Duwun က စုစည်းတင်ဆက်ပေးထားတာပါ။

၂၀၁၈ ခုနှစ် တစ်နှစ်တာမှာထူးထူးခြားခြားသတင်းတွေထဲကမှ လူတွေရဲ့စိတ်ဝင်စားမှုအခံရဆုံးသော သူတွေရဲ့အကြောင်းကို Duwun က စုစည်းတင်ဆက်ပေးထားပါတယ်

အောင်ရဲထွေး

၂၀၁၈ နှစ်သစ်ကူးည The One Entertainment မှာ လူတစ်စုရဲ့ဝိုင်းထိုးကြိတ်ကန်ကြောက်မှုကြောင့် သေဆုံးခဲ့တဲ့ သရုပ်ဆောင် အောင်ရဲထွေးရဲ့ အမှုက ၂၀၁၈ ခုနှစ် ဇန်နဝါရီလထဲမှာ လူစိတ်ဝင်စားမှုအများဆုံးသတင်းဖြစ်ခဲ့ပါတယ်။ လူမှုကွန်ရက်မှာ ပရိတ်သတ်အများအပြားရရှိထားတဲ့ သရုပ်ဆောင်တစ်ယောက် အဲဒီလို လူအများကြားမှာ ရိုက်နက်သတ်ဖြတ်ခံခဲ့ရတာကြောင့် လူမှုကွန်ရက်ပေါ်မှာ စိတ်မကောင်းကြောင်းပြောဆိုကြပါတယ်။ သေဆုံးသွားခဲ့ပြီဖြစ်ပေမယ့် သူ့ရဲ့အမှုကိုဆက်လက်စစ်ဆေးနေဆဲဖြစ်ပါတယ်။

Photo - အောင်ရဲထွေး Facebook

ဒုရဲမှူးဟောင်းမိုးရန်နိုင်

ဧပြီလ ၂၁ ရက်နေ့မှာတော့ ရိုတ်တာ သတင်းထောက်တွေကို ထောင်ချောက်ဆင်ဖမ်းဆီးဖို့ ရဲမှူးချုပ်တင်ကိုကို ကစေခိုင်းတယ်လို့ တရားရုံးမှာ အမှန်အတိုင်း ထွက်ဆိုခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင် မိသားစုဝင်တွေကို ဖိအားတွေပေးမှုတွေဖြစ်ခဲ့ပါတယ်။ ဒုရဲမှူးမိုးရန်နိုင်ပြောခဲ့တဲ့ “အမှန်တရားဖွင့်ပြောရတဲ့ အကြောင်းအရင်းက ရဲတပ်ဖွဲ့ဝင်မှာလည်းဘယ်အဆင့်အတန်းနဲ့ မဆို သူ့ဂုဏ်သိက္ခာနဲ့ရှိပါတယ်” ဆိုတဲ့စကားဟာ လူမှုကွန်ရက်အင်တာနက်သုံးစွဲသူတွေကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်။

ခီမောင်နှံ

ဇဏ်ခီနဲ့ ခရစ်စတီနားခီတို့ နှစ်ယောက်ဟာ မြန်မာ့ရုပ်ရှင်လောကကို 

လှုပ်ကိုင်လိုက်သူနှစ်ယောက်ပဲဖြစ်ပါတယ်။ နှစ်ဦးမြန်မာ့ရုပ်ရှင်လောကဟာ နှစ်နဲ့ချီပြီး အပ်ကြောင်းထပ်ဇာတ်လမ်းတွေ ဇာတ်ကွက်တွေနဲ့ မျောပါခဲ့ပြီး ရုပ်ရှင်လောကကို ဝေဖန်ခံနေရချိန်မှာ“ဥပါယ်တံမျဉ်”နဲ့ “မုဒြာခေါ်သံ” ဆိုတဲ့ ရုပ်ရှင် ၂ ကားနဲ့ မြန်မာ့ရုပ်ရှင်လောကတခေတ်ဆန်းသစ်အောင်ဆောင်ရွက်နိုင်ခဲ့သူတွေဖြစ်မှတ်တမ်းတင်ခဲ့ပါတယ်။ ပရိသတ်အခိုင်အမာရရှိခဲ့တဲ့ ခီမောင်နှံဟာ ဒီနှစ်အတွက် သတင်းတွေပေါ်မှာ စိတ်ဝင်စားမှုအများဆုံးခံခဲ့ရပါတယ်။

Photo - Cele Yatkwat

တောဝက်ဘောလုံးအသင်းသားတွေ

၂၀၁၈ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက ဘောလုံးလေ့ကျင့်အပြီး မယ်ဆိုင်မြို့အနီး ဂူအတွင်းဝင်ရောက်သွားတဲ့ တောဝက်ဘောလုံးအသင်းမှ လူငယ် ကစားသမား (၁၂)ဦးနဲ့ နည်းပြတစ်ဦး အပါအဝင် (၁၃)ဦးရဲ့သတင်းဟာ မြန်မာနိုင်ငံနဲ့ တစ်ကမ္ဘာလုံးက စိတ်အဝင်စားဆုံးသတင်းဖြစ်ခဲ့ပါတယ်။ နိုင်ငံတော်အဆင့် ကယ်ဆယ်ရေး သတ်မှတ်ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၂၀)ကျော်ရဲ့ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေ အကူအညီနဲ့ ကယ်ဆယ်ရေးကို ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ကြရပြီး ၁၈ ရက်အကြာမှာ အံ့အားသင့်ဖွယ် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပါတယ်။



Photo - The Nation

ီးဟန်ထူ

ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်းဖြစ်တဲ့ ဦးဟန်ထူးကတော့ ဆယ်စုနှစ်များစွာအတွင်းမှာ ပထမဆုံးသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံရတဲ့ တရားသူကြီးချုပ်ဖြစ်ပါတယ်။သူအပါအဝင် ၆ ယောက်ဟာ ဟာသသရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရမှုကို ကျပ်သိန်း ၇၂၀ နဲ့ အရက်ပုလင်းတွေ၊ ပါတိတ်ထမီတွေ လာဘ်ယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားလိုလုပ်ပြီး တရားဆွဲဆိုခြင်းခံခဲ့ရတဲ့သူဖြစ်ပါတယ်။

Photo - Yangon Regional Government



သီဟတင်စိုး

အိမ်ဖော် အမျိုးသမီး ကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုးဟာ သုဝဏ္ဏ နယ်မြေ စခန်းမှာ အမှုဖွင့်ခံလိုက်ရပါတယ်။ ဒီသတင်းဟာ အဲ့ဒီအချိန်မှာ လူစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့သလိုအမျိုးမျိုးဝေဖန်မှုတွေပေါ်ပေါက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သီဟတင်စိုးအပေါ် အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်က မုဒိမ်းမှုဖြင့် အရေးယူ ပေးဖို့ တိုင်တန်းတဲ့ အမှုဟာ မှန်ကန်မှုမှရှိဘူးဆိုပြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာတော့ အမှုက ပြီးပြတ်တာမရှိသေးပဲ တရားရုံးမှာ တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

Photo - Duwun

ဝလုံးနဲ့ ကျော်စိုးဦး

နိုင်ငံတော်လျို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁)(ဂ) နဲ့ တရားစွဲဆို ခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ယောက်ဖြစ်တဲ့ ဝလုံးနဲ့ ကျော်စိုးဦးတို့ရဲ့သတင်းဟာမြန်မာနိုင်မြောက်ပိုင်းခရိုင်တရားရုံးကနေစက်တင်ဘာ ၃ ရက်နေ့မှာ ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။ ဒီကိစ္စအပြီးမှာတော့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပြည်တွင်းသတင်းလွတ်လပ်ခွင့်တောင်းဆိုးသူတွေရဲ့ တောင်းဆိုမှုတွေအရှိန်တက်ခဲ့သလို နိုင်ငံခြားအစိုးရတွေကိုယ်တိုင် သူတို့ကို လွှတ်ပေးဖို့ တောင်းဆိုမှုတွေပြုလုပ်ခဲ့ပေမယ့် ခုချိန်ထိ အယူခံဝင်နေဆဲ အဆင့်သာရှိပါသေးတယ်။

Photo - Duwun

အာင်လအန်ဆန်း

MMA ဖိုက်တာ အောင်လအန်ဆန်းကတော့ အားကစားလောကမှာ ဒီနှစ်အတွက် အအောင်မြင်ဆုံးလူတစ်ယောက်ပဲဖြစ်ပါတယ်။အမိမြေဖွားညီအကိုမောင်နှမများရဲ့ချီးကြူးဂုဏ်ပြုမှုတွေသာမကနိုင်ငံခေါင်းဆောင်ကြီးများရဲ့လေးစားခြင်းကိုလည်းရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။အဆိုပါလေးစားဂုဏ်ပြုမှုတွေထဲကထူးထူးခြားခြားနဲ့ကြီးကြီးမားမားဂုဏ်ပြုမှုကြီးတစ်ခုကတော့ မြစ်ကြီးနားမြို့မှာ ရုပ်ထုစိုက်ထူနိုင်ခဲ့တဲ့ အထိအောင်မြင်ခဲ့သူပါ။

Photo - Duwun Sports

Share

Loading Next Article...
က္က