သူငယ်ချင်းတွေက စားရတော့မှာလားလို့ မေးနေကြပါပြီ။

Single တစ်ယောက်အဖြစ် အချိန်အကြာကြီးနေလာတဲ့ ခင်လေးနွယ်ကတော့ အခုဆိုရင် ချစ်သူရှိနေပါပြီတဲ့။ ဒါပေမယ့်လည်း တစ်သက်လုံးလက်တွဲဖို့အတွက် စဉ်းစားနေတုန်းပဲလို့ ဆိုပါတယ်။

Photo; Khin Lay Nwe



ခင်လေးနွယ်က လက်ရှိမှာ ချစ်သူရှိနေပြီလို့ သိရပါတယ်။ သူငယ်ချင်းတွေကလည်း စားရဖို့နီးပြီလားလို့ စနောက်ကြလေ့ရှိတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အစ်မက အရင်တုန်းကလို ရည်းစားထားခဲ့ဖူးတာတွေ မရှိဘူး အခုထားတယ်ဆိုတော့ ထူးခြားပြီပေါ့။ သူတို့ကလည်း သေချာပြီ ထူးခြားပြီဆိုပြီးတော့ အပိုင်တွက်နေကြတာ’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၆ ရက်နေ့ညက ဘာလာလာ ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

photo: Aung Ko

အဲဒီနောက် တစ်ကိုယ်တည်းအပျိုကြီးဘဝကို ခံယူထားတဲ့ ခင်လေးနွယ်က အခုချိန်မှာ ချစ်သူထားနေပြီဖြစ်တဲ့အတွက် အချစ်ရေးအပေါ် သူမရဲ့ ခံယူချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

‘’ဒီအသက်အရွယ်မှာ ရည်းစားကတော့ရှိမှာပေါ့နော်။ အဲဒါကိုမှ ကိုယ်က တစ်သက်လုံး လက်တွဲသွားဖို့ ဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလား ဆိုတာတော့ သေချာစဉ်းစားရမှာပေါ့။ ဒီအရွယ်မှာက အချစ်တစ်ခုတည်းကိုပဲဦးစားပေးရမယ့် အရွယ်တော့ မဟုတ်တော့ဘူးပေါ့နော်။ စဉ်းစားတတ်တဲ့အရွယ်ထဲကို အများကြီးရောက်သွားတာပေါ့။ ကောင်းတာထက် ဖြစ်လာမယ့် ဆိုးကျိုးတွေကို တော်တော်များများစဉ်းစားမိတယ်။ ဘာမှသိပ်မစဉ်းစားပဲနေရင်တော့ ယူဖြစ်တာကြာပြီ။ စဉ်းစားတာ သိပ်များတဲ့အခါကျတော့ အခုလိုဖြစ်သွားတာပေါ့’’ လို့ သူကဆိုပါတယ်။

Photo; Khin Lay Nwe

ခင်လေးနွယ်ဟာ ချစ်သူရှိပေမယ့်လည်း အိမ်ထောင်ဘက်တစ်ယောက်အထိ ဖြစ်လာဖို့ သေချာ စဉ်းစားရဦးမယ်လို့ ဆိုပါတယ်။

‘’ အပျိုကြီးတစ်ယောက်ရဲ့ အားသာချက်က ကိုယ့်ဘာသာကိုယ် စဉ်းစားဆုံးဖြတ်လို့ရတယ်။ အသက်ကြီးလာရင်တော့ အထီးကျန်တယ်လို့တော့ ပြောကြပါတယ်။ ဒါပေမယ့်လည်း အထီးကျန်တာက ခဏပါ။ ဘဝကို ရင်ဆိုင်ဖြတ်သန်းပြီးတော့ သွားရမယ့်ဟာတွေက အများကြီးပဲ။ ကိုယ်က ဒီအချိန်အထိ တစ်ယောက်တည်းနေလာတော့ အတ္တကြီးတယ်။ ကိုယ်ဖြစ်ချင်တာတွေများတယ်။ ကိုယ့်ကိုယ်ရော စိတ်ရှည်နိုင်မလားဆိုတာ စဉ်းစားမိတာပေါ့’’လို့ ဆက်လက်ပြောပြလာပါတယ်။

Photo; Khin Lay Nwe

စီးပွားရေးဘက် ဦးစားပေး လုပ်ဖြစ်နေတဲ့ သူမက ဒီဇိုင်သင်တန်းလည်း တက်နေပါတယ်။ ခင်လေးနွယ်ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှု သိပ်မရှိတော့ပါဘူး။ ပွဲလေးတွေလောက်ပဲ တက်ဖြစ်နေတဲ့ သူမက သူငယ်ချင်းတွေနဲ့ပေါင်းပြီး ဖက်ရှင်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လို့ သိရပါတယ်။ ဖက်ရှင်ဆိုင်နာမည်ကတော့ KAY Fashion & Fabric House ဖြစ်ပါတယ်။ ခင်လေးနွယ်က အခုအချိန်ထိ ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က