တစ်ယောက်ရဲ့အကြိုက်ကို တစ်ယောက်သိတယ်။

သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးဖြစ်တဲ့ စိုးမြတ်သူဇာရဲ့ အကြောင်းတွေကို သရုပ်ဆောင် မြတ်ကေသီအောင်က ပြောပြလာ ပါတယ်။ တစ်ယောက်ရဲ့ အကြိုက်ကိုလည်း တစ်ယောက်က သိတယ်လို့ ဆိုပါတယ်။

 

သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်သူဇာနဲ့ သရုပ်ဆောင် မြတ်ကေသီအောင်တို့ဟာ အရမ်းကို ချစ်ခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ သူတို့ဟာ အနုပညာလောကမှာလည်း အောင်မြင်ကြသူတွေပါ။ စိုးမြတ်သူဇာက ဘယ်လို သူငယ်ချင်းအမျိုးအစားထဲမှာ ပါမလဲ ဆိုတာကို Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' အစ်မရဲ့ စိတ်ကို အကုန်နားလည်နိုင်သလို သူ့ကိုလည်း အစ်မ အပြည့်အဝနားလည်နိုင်သူတစ်ယောက်ပါ။ ပြီးတော့ သူက ကိုယ့်ထက်တော် တယ်။ သူ့ကို သွားပြီး ဆရာလုပ်လို့ မရဘူး။ ဒါပေမယ့် တစ်ခါတလေ တချို့ ကိစ္စမျိုးတွေဆိုရင်တော့ ကိုယ့်ကို လာတိုင်ပင်တာပေါ့နော်။ တခြား ကိစ္စလေးတွေပါ အလုပ်ကိစ္စဆိုရင်တော့ သူကဆရာမကြီးပါ'' လို့ သူကဆိုပါတယ်။

 

မြတ်ကေသီအောင်နဲ့ စိုးမြတ်သူဇာတို့ဟာ အသက် ၁၈ နှစ်အရွယ်က စပြီး အနုပညာအလုပ်တွေ လုပ်ရင်းနဲ့ ခင်မင်ရင်းနှီး လာကြတယ်လို့ မြတ် ကေသီအောင် ကပြောပါတယ်။ စိုးမြတ်သူဇာကိုလည်း မွေးနေ့လက်ဆောင် မပေးဖြစ်သလို မြတ်ကေသီအောင် ကိုလည်း မွေးနေ့ လက် ဆောင် မပေးဖြစ်ဘူးလို့ စက်တင်ဘာလ ၃ ရက်နေ့က ရွှေတိဂုံစေတီတော်မှာ ပြုလုပ်ခဲ့တဲ့ စိုးမြတ်သူဇာရဲ့ မွေးနေ့ကို လာရင်း ဖြေဆိုခဲ့တာပါ။

'' သူနဲ့ သူငယ်ချင်းဖြစ်တာ ၁၈ နှစ်ကတည်းကဆိုတော့  အနှစ် ၃၀ လောက်ရှိပြီပေါ့နော်။ သူ့ကို မွေးနေ့ လက်ဆောင် တစ်နှစ်မှ မပေးဖြစ်ဘူး။ မွေးနေ့ လက်ဆောင် ပေးစရာမှ မလိုတာ သူငယ်ချင်းအရင်းခေါက်ခေါက်ကိုး။ သူကလည်း အစ်မကို တစ်နှစ်မှ မွေးနေ့ လက်ဆောင် မပေး ဖူးဘူး။ ဒါပေမယ့် ဘယ်သွားသွား ဘယ်လာလာ အထူးအဆန်းလေးတွေ တွေ့လို့ သူကြိုက်တတ်တာရှိရင် ကိုယ်ဝယ်လာပေးတယ်။ သူလည်း ကိုယ်ကြိုက်တတ်မယ် ထင်တဲ့ ပစ္စည်းလေးတွေဆို ပို့ပေးတယ်''လို့ ဆိုပါတယ်။

Photo: စိုးမြတ်သူဇာဖေ့စ်ဘွတ်

အမှားမလုပ်ဖူးတဲ့သူ မရှိပါဘူးလို့ ဆိုလိုက်တဲ့ မြတ်ကေသီအောင် 

မြတ်ကေသီအောင် ဟာ အခုလက်ရှိမှာတော့ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုဘဲ ဦးစားပေးဆောင်ရွက်နေတာကို တွေ့ရပါတယ်။ စိုးမြတ်သူဇာကတော့ လက်ရှိအချိန်ထိ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုင် ဆောင်ရွက်နေရ သူဖြစ်ပြီး အောင်မြင်မှုတွေလည်း အများကြီး ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

 

မြတ်ကေသီအောင် ဟာ  ကြည်လင်အေးမြတဲ့ မျက်နှာ လေးနဲ့ ပရိသတ်ရဲ့အချစ်တွေကို ရယူထားတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ စိတ်သဘောထား ပြည့်ဝသူ၊ ပွင့်လင်းသူဖြစ်တဲ့သူမဟာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမဲ့ အခုထိ ပရိသတ်အားပေးမှုကို ရရှိထား တုန်းပါပဲ။

 

Share

Loading Next Article...
က္က