iPhone 13 မိတ်ဆက်ပွဲမှာ ကြေညာသွားမယ့် Apple Watch သစ်ကို စစချင်း အလုံးရေ အကန့်အသတ်နဲ့ပဲ ရောင်းချသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

           Bloomberg ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ မာ့ခ်ဂါမန်းရဲ့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပြီး Watch Series 7 ကို iPhone 13 နဲ့အတူ မိတ်ဆက်ပွဲမှာ မြင်ရဖို့ ရှိပေမယ့် ထုတ်လုပ်ရေးပြဿနာတွေကြောင့် ဈေးကွက်ထဲ ‌ဖြန့်ချိဖို့ ကြန့်ကြာမှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ရှုပ်ထွေးတဲ့ ဒီဇိုင်းသစ်ကို သုံးတာကြောင့် ထုတ်လုပ်ရေးဘက်မှာ ကြန့်ကြာနှောင့်နှေးမှုတွေ ရှိတာလို့ ကနဦးက သတင်းတွေ ထွက်ခဲ့တာပါ။ မာ့ခ်ဂါမန်းရဲ့ သတင်းမှာတော့ Display သစ်ကို သုံးတာကြောင့် ထုတ်လုပ်ရေးခရီးမတွင် ဖြစ်ရတာလို့ ပြောထားပါတယ်။




Photo: Gizchina

           Apple ရဲ့ အသစ်ထွက်လာမယ့် စမတ်နာရီသစ်တွေဟာ အရင်မော်ဒယ်တွေထက် ၁၆% pixels ပါဝင်မှု ပိုများပြီး screenအရွယ်အစားလည်း ပိုကြီးလာမယ်လို့ ဆိုပါတယ်။ screen နဲ့ ဒီဇိုင်းပြောင်းလဲမှုအနေနဲ့ သိသာတဲ့အချက်က အရင်လို ၄၀ မီလီမီတာနဲ့ ၄၄ မီတာမော်ဒယ်တွေကနေ ၄၁ မီလီနဲ့ ၄၅ မီလီမီတာဗားရှင်းအဖြစ် ပြောင်းလဲ ထုတ်လုပ်လာဖို့ ရှိပါတယ်။ screen နည်းပညာ အဆင့်မြှင့်တင်ထားသလို ဘေးဘောင်တွေကိုလည်း iPhone 12 လိုမျိုး Flat-Edged ဒီဇိုင်းနဲ့ လာမယ်လို့ ဆိုပါတယ်။

           Health Sensor လုပ်ဆောင်ချက်သစ်တွေ ပါဝင်ဖို့ မရှိပေမယ့် Watch Series 7 မော်ဒယ်သစ်မှာ ပိုပြီး မြန်ဆန်တဲ့ processor နဲ့ ပိုသက်တမ်းခံတဲ့ ဘက်ထရီတွေ သုံးလာဖို့ ရှိပါတယ်။ လောလောဆယ် iPhone နဲ့ Apple Watch သစ်တွေ မိတ်ဆက်မယ့်ရက် Apple ဘက်က မကြေညာသေးပေမယ့် မာ့ခ်ဂါမန်းကတော့ စက်တင်ဘာလထဲမှာပဲ လုပ်ဆောင်သွားမယ်လို့ ယုံကြည်နေပါတယ်။

           အရင်က ကျင်းပခဲ့တဲ့ ရက်တွေအရ iPhone 13 နဲ့ Apple Watch Series 7 တွေ ကြေညာဖို့ ဖြစ်နိုင်ခြေအများဆုံးရက်ကတော့ လာမယ့် စက်တင်ဘာ ၁၄ ရက် အင်္ဂါနေ့ပါပဲ။

       


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က