တစ်ယောက်သောသူကို ကျေးဇူးတင်ပါတယ်တဲ့။

မျက်နှာသစ် အနုပညာရှင်ဆုရ အုပ်စိုးခန့်။

အုပ်စိုးခန့်ကတော့ ၂၀၁၉ ခုနှစ်အတွက် မျက်နှာသစ်အဆိုတော် တစ်ဦးအဖြစ် Shwe FM က ချီးမြင့်တဲ့ ဆုကို ပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။



Shwe FM ရဲ့ ၁၀နှစ်ပြည့် ဂီတဆုချီးမြှင့်ပွဲမှာ ၂၀၁၉ ခုနှစ်အတွက် မျက်နှာသစ် အနုပညာရှင်ဆု ကိုတော့ အုပ်စိုးခန့်က ရရှိခဲ့ပါတယ်။ ဒီဆုကတော့ ချစ်နေပြီ သီချင်း နဲ့ရရှိခဲ့တာပါ။

‘’ ကျွန်တော် အမေ့ကိုပြောဖူးတယ်။ ဒီ စင်မြင့်ထက်မှာဆုရအောင် ကြိုးစားပေးမယ် ဆိုပြီးတော့ ပြောဖူးပါတယ်။ ကျွန်တော့် အဖေ ကိုရော၊ အမေ့ကိုရော၊ အစ်မကိုရော ကျေးဇူးတင်ပါတယ်။ကျွန်တော့် ဘေးက တစ်ယောက်သောသူကိုလည်းကျေးဇူးတင်ပါတယ် သူတို့က ကျွန်တော့်ကို အရမ်း ပံ့ပိုးပေးခဲ့ကြတဲ့ မိသားစုပါ။ သီချင်းတောင်းပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်’’

Shwe FM ၁၀နှစ်ပြည့် ဂီတဆုပေးပွဲကြီးကိုတော့ စက်တင်ဘာလ ၁၄ ရက်နေ့က ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲကို အနုပညာရှင်များစွာတို့ကလည်း တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပါတယ်။ ဘယ်အနုပညာရှင်တွေက ဘယ်လို ဆုတွေ ဆွတ်ခူးသွားမလဲ ဆိုတာကိုလည်း တစ်နိုင်ငံလုံးက ပရိသတ်တွေက စိတ်လှုပ်ရှားရင်း စောင့်မျှော်ကြည့်ရှုနေရတဲ့ ပွဲ တစ်ပွဲ ဆိုရင်လည်း မမှားပါဘူး။

အုပ်စိုးခန့်ကတော့ ၁၀ကျော်သက် လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး မိန်းကလေး ပရိသတ်တွေ ဝန်းရံမှု အများဆုံးပိုင်ဆိုင်ထားတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဂီတ နဲ့ ပတ်သက်ပြီး ရူးသွပ်လွန်းသူဖြစ်တာကြောင့် ''ချစ်နေပြီ'' ဆိုတဲ့ တစ်ကိုယ်တော် အခွေလည်း ထွက်ရှိခဲ့ပြီးသားဖြစ်ပါတယ်။ Shwe FM က ဆုချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ်အတွက် အောင်မြင်တဲ့ လူငယ်မျက်နှာသစ် အနုပညာရှင် ဆုကတော့ သူ့အတွက် ဂီတနဲ့ ပတ်သက်ပြီး ပထမဆုံး ရရှိတဲ့ ဆုလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က