာ ယာဉ်တိုက်မှုပေါင်း ၄၇၄ မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိမှု ၈၈၃ မှုနဲ့ သေဆုံးမှုမှာ ၁၀၄ မှု ဖြစ်ပွားခဲ့ပြီး ယခင် ၂၀၁၇ ခုနှစ်မှာ ယာဉ်တိုက်မှု ၅၅၅ မှု ဒဏ်ရာရရှိမှု ၈၆၃ မှုနဲ့ သေဆုံးမှုမှာ ၁၁၅ မှုဖြစ်ပွားခဲ့တာကြောင့် ၂၀၁၈ ခုနှစ်မှာ ဖြစ်ပွားမှု လျော့နည်းခဲ့ပါတယ်။

နေပြည်တော်နဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုအပါအဝင် တစ်နိုင်ငံလုံးမှာ ၂၀၁၈ ခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း ၁၇၄၅၂ မှု၊ ဒဏ်ရာရရှိမှု ၂၆၇၄၁ မှုနဲ့ သေဆုံးမှု ၅၁၈၄ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ယာဉ်တိုက်မှုပေါင်း ၁၈၁၇၁ မှု၊ ဒဏ်ရာရရှိမှု ၂၉၁၄၄ မှုနဲ့ သေဆုံးမှုမှာ ၅၂၅၀ မှုဖြစ်ပွားခဲ့တာကြောင့် ၂၀၁၈ ခုနှစ်မှာ ယာဉ်တိုက်မှုဖြစ်စဉ် အရေအတွက်လျော့နည်းခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က