လူကောင်းတစ်ယောက်လို ပြန်သက်သာလာပါပြီ။

ဖွေးဖွေးတစ်ယောက် ကားအက်ဆီးဒင့်ဖြစ်တုန်းက ရထားတဲ့ဒဏ်ရာ သက်သာလို့လာပါပြီ။ သူငယ်ချင်းတွေနဲ့လည်း အပြင်လျှောက်သွားပြီး ပျော်နေတာပါ။

Photo : ဖွေးဖွေး



ဖွေးဖွေးကတော့ ကားအက်ဆီးဒင့် ဖြစ်တုန်းက ခွဲစိတ်ထားရထားတဲ့ ဒဏ်ရာတွေ ပြန်ပြီး သက်သာလာပြီဖြစ်လို့ ပျော်နေတာပါ။ လက်ကို သိုင်းထားတဲ့ ကြိုးသိုင်းလည်း ဖြုတ်လို့ရသွားပြီဖြစ်သလို လက်အတင်အချလည်း လုပ်လို့ရသွားပါပြီ။ နေပြန်ကောင်းလာတဲ့ ဖွေးဖွေးကတော့ သူငယ်ချင်းတွေနဲ့ အပြင်တွေ လျှောက်သွားပြီး ပျော်လို့နေပါတယ်။ သူငယ်ချင်းတွေနဲ့အတူ အပြင်ထွက်တုန်းက ပုံလေးတွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၃၀) ရက်နေ့က တင်ထားတာတွေ့ရပါတယ်။

Photo : ဖွေးဖွေး

သူမဒဏ်ရာတွေ သက်သာလာပြီဖြစ်လို့ ပရိသတ်တွေလည်း အရမ်းကို ဝမ်းသာနေကြတာပါ။ပရိသတ်တွေကလည်း ဖွေးဖွေးကို အရမ်းလွမ်းနေကြပါပြီ။ သူမကို ပုံလေးတွေ အမြဲတင်ပေးဖို့ တောင်းဆိုထားတာတွေလည်း တွေ့ရပါတယ်။ ဖွေးဖွေးက ကားအက်ဆီးဒင့် ဒဏ်ရာကြောင့် ရိုက်ကူးရေးတွေ နားထားပေမဲ့လည်း ပွဲလေးတွေတော့ တက်ဖြစ်နေတာတွေ့ရပါတယ်။

Photo : ဖွေးဖွေး

 ဖွေးဖွေးဟာ ဂီတကိုဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူပါ။ သူမကိုတော့တီဗီကြော်ငြာတွေကနေတဆင့်လူသိများခဲ့ကြတာဖြစ်ပါတယ်။ သူများနဲ့ မတူတဲ့ ဖက်ရှင်အပြင်အဆင်တွေကြောင့်လည်း ပိုသတိ ထားမိစေခဲ့ပါတယ်။

ဖွေဖွေးက ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ ဖွေးဖွေးဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က