ဧပြီလထဲမှာ သားဦးလေး မွေးတော့မယ့် နန်းမြတ်ဖြိုးသင်းအတွက် သူငယ်ချင်းတွေက Baby Shower ပွဲလေး လုပ်ပေးခဲ့တာပါ။ သူငယ်ချင်းတွေ လုပ်ပေးတဲ့ ပွဲလေးကြောင့် နန်းမြတ်တစ်ယောက် အရမ်းကို ပျော်ခဲ့ရပါတယ်။
Photo : Life Photography
သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ သူငယ်ချင်းတွေ လုပ်ပေးတဲ့ Baby Shower ပွဲလေးကြောင့် ပျော်လို့မဆုံး ဖြစ်ခဲ့ရပါတယ်။ သူငယ်ချင်းတွေဖြစ်ကြတဲ့ နန်းသူဇာတို့စုံတွဲ၊ Bobby Soxer တို့စုံတွဲနဲ့ ဒါရိုက်တာ ဝင်းလွင်ထက်တို့စုံတွဲက နန်းမြတ်အတွက် Baby Shower ပွဲလေးကို လုပ်ပေးခဲ့တာပါ။
“ဒီနေ့ Baby Shower လေး အရမ်းပျော်၊ အရမ်းလဲကျေနပ်တယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ ဓာတ်ပုံတွေ နောက်နေ့မှတင်မယ်နော်” ဆိုပြီး နန်းမြတ်ဖြိုးသင်းရဲ့ ဖေ့စ်ဘွတ်မှာ မတ်လ(၂၄) ရက်နေ့ကရေးသားထားပါတယ်။
Photo : Life Photography
ပွဲနေ့က ပုံလေးတွေကိုတော့ ဒီနေ့(မတ်လ၂၆ရက်)မှာ အဆိုတော် ကျော်ထွဋ်ဆွေရဲ့ ဖေ့စ်ဘွတ်မှာတင်ခဲ့တာ တွေ့ရပါတယ်။ ပျော်နေတဲ့သူငယ်ချင်းတစ်စုရဲ့ ပုံရိပ်လေးတွေကို ကြည့်ရတာ ကြည်နူးဖို့ ကောင်းလှပါတယ်။နန်းမြတ်ဖြိုးသင်းရဲ့ ကိုယ်ဝန်က အခုဆိုရင် တော်တော်ကို ရင့်နေပါပြီ။ ဧပြီလထဲမှာ သားဦးလေး မွေးဖွားတော့မှာ ဖြစ်ပါတယ်။
နန်းမြတ်ဖြိုးသင်းဟာ ပထမဆုံးရင်သွေးလေးက သားလေးဆိုတာကို သိရကတည်းက ဝမ်းသာပျော်ရွှင်နေတာကို တွေ့ရပါတယ်။ အဲဒီနောက် မိသားစုဝင်တွေကလည်း ဝမ်းသာပျော်ရွှင်ခဲ့ကြပါသေးတယ်။
Photo : Life Photography
နန်းမြတ်ဖြိုးသင်းကို တီဗီကြော်ငြာ၊ မဂ္ဂဇင်းကာဗာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲ့ဒီနောက် ဖေ့စ်ဘွတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးကနေ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ နန်းသူဇာနဲ့လည်း ‘’Friend’’ ဆိိုတဲ့ တေးစီးရီးအခွေလည်း ထွက်ရှိထားပါသေးတယ်။
ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ဟာ နိုဝင်ဘာလ ၂၆ ရက်နေ့ မှာပဲ မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ခဲ့သွားခဲ့ပါပြီ။