Dog Bite Center တွေ ဖွင့်လှစ်သွားတော့မှာပါ။

မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရသူ အရေအတွက် တစ်စထက်တစ်စ များပြားနေပြီး ၂၀၁၈ ခုနှစ်အတွင်းမှာ ခွေးကိုက်ခံရသူ ၁ သိန်း ၉ သောင်း ကျော်ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကနေ သိရပါတယ်။

Photo -News 24



ဒါကြောင့် ခွေးကိုက်ခံရတဲ့ လူနာတွေကို စနစ်တကျ ကုသမှုတွေပေးနိုင်ဖို့ ခွေးကိုက်ခံရတဲ့ လူနာတွေကို ကုုသရေးဌာန (Dog Bite Center) တွေ ဖွင့်လှစ်သွားတော့မယ်လို့ ဆိုပါတယ်။

Dog Bite Center တွေကို ရန်ကုန်တိုင်းမှာတင်မကဘဲ မန္တလေးတိုင်းမှာပါ အမြန်ဆုံး စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး အခြားတိုင်းနဲ့ ပြည်နယ်တွေမှလည်း ထပ်မံ ဖွင့်လှစ်သွားမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဧပြီလ ၂၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ Dog Bite Center ဖွင့်လှစ်နိုင်ရေး အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

Photo - MHS (Dog Bite Center ဖွင့်လှစ်နိုင်ရေး အစည်းအဝေးကျင်းပနေစဉ်)

Dog Bite Center တွေ ဖွင့်လှစ်နိုင်ဖို့ မြန်မာနိုင်ငံ ရှိဆေးရုံတွေကို ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်ခဲ့ပြီး လိုအပ်တဲ့နေရာ၊ ဝန်ထမ်းအင်အား၊ ဆေးနဲ့ ဆေးပစ္စည်းကိရိယာတွေနဲ့ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိန်းသိမ်းထားဖို့ ရေခဲသေတ္တာတို့ကို အသင့်ပြင်ဆင်ကာ ဝန်ထမ်းတွေကိုလည်း မွမ်းမံသင်ကြားမှုတွေ ပြုလုပ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို ကြွက်သားထဲကို ထိုးနှံခြင်း (intramuscular) အစား ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားတဲ့ အကျိုးထိရောက်မှု တန်းတူဖြစ်ပြီး ဆေးဝါးကုန်ကျမှု ထက်ဝက်သက်သာသော အရေပြားထဲသို့ ထိုးနှံခြင်း (intradermal) ကို အသုံးပြုဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ခွေးရူးပြန်ရောဂါဆိုင်ရာ ဘက်စုံခြုံငုံသုံးသပ်တာတွေ ဆောင်ရွက်နေပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ခွေးရူးပြန်ရောဂါဆိုင်ရာ အကြံပေးအဖွဲ့ထံမှ အကြံဉာဏ်များကိုလည်း ရယူသွားမယ်လို့ ဆိုပါတယ်။ ဝန်ကြီးဌာနက နှစ်အလိုက် ခွေးရူးပြန်ရောဂါကာကွယ်ဆေး (anti rabies vaccine) နှင့် ခွေးရူးပြန်ရောဂါကုသမှု ပဋိပစ္စည်း (rabies immunoglobulin)တွေ ဝယ်ယူနေရာ (၂၀၁၈-၂၀၁၉) ခုနှစ် ဘဏ္ဍာနှစ်မှာ ကျပ်ငွေ (၅.၄) ဘီလီယံခန့် သုံးစွဲဝယ်ယူခဲ့တယ်လို့လည်း သိရပါတယ်။

Dog Bite Center တွေ ဖွင့်လှစ်တဲ့အခါ ပြည်သူတွေ ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူနိုင်ရန်အတွက် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာတွေကနေ အသိပေး ကြေညာရမည် ဖြစ်သလို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ဝေထားတဲ့ ခွေးရူးပြန်ရောဂါ ကာကွယ် နှိမ်နင်းရေးလမ်းညွှန်စာအုပ်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ (၂၀၁၈) ခုနှစ်တွင် ထုတ်ဝေခဲ့သော WHO technical report series မှ WHO expert consultation on Rabies နှင့် ကိုက်ညီပြီး ခေတ်နှင့် အညီဖြစ်စေရန်အတွက် အမြန်ဆုံးမွမ်းမံထုတ်ဝေသွားရမယ်လို့ အစည်းအဝေးမှာ ပြောကြားခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က