တော်တော်လေးလွဲမှားခဲ့တဲ့ ကမ်းလှမ်းချက်ပါ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ မန်ချက်စတာစီးတီးအသင်းက ခေါ်ယူဖို့အတွက် ချိတ်ဆက်ခြင်းခံခဲ့ရတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ The Guardian ရဲ့ ဘောလုံးဆောင်းပါးရှင် ဒန်နီရယ်တေလာရဲ့ ရေးသားခဲ့မှုအရ မန်စီးတီး အသင်းဟာ မက်ဆီအတွက် ပေါင်သန်း (၃၀)နဲ့ ၂၀၀၈ ခုနှစ်အတွင်းက ကမ်းလှမ်းမှု ရှိခဲ့တယ်လို့ သိရပါတယ်။



Photo : Daily Mail

 

၂၀၀၈ ခုနှစ်အတွင်းမှာ မန်စီးတီးက လှုပ်ရှားခဲ့တာဖြစ်ပြီး အဆိုပါအဖြစ်အပျက်ဟာ (၁၀)နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဂွာဒီယိုလာ မန်စီးတီးနည်းပြ ဖြစ်လာချိန်မှာတော့ မက်ဆီ နဲ့ အီတီဟတ်တို့ရဲ့ ကောလဟလသတင်းတွေဟာ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့့်လည်း မက်ဆီက ဘာစီလိုနာက လွဲပြီး ဘယ်ဥရောကလပ်အသင်းမှာမှ မကစားဘူးလို့ ပြောဆိုခဲ့ပါတယ်။

လက်စတာစီးတီးလို ဖြစ်လာဖို့ တာစူနေတာလား ဝက်ဖို့ဒ် 

Photo : 90 min

 

မန်စီးတီးအသင်းရဲ့ CEO ဟောင်းတစ်ဦးဖြစ်တဲ့ ဂယ်ရီကွတ်ခ်ဟာ မက်ဆီကို ခေါ်ယူမှုမှာ အကြီးမားဆုံး အမှားအယွင်းကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကတော့ မက်ဆီအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း (၃၀)ဆိုတဲ့ ပမာဏနဲ့ ကမ်းလှမ်းခဲ့မှု ဖြစ်ပါတယ်။ မက်ဆီအတွက် ဘာစီလိုနာအသင်းဟာ အဘူဒါဘီကနေ ဖုန်းခေါ်ဆိုမှု လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

Photo : 90 min

 

ဘာစီလိုနာကတော့ မက်ဆီအတွက် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပြီး မန်စီးတီးကတော့ မက်ဆီအတွက် နှစ်စဉ်ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဒန်နီရယ်တေလာက ရေးသားခဲ့ပါတယ်။ ဂယ်ရီကွတ်ခ်ဟာလည်း မက်ဆီအတွက် အဆိုပါကမ်းလှမ်းမှုတွေကို ပြုလုပ်အပြီးမှာ အသင်းကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

Photo : 90 min

၂၀၀၉ ခုနှစ်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ချက်စတာယူနိုက်တက် ကစားသမား ရော်နယ်ဒိုကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၈၀)နဲ့ ခေါ်ယူခဲ့ပြီး ကမ္ဘာ့စံချိန်တင်ကြေးနဲ့ အပြောင်းအရွှေ့ဖြစ်ခဲ့ပါတယ်။ မန်စီးတီးအတွက်တော့ မက်ဆီကို ပေါင်သန်း (၃၀)နဲ့ ကမ်းလှမ်းခဲ့မှုဟာ ရယ်ပွဲဖွဲ့စရာ ဖြစ်ခဲ့ပြီး အကြီးမားဆုံးသော မှားယွင်းတဲ့ ကမ်းလှမ်းမှုဖြစ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က